Friday, May 21, 2010
လောက်တစ်ကောင်တော့ စန့် သွားပြီ
ပလက်ဝ မြိတ်ဝ စခန်းတွင် သတ်ဖြတ်ခံရသူ ဗိုလ်ကြီး ထက်အောင်ထွန်းမှာ ကျောက်ဖြူမှ ဖြစ်ကြောင်းသိရ 5/20/2010
မေလ ၁၇ ရက်နေ့က ပလက်ဝမြို့နယ် မြိတ်ဝစခန်းမှ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်သို့ လက်နက်ချသွားသူ စစ်သား ၆ ဦး၏ ပစ်သတ်ခြင်းခံရသူမှာ ရခိုင်အမျိုးသား ဖြစ်ပြီး ကျောက်ဖြူဇာတိ ဖြစ်ကြောင်း သိရသည်။
မေ ၂၀ ထုတ် နအဖ စစ်အစိုးရပိုင် ကြေးမုံ သတင်းစာ နာရေး သတင်း တပုဒ်အရ ဗိုလ်ကြီး ထက်အောင်ထွန်း (အသက် ၂၈ )နှစ်မှာ ကျောက်ဖြူမြို့ ကမ်းနားလမ်းနေ ဦးထွန်းရွှေ (ပါစီစတိုး) ဒေါ်ဖြူဖြူဌေး (အလပြငြိမ်း) တို့၏ သားဖြစ်ကြောင်း သိရသည်။
ဗိုလ်ကြီးထက်အောင်ထွန်းမှာ ကြည်း ၃၅၇၆၅ ဖြစ်ပြီး DSA ၄၅ ကျောင်းဆင်း ဖြစ်ကြောင်းနှင့် မေလ ၁၇ ရက်နေ့ နေ့လည် ၁ နာရီ ခွဲတွင် ကွယ်လွန် သွားကြောင်း ဖေါ်ပြသည်။
သတင်းစာတွင် သေဆုံးနေရာနှင့် သေဆုံးသွားပုံကို ဖေါ်ပြမထားသော်လည်း ပလက်ဝ မြိတ်ဝ စခန်းတွင် စစ်သား ၆ ဦး၏ ပစ်သတ်ခြင်း ကို ခံရသူ ဗိုလ်ကြီးထက်အောင်ထွန်းမှာ သူပင် ဖြစ်ကြောင်း ကျောက်ဖြူ ဒေသခံ တဦးက ပြောသည်။
ထွက်ပြေးလာသူ စစ်သားများကို ကိုးကားပြီး ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ သတင်းနှင့် ပြန်ကြားရေးဌာန ထုတ်ပြန်ချက်တွင် ဗိုလ်ကြီး ထက်အောင်ထွန်း၏ နိုင်ထက်စီးနှင်းလုပ်မူများကို မခံနိုင်၍ အဆိုပါ စစ်သား ၆ ဦးမှ သူ့အား ပစ်သတ်ပြီး လက်နက်မျိုးစုံကို ယူဆောင်ကာ ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်သို့ လက်နက်ချ ပူးပေါင်း လာကြောင်း ဖေါ်ပြသည်။
ဗိုလ်ကြီးထက်အောင်ထွန်းအား သတ်ဖြတ်ပြီး ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်သို့ လက်နက်ချက် အလင်းဝင်လာသူများမှာ တပ်ကြပ် သန်းအေး ( ၃၆ နှစ်) ၊ ဒုတပ်ကြပ် မိုးအောင် (၂၇ နှစ်) ၊ဒုတပ်ကြပ် ဇော်ဇော်ဟန် ( ၂၅ နှစ်)၊ ဒုတပ်ကြပ် မောင်မောင်နိုင် ( ၂၆ နှစ်)၊ တပ်သား ဇော်မင်းဦး ( ၂၅ နှစ်) နှင့် တပ်သား စန်းဝင်း ( ၂၇ နှစ်) တို့ ဖြစ်ကြသည်။
အဆိုပါ စစ်သားများမှာ စစ်တွေမြို့နယ် ရေချမ်းပြင် အခြေစိုက် ခလရ ၂၃၂ မှ ဖြစ်ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ် မြိတ်ဝ ရှေ့တန်း စခန်းတွင် တာဝန်ကျနေစဉ် ဗိုလ်ကြီး ထက်အောင်ထွန်းအား သတ်ဖြတ်ပြီး ရခိုင် ပြည်လွှတ်မြောက်ရေး တပ်မတော်ထံတွင် လက်နက်ချ ပူးပေါင်း သွားခြင်း ဖြစ်သည်။
သူတို့ ယူဆောင်လာသော လက်နက်များမှာ အမ်းအေ (၁၁) လက်နက် ၅ လက်၊ အမ်းအေ (၁၂) ၁ လက်နက်၊ အမ်းအေ (၃) လက်နက် ၂ လက်၊ အမ်းအေ ၇၉ မော်တာ ၁ လက်နှင့် မော်တာ အသီး ၁၉လုံး၊ ဘီ ၁၀၀ ကွန်မဒို စိန်ပြောင်း ၁လက်နှင့် အသီး ၁၂ လုံး၊ ၉ မမ ပစ္စတို တလက်နှင့် ဘောက် ၂ချပ် ကျည်ဆံ ၁၄ တောင့်၊ လက်ပစ်ဗုံး ၆ လုံး၊ နှင်းမိုင်း (အမ်း ၁၆) ၆လုံး၊ အီကွေမင်း ၁၀ စုံ၊ ကျော့ပိုးအိတ် ၆ လုံး၊ ဆက်သွယ်ရေး စက်ကြီး ၁ လုံးနှင့် ကျည်အမျိုးအစား ၁၃၀၈ တောင့်တို့ ဖြစ်သည်။
http://www.narinjara.com/detailsbur.asp?id=2504

Saturday, May 15, 2010
Saturday, May 8, 2010
ယုတ်မာပက်စက်သော ဆရာဝန် ဒေါ်ဆင့်ဆင့်သီ
တွံတေး အန်အယ်ဒီ ၂ ဦး ထောင်ဒဏ်ချမှတ်
ကျော်ခ
သောကြာနေ့၊ မေလ 07 ရက် 2010 ခုနှစ်
တွံတေးမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုဇော်မင်းထွန်းနှင့် စည်းရုံးရေးကော်မတီဝင် မစန္ဒာတို့ကို တရားရုံးက ထောင်ဒဏ် တနှစ်နှင့် တနှစ်ခွဲစီ ချမှတ်လိုက်သည်။
မြို့နယ်ဆေးရုံ လက်ထောက် ဆရာဝန် ဒေါ်ဆင့်ဆင့်သီက တရားလိုလုပ်သော အမှုတွင် မြို့နယ်တရားရုံး အထူးအာဏာရ (၁) တရားသူကြီး ဦးအေးကိုကိုက ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ ဖြင့် ကိုဇော်မင်းထွန်းကို ထောင်ဒဏ် တနှစ်နှင့် မစန္ဒာကို ဝတ္တရားနှောင့်ယှက်မှုအပြင် ခြိမ်းခြောက်ပြောဆိုမှု ပုဒ်မ ၅ဝ၆ ဖြင့် ထောင်ဒဏ် ၆ လ ပေါင်းပြီး ထောင်ဒဏ် တနှစ်ခွဲ ချမှတ်လိုက်သည်။
၂ဝဝ၉ ခုနှစ် နိုဝင်ဘာလအတွင်းက တရားခံများက အရေးပေါ်လူနာတဦးကို ဆေးရုံသို့ ပို့ဆောင်ရင်း ဝန်ထမ်းများကို အော်ဟစ်မိရာက တိုင်ကြားခံရမှု ဖြစ်သည်။
“သူတို့ ၂ ယောက်လုံးက စေတနာနဲ့ အသည်းအသန်ဖြစ်နေတဲ့ လူနာကို ဖြစ်ဖြစ်ချင်း ဆရာဝန်တွေက ဆေးမကုပေးလို့ ဒေါနဲ့မောနဲ့ သွားပြောလိုက်တာကို ဝတ္တရား နှောင့်ယှက်မှုနဲ့ တိုင်ထားတာ။ ဖြစ်တာကတော့ ကြာပြီ။ ဒီနေ့ကျမှ အမိန့်ချပြီး ထောင်ချလိုက်တယ်ခင်ဗျ” ဟု ထောင်ဒဏ်ကျခံရသူများ၏ မိတ်ဆွေတဦးက ပြောသည်။
မစန္ဒာမှာ ရဲဝန်ထမ်းတဦးအား ပါးရိုက်နှက်ခဲ့မှုဖြင့် ယခင်နှစ်အတွင်းက ထောင်ဒဏ် ၁၃ လကျခံခဲ့ဖူးသည်။
အန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက အာဏာပိုင်များက အတိုက်အခံပါတီဝင်များကို တစိုက်မတ်မတ် ဖိနှိပ်ဖိအားပေးမှု လုပ်ဆောင်နေခဲ့သည်ဟု ပြောသည်။
"အဓိကကတော့ ဒီအစိုးရက အန်အယ်ဒီကို အားလျော့အောင်၊ ချိနဲ့အောင် လုပ်တာ။ ဒီလိုအမှုဆင် လုပ်ရပ်တွေဟာ။ တွံတေးတနေရာထဲတော့ မဟုတ်ဘူးဗျ။ သူတို့ဒီလိုမျိုးတွေ လုပ်နေတာကို ကျနော်တို့ တောက်လျှောက်ခံခဲ့ရတာပဲ။ အန်အယ်ဒီ ပျောက်ပျက်ရေးထက် အန်အယ်ဒီဟာ သူတို့တပည့်ဖြစ်ရေးဟာ သူတို့အတွက် နံပါတ်တစ် အချက်ပဲ” ဟု ဦးဥာဏ်ဝင်းက ပြောသည်။
ယခင်နှစ် စက်တင်ဘာလတွင်းက တွံတေးမြို့နယ် အန်အယ်ဒီ လူငယ် တာဝန်ခံ (၁) ကိုရဲထွဋ်ခေါင်မှာ ချဲထီလောင်းကစားမှုကြောင့် ထောင်ဒဏ် ၃ နှစ် ချခံရသည်။
သတင်း - မဇ္ဈိမသတင်းဌာန

ကြည့်တယ် မြင်တယ် ဖော်ထုတ်မယ်..
စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့မှ ပေးပို့လာတဲ့စာ....
ရန်ကုန်မြို့မှာ မနေ့က စ၍လုံခြုံရေးများ အထူးတင်းကြပ်လျှက်ရှိကြောင်း ပြည်တွင်းမှ စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့ဆိုတဲ့ အမည်နဲ့ အီးမေးလ်ကနေ ဆက်သွယ် ပေးပို့လာတာကို ဖော်ပြလိုက်ပါတယ်။
မနေ့က စပြီးရန်ကုန်မြို့ပေါ်မှာ လုံထိန်းကားများ တစ်မြို့လုံး လှည့်ပတ်နေတယ်။ လုံထိန်းကားတွေ ည(၁)နာရီအထိ ကင်းလှည့်လျှက် ရှိနေတယ်။ စစ်သားတွေကို ကြံ့ခိုင်ရေးရုံးတွေမှာ လုံခြုံရေးချထားတယ်။ အရင်က ကြံခိုင်ရေးရုံးချုပ်မှာပဲ ရဲတွေကိုပဲ လုံခြုံရေးချထားတာ။ အခုရဲတွေကို မထားတော့ပဲ ယူနီဖောင်းအပြည့် လက်နက်အပြည့်နဲ့ အနည်းဆုံး စစ်သား၃ယောက်ကနေ ၅ယောက်အထိ ကြံခိုင်ရေးရုံးချုပ်မှာတင် မကပဲ ကြံခိုင်ရေးမြို့နယ်ရုံးတွေအထိ လုံခြုံရေးချထားတယ်။ နောက်ရန်ကုန်မြို့နေရာအနှံအပြားနဲ့ ကားမှတ်တိုင်တွေ မှာလုံခြုရေးတွေ အပြည့်ချထားတာကို တွေ့ရပါတယ်။ ရန်ကုန်မြို့နေလူထုမှာ ယခုကဲ့သို့ လုံခြုံရေးများ ထူထပ်စွာ ချထားမှု အပေါ်စိုးရိမ်မှုတွေ ဖြစ်ပေါ်လျှက်ရှိကြောင်း သတင်းပေးပို့လာပါတယ်။
စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့ ကိုပြည်တွင်းမှ မျိုးချစ် တက်ကြွ လူငယ်များဖြင့် ဖွဲ့စည်း ထားကြောင်း စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်သွားမှာ ဖြစ်ကြောင်း၊ ၂၀၁၀စစ်အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲကို အနီးကပ်စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း ဖော်ပြပါရှိပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဂျပန်နိုင်ငံမှာ ဂျပန်အစိုးရရဲ့ ပညာတော်သင် စားရိတ်ဖြင့် တိုကျိုမြို့ Shinagawa မြို့နယ်ရှိ Kaiyo တက္ကသိုလ်မှာ ၂၀၀၅ခုနှစ်ကတည်းက လာရောက် ပညာသင်ကြားနေတဲ့ ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ သမီးဖြစ်သူ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဋ္ဌာန တွင် လုပ်ကိုင်နေသူရဲ့ သတင်းအသေးစိတ် ကိုလည်း အမည်နှင့်တကွ ရေးသား ပေးပို့လာပါတယ်။ ယင်းအဖွဲ့မှ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေတဲ့ စစ်အာဏာရှင်များရဲ့ သားသမီးများကို ဆက်လက် စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ စစ်အာဏာရှင်များရဲ့ သားသမီးတွေလည်း ရှိကြောင်း အမည်နှင့်တကွ မေးလ်ကနေ ပေးပို့လာပါတယ်။
http://www.demowaiyan.co.cc/2010/05/blog-post_9905.html

မုဒိမ်းသမား ခမရ ၂၃၂ က ဒုဗိုလ် ဘိုအောင်

ပလက်ဝမြို့နယ်တွင် ရခိုင်အမျိုးသမီး တဦးကို စစ်တပ်က မုဒိမ်းကျင့်
5/7/2010
ပလက်ဝ မြို့နယ်မှ အသက် ၁၈ အရွယ် ရခိုင်အမျိုးသမီး တဦးကို စစ်တွေမြို့နယ် ပါဒလိပ် ကျေးရွာ အခြေစိုက် ခမရ ၂၃၂ မှ ဗိုလ် တဦးက မုဒိမ်းကျင့်ခဲ့ကြောင့် ဗမာပြည် လွှတ်မြောက်ရေး ရိန်းဂျားအဖွဲ့၏ သတင်း တပုဒ်အရ သိရသည်။
မုဒိမ်းကျင့်ခံရသော အမျိုးသမီး၏ အမည်အား သူမ၏ လုံခြုံရေးအတွက် ဖေါ်ပြ မထားသော်လည်း သူမအား မုဒိမ်းကျင့်သူမှာ ခမရ ၂၃၂ မှ ဒုဗိုလ် ဘိုအောင် ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ဧပြီလ ၈ ရက်နေ့က ပလက်ဝမြို့နယ် အတွင်းရှိ ရခိုင်ကျေးရွာ တစ်ရွာတွင် ဖြစ်ပွားခဲ့သည်ဟု အဆိုပါ သတင်းက ဆိုသည်။
ဖြစ်စဉ် အသေးစိတ်ကို ဖေါ်ပြရာတွင် အဆိုပါ ရခိုင်အမျိုးသမီးငယ်သည် တခြား အဖေါ်နှစ်ဦးနှင့် အတူ ဟင်းသီး ဟင်းရွက် ရှာဖွေရန် သွားစဉ် ဘိုအောင်နှင့် စစ်သား နှစ်ဦးတို့ နောက်မှ လိုက်လာသည်ကို သိရှိပြီးနောက် ရှောင်ရှားရန် ကြိုးစားစဉ် ဘိုအောင်နှင့် စစ်သားများမှ သူတို့ကို ရပ်တန့်ခိုင်းခဲ့ကြောင်း၊ သို့သော်လည်း အမျိုးသမီးများက စစ်သားများကို ကြောက်သဖြင့် မရပ်တန့်ဘဲ ဆက်လက် လျှောက်သွားရာ စစ်သား တဦးမှ နောက်မှ အပြေးလိုက်လာပြီး သေနတ်နှင့် ချိန်ရွယ်ကာ ရပ်တန့်ခိုင်းခဲ့ကြောင်း၊ ထိုအထဲမှ အမျိုးသမီး နှစ်ဦးမှာ လွှတ်မြောက်သွားသော်လည်း အသက် ၁၈ နှစ်အရွယ် အမျိုးသမီးမှာ မလွတ်မြောက်နိုင်ဘဲ အသာရမက် ငမ်းငမ်းတက်နေသော နအဖ စစ်သားများ၏ လက်တွင်းသို့ ကျရောက် သွားခဲ့ရကြောင်း ဖေါ်ပြသည်။
ယခုကဲ့သို့ နအဖ စစ်သားများ၏ ဗလက်ကာယ ပြုကျင့်မူကို အဆိုပါ ထွက်ပြေး လွှတ်မြောက် သွားသော အမျိုးသမီး နှစ်ဦးမှ ကျေးရွာ ဥက္ကဌသို့ တိုင်ကြားခဲ့ကြောင်း၊ ကျေးရွာ ဥက္ကဌမှာလည်း အဆိုပါ မုဒိမ်းမူအား စစ်တပ် အထက် အရာရှိများသို့ မတိုင်ကြားဝံ့သဖြင့် ရွာဘုန်းတော်ကြီး ကျောင်းမှ ဆရာတော်အား အကြောင်းကြားခဲ့ကြောင်း၊ ၎င်းနောက်ပိုင်းတွင် ဆရာတော်က အဆိုပါ တပ်ဖွဲ့မှ ဗိုလ်မှူး အောင်ဆွေအားတိုင်ကြားခဲ့ကြောင်း၊ ဗိုလ်မှူး အောင်ဆွေမှ အဆိုပါ ပြဿနာအား ဖြေရှင်းပြီး သက်ဆိုင်သူ ဘိုအောင်ကို အရေးယူပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ယခုအချိန်ထိ တစုံတရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း ဖေါ်ပြသည်။
ဒုဗိုလ် ဘိုအောင်မှာ မကြာခဏ ကျေးရွာသားများထံမှ ဆက်ကြေးငွေ တောင်းခံလေ့ရှိပြီး မပေးနိုင်သူ ကျေးရွာသားများကို အမြဲတန်း နှိပ်စက် ညှဉ်းပမ်းမူများ ပြုလုပ်သူ ဖြစ်သည်ဟု သိရသည်။
ဒုဗိုလ် ဘိုအောင်သည် ဧပြီလ ၇ နေ့ကလည်း သူတောင်းသော ကြက်ကို မပေးနိုင်သူ ကျေးရွာသား တဦးကို သတိမေ့သွားအောင်ထိ အပြင်း အထန်ရိုက်ပုတ်ပြီး သေနတ်နှင့် ပစ်ခတ်ကြောင်း၊ သေနတ် မပေါက်သဖြင့် နောက်ထပ် ပစ္စတိုနှင့် ပစ်ခတ်ရန် ပြုလုပ်စဉ် ရွာသား တဦးကြက်ဖြင့် ရောက်လာသဖြင့် ဘိုအောင်မှ ကြက်ကို ယူပြီး ထိုနေရာမှ ထွက်ခွာ သွားကြောင်း အဆိုပါ သတင်းတွင် ဖေါ်ပြသည်။
၎င်းပြင် ခမရ ၂၃၂ သည် အဆိုပါ ဒေသတွင် ယခုအခါ နှင်းမိုင်းများကိုလည်း ကျယ်ကျယ် ပြန့်ပြန့်ထောင်နေသည်ဟု သိရသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရခိုင်ကျေးရွာများ အများအပြား တည်ရှိရာ ရခိုင် အမျိုးသမီးများ အနေဖြင့် ရှေ့တန်းထိုင် နအဖ စစ်သားများ၏ အနှောင့်အယှက် လုပ်မူကို မကြာခဏ ခံနေကြပြီး လွန်ခဲ့သောနှစ် အနည်းငယ်ကလည်း ရခိုင်အမျိုးသမီး တဦးမှာ နအဖ စစ်သားများ၏ အုပ်စုလိုက် မုဒိမ်းကျင့်မူကို ခံရပြီး သေဆုံးသွားခဲ့သည်။
န၀တ စစ်အစိုးရ အာဏာ သိမ်းပြီးနောက်ပိုင်း ၁၉၉၀ ပတ်ဝန်းကျင်တွင် အဆိုပါ ပလက်ဝမြို့နယ် အတွင်းရှိ ရခိုင်ကျေးရွာများတွင် ဗမာ စစ်သားများက မီးပုံပွဲများ ပြုလုပ်၍ အရက်များ သောက်ကာ လင်ရှိ - လင်မရှိ အမျိုးသမီးများကို အတင်း ခေါ်ယူပြီး ညစဉ် ညတိုင်း မီးပုံပွဲ လုပ်ကာ စစ်သားများနှင့် ကခိုင်း သဖြင့် အနည်းဆုံး ရခိုင်ကျေးရွာ (၅) ရွာမှာ ပြိုပျက်သွားပြီး အိန္ဒိယ ဘက်သို့ ထွက်ပြေးခဲ့ကြသည်။
ထိုကျေးရွာများမှာ ပုန်းညင်းဝ၊ စတင်ဝ၊ ပကာဝ၊ ငွေလက်ဝ စသည့် ရခိုင်ကျေးရွာ ၄ ရွာနှင့် တခြား ကျေးရွာ တရွာမှာ လောင်းကတူး မြုံကျေးရွာ ဖြစ်သည်။
ထိုစဉ်က ပုန်းညင်းဝရွာတွင် နေထိုင်ခဲ့သူ ကိုရဲလင်းအောင်က စစ်သားများ နိုင်ထက် စီးနှင်း ပြုလုပ်မူကို ယခုကဲ့သို့ ပြန်ပြောသည်။
“အဲဒီတုန်းက ကျွန်တော် အသက်ဟာ ၁၄ နှစ်ရှိပါတယ်။ ကျွန်တော်တို့ မိသားစုက အဲဒီတုန်းက အိန္ဒိယနဲ့ မြန်မာ နယ်စပ် ပုန်းညင်းဝ နေပါတယ်။ ကျွန်တော် အထက်က အသက် ၁၇ အရွယ် အစ်မ တဦးရှိပါတယ်။ ရွာသားတွေဟာ စစ်သားတွေ လာတော့မယ်ဆိုရင် ထင်းတွေ စုပုံ ထားရပါတယ်။ တအိမ်ထောင်က အရက် ၂ ပုလင်းနဲ့ ကြက်တကောင်စီ စုထားရပါတယ်။ အဲဒါတွေအားလုံးဟာ စစ်သားတွေ လာတဲ့အခါ သူတို့ ပျော်ပါးဖို့ စီစဉ်ပေးထားရတာ ဖြစ်ပါတယ်။ သူတို့လာတော့မယ် ဆိုရင် အသက် ၄၀ အောက် လင်ရှိ မိန်းမရော လင်မရှိတဲ့ အပျိုအရွယ် မိန်းမရော ရွာမှာ နေပေးရပါတယ်။ မနေရင် သူတို့က ပြောက်ကျားတွေနဲ့ အဆက်အသွယ် ရှိတယ်လို့ စွပ်စွဲပြီး လူကြီးတွေကို ဖမ်းဆီး ရိုက်နှက် ပါတယ်။ စစ်သားတွေ ရွာကို ရောက်လာတဲ့ ညကျရင် ရွာသားတွေက ထင်းတွေနဲ့ မီးဖိုပေးရပြီး စစ်သားတွေက အရက်တွေ သောက်ပြီး ရွာက မိန်းမတွေနဲ့ မိုးအလင်း တွဲက ကြပါတယ်။ ကတဲ့ အခါမှာလည်း မဖွယ်မရာတွေ လုပ်ပါတယ်။ ရွာသားတွေ အကုန်လုံး လာပြီး မီးပုံပွဲမှာ လက်ခုတ် တီးပေးရပါတယ်။ စစ်သားတွေ ပြောတာကတော့ ဒေသ လူထု စည်းရုံးရေး အတွက် လုပ်တယ်လို့ ပြောပါတယ်။ တချို့ယောင်္ကျားတွေဟာ ကိုယ့်မိန်းမ စစ်သားတွေနဲ့ ကနေတာကို မမြင်ချင်ပေမယ့် လက်ခုတ်တီးပြီး အားပေးရပါတယ်။ မဟုတ်ရင် အသတ်ခံရနိုင်ပါတယ်။ ကျွန်တော် အစ်မလည်း စစ်သားတွေနဲ့ ကရပါတယ်။ တနေ့တော့ စစ်သားတွေ လာမယ် ဆိုတာကို သိတော့ ကျွန်တော် အစ်မက စစ်သားတွေနဲ့ မကချင်တာကြောင့် ကျွန်တော်ကို ခေါ်ပြီး တခြား အနီးအနားက ရွာ တရွာကို ထွက်ပြေးခဲ့ကြပါတယ်။ အဲသလို ထွက်ပြေးသွားတာကို သိတဲ့အတွက် စစ်သားတွေဟာ ကျွန်တော့် အဖေကို လက်ပြန်ကြိုး တုတ်ပီး အပြင်းအထန် ရိုက်နှက်ပါတယ်။ ဒဏ်ငွေလည်း တထောင် တပ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ မိသားစုတွေ အပါအ၀င် ရွာသားတွေ အကုန်လုံးဟာ အိန္ဒိယ ဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။” ဟု ပြောသည်။
ပလက်ဝမြို့နယ်မှာ ချင်းပြည်နယ်ထဲတွင် တည်ရှိသော်လည်း အဆိုပါ မြို့နယ်တွင် ရခိုင်ကျေးရွာ အများ အပြားတည်ရှိသည်။ အထူးသဖြင့် အိန္ဒိယ နယ်စပ် တလျှောက်တွင် တည်ရှိသော ရခိုင်ကျေးရွာများတွင် ယခုကဲ့သို့ နဖအ ဗမာ စစ်သားများ၏ နိုင်ထက်စီးနှင်း လုပ်မူကို အမျိုးသမီးများ အနေဖြင့် ခံနေကြရသည်ဟု သိရသည်။
www.narinjara.com
Wednesday, May 5, 2010
ဘောင်းဘီချွတ်၍ လွှတ်လိုက်သည်...
စစ်ဘက် တာဝန်မှ အနားယူလိုက်သူများစာရင်း
ဝန်ကြီးများ
ဗိုလ်ချုပ်ဌေးဦး - လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်း - စက်မှု (၂)
ဗိုလ်ချုပ် သိန်းဆွေ - ပို့ဆောင်ရေး
ဗိုလ်မှူးချုပ် လွန်းသီ - စွမ်းအင်
ဗိုလ်ချုပ် အောင်မင်း - ရထားပို့ဆောင်ရေး
ဗိုလ်မှူးချုပ် တင်နိုင်သိန်း - စီးပွား/ကူးသန်း
ဗိုလ်ချုပ် စိုးနိုင် - ဟိုတယ်/ခရီး
ဗိုလ်ချုပ် လှထွန်း - ဘဏ္ဍာ/အခွန်
ဗိုလ်မှူးချုပ် သိန်းဇော် - ဆက်သွယ်ရေး
ဗိုလ်မှူးချုပ် သူရမြင့်မောင် - သာသနာရေး
ဗိုလ်ချုပ် ခင်အောင်မြင့် - ယဉ်ကျေးမှု
ဗိုလ်ချုပ် တင်ထွတ် - သမ၀ါယမ
ဗိုလ်မှူးကြီး သိန်းညွန့် - နယ်စပ်စည်ပင်
ဗိုလ်မှူးကြီး ဇော်မင်း - လျှပ်စစ် (၁)
ဗိုလ်ချုပ် ခင်မောင်မြင့်- ဆောက်လုပ်ရေး၊ လျှပ်စစ် (၂)
ဗိုလ်မှူးချုပ် သူရအေးမြင့် - အားကစား
ဗိုလ်မှူးချုပ် ကျော်ဆန်း - ပြန်ကြားရေး
ဗိုလ်မှူးချုပ် သိန်းအောင် - သစ်တော
ဗိုလ်ချုပ် မောင်ဦး - ပြည်ထဲရေး၊ လူဝင်မှုကြီးကြပ်ရေး
ဗိုလ်မှူးချုပ် အုန်းမြင့် - သတ္တုတွင်း
ဗိုလ်ချုပ် မောင်မောင်ဆွေ - လူမှုဝန်ထမ်း
ဗိုလ်မှူးချုပ် မောင်မောင်သိန်း - မွေး/ရေ
ဗိုလ်ချုပ် လွန်းမောင် - စာရင်းစစ်ချုပ်
ဗိုလ်မှူးချုပ် အောင်သိန်းလင်း - ရန်ကုန်မြို့တော်ဝန်
ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန် - မန္တလေး မြို့တော်ဝန်
ဒု-၀န်ကြီးများ
ဒုတိယဗိုလ်မှူးကြီး ခင်မောင်ကျော် - စက်မှု(၂)
ဗိုလ်ချုပ် ကျော်စွာခိုင် - စက်မှု (၂)
ဗိုလ်မှူးကြီး သူရိန်ဇော် - အမျိုးသားစီမံကိန်း
ဗိုလ်မှူးကြီး ဉာဏ်ထွန်းအောင် - ပို့ဆောင်ရေး
ဗိုလ်မှူးချုပ် တင်ထွန်းအောင် - အလုပ်သမား
ဗိုလ်မှူးချုပ် အောင်မျိုးမင်း - ပညာရေး
ဗိုလ်မှူးချုပ် သန်းဌေး - စွမ်းအင်
ဗိုလ်မှူးချုပ် အောင်ထွန်း - စီးပွား/ကူးသန်း
ဗိုလ်မှူးချုပ် အေးမြင့်ကြူ - ဟိုတယ်/ခရီး
ဗိုလ်မှူကြီး လှသိန်းဆွေ - ဘဏ္ဍာ/အခွန်
ဗိုလ်ချုပ် သိန်းထွန်း - ဆက်သွယ်ရေး
ဗိုလ်မှူးချုပ် သူရအောင်ကို - သာသနာရေး
ဗိုလ်မှူးချုပ် မြင့်သိန်း - ဆောက်လုပ်ရေး
ဗိုလ်မှူးချုပ် ၀င်းစိန် - လူဝင်မှုကြီးကြပ်ရေး
ဗိုလ်မှူးကြီး တင်ငွေ - နယ်စပ်စည်ပင်
ဗိုလ်မှူးချုပ် ၀င်းမြင့် - လျှပ်စစ် (၂ )
ဗိုလ်မှူးချုပ် ဘုန်းဆွေ - ပြည်ထဲရေး
ဗိုလ်မှူးချုပ် ကျော်မြင့် - လူမှုဝန်ထမ်း
ဗိုလ်မှူးကြီး မောင်ပါ - ရန်ကုန် ဒုတိယ မြို့တော်ဝန်
ချွေးတပ်ဆွဲနေသော လောက်ကောင် ဗိုလ်ကြီးကျော်မျိုးခိုင်
ဧရာဝတီတိုင်း ဖျာပုံခရိုင် ဖျာပုံတပ်ရင်း (၉၈)မှ ဗိုလ်ကြီးကျော်မျိုးခိုင်၏ ကျေးရွာသူ၊ ရွာသားတွေ အပေါ်အနိုင်ကျင့် ဗိုလ်ကျမှုများ...
ဧရာဝတီတိုင်း ဖျာပုံခရိုင်ကျေးရွာ ၁၁ရွာတွင် စစ်သားစုဆောင်းရေးကို အကြောင်းပြု၍ ဖျာပုံတပ်ရင်း(၉၆)က ဗိုလ်ကြီးကျော်မျိုးခိုင်မှ ကျေးရွာသူရွာသားများအား ရိုင်းစိုင်းသော စကားများသုံးခြင်း၊ ဒဏ်ပေးခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ပြည်တွင်းမှ သတင်းပေးပို့လာပါတယ်။
" ကိုဒီမိုရေ ပြီးခဲတဲ့ ၃ရက်လောက်က ဧရာဝတီတိုင်း ဖျာပုံခရိုင်ကျေးရွာ ၁၁ရွာမှာစစ်သား စုဆောင်းရေး အတွက်ဆိုပြီး ဖျာပုံတပ်ရင်း(၉၆)က ဗိုလ်ကြီးကျော်မျိုးခိုင်နဲ့... တပ်ကြပ်တစ်ယောက်၊ တပ်သားတစ်ယောက်တို့ဟာ ပိုးအိမ်တန်း၊ ကျုံခရိုင်၊ ဝဲကြီး၊ နောင်တော်ကြီး၊ ဂဇောင်း၊ ရဲစု၊ ပတုတ်၊ ငါးမိုင်၊ တမာန်၊ ပုလဲ၊ မမိုးကျေးရွာ ၁၁ရွာမှာ ရယကရုံးကို ရွာသူ၊ရွာသားတွေ ကိုခေါ်ပြီး စစ်တပ်မှာ စစ်မှုထမ်းဖို့အတွက် စစ်သား စုဆောင်းရေးလုပ်နေပါတယ်။ မဖြစ်မနေ ဝင်ကြရမယ်။ အနည်းဆုံး တစ်ရွာကို ၅ယောက်နှုန်းနဲ့ ဝင်ရမယ်၊ မဝင်ဘူးဆိုရင် ရွာသူကြီးမှာ တာဝန်ရှိတယ်ဆိုပြီး အတင်းအကြပ် စုဆောင်းခိုင်းပါတယ်။
ရွာပေါင်း ၁၁ရွာက ရွာသူ ရွာသားတွေကလည်း ဘယ်သူမှ ဝင်ချင်တဲ့သူမရှိကြဘူး။ အဲ့လိုဝင်မယ်တဲ့ မရှိတဲ့ အခါကျတော့ အဲ့ဒီဗိုလ်ကြီးကျော်မျိုးခိုင်က ဒေါသတွေ ဖြစ်ပြီးရွာမှာ ရှိတဲ့ကလေးလူကြီး အားလုံးကို ရယကရုံးခေါ်ပြီး သူက ရယကရုံးနေရိပ်ထဲမှာ ရွာသူရွာသားတွေက နေပူ ကွင်းပြင်ထဲမှာ ငုတ်တုတ်နေရပြီး မိန့်ခွန်းတွေ ခြွေတယ်။ ဒဏ်ပေးထားတာပေါ့။ မနက်(၈)နာရီထဲကနေပြီး ခေါ်လိုက်တာ နေ့လည်(၃)နာရီထိပဲ။ ရွာသူရွာသားတွေ အလုပ်ပျက် အကိုင်ပျက်ပေါ့။ ရိုးသားတဲ့ ရွာသားတွေကို ပြောတဲ့စကားက ပခုံးကအပွင့်ကိုမှ အားမနာ အင်မတန်ရိုင်းစိုင်း တဲ့အသုံးနူန်းတွေသုံးတယ်။ မင်းတို့တွေ ယောင်္ကျားတွေ မဟုတ်ဘူး မိန်းမတွေပဲ ဖြစ်သင့်တယ် ဆိုပြီး ပြောပါတယ်။ ကြီးသူ ငယ်သူမရှောင် ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ ပြောဆိုပါတယ်။
မနေ့က နောက်ဆုံးထပ်သိရတာက အဲ့ဒီရွာ(၁၁)ရွာက တစ်ရွာကို ၅သောင်းနှုန်းနဲ့ ပေးရမယ်ဆိုပြီး ရွာသူကြီးတွေကို ပြောသွားပါတယ် တဲ့။ ရွာသားတွေရှေ့မှာ မပြောပဲရွာသူကြီးတွေကို ပြောသွားတာပါ။ ရွာသူကြီးတွေလည်း ဘာတတ်နိုင်မှာတုန်း ရွာသူရွာသားတွေကိုပဲ တတ်နိုင်သလောက် စုဆောင်းပေးဖို့ ပြောရတာပဲပေါ့။ နောက်ဆုံးမပေးနိုင်ရင် ကျေးရွာဥက္ကဋ္ဌတို့ ရွာသူကြီးတွေ ဆီက ကြက်ဝက်တွေ အတင်းယူတော့မှာလေ။ အဲ့ဒီတော့ ရိုးသားတဲ့ ရွာသူရွာသားတွေမှာ အလုပ်အကိုင်လည်းပျက်၊ နေပူထဲမှာ ငုတ်တုတ်ဒဏ်ပေးခံရ ဆူပူကြိမ်းမောင်းတာလဲ ခံရ၊ နောက်ဆုံး ရွာသူရွာသားတွေ ရှိစုမယ့်စု ငွေလေးနဲ့ ဆိုက်ပေးရတော့မှာပါ။ ဒါကတော့ ဦးဇင်းသိတဲ့ ရွာ(၁၁)ရွာပါပဲ။ ကျန်တဲ့ ရွာတွေမှာလည်း ဒီလိုပဲစစ်သားစုဆောင်းရေး ဆိုပြီးလုပ်အတင်းအကြပ် လုပ်နေတယ်ကြားပါတယ်။ ဒကာတို့ သတင်းမီဒီယာ တွေကနေပြီး ဒီမတရားမှုကို ဆက်လက်ဖြန့်ဝေ ပေးစေလိုပါတယ်။
ဆက်သွယ် ပေးပို့လာသူ အရှင်ဓမ္မရာဇာ အားကျေးဇူးတင်ပါသည်။
တိုင်းပြည်မှာ ဒီလိုမတရားမူတွေက နေရာတိုင်းမှာပါ... အပွင့်ကြီးတဲ့လူက ကြီးတဲ့အလျှောက်။ သေးတဲ့လူကလည်း သေးတဲ့အလျှောက် လက်နက်ရှိတယ် အာဏာရှိတယ်ဆိုပြီး ဗိုလ်ကျစိုးမိုးနေတာတွေပါ။ အကြီးစားလက်နက်ကိုင် နအဖမာဖီယားဂိုဏ်းကြီး တိုင်းပြည်မှာ ထင်တိုင်းကြဲနေကြတာ... တွေပါ....။ အဖိနှိပ်ခံ ပြည်သူလူထုတွေကတော့ ခံပြီးရင်ခံနေရတာပါပဲ။ ဘယ်ခေတ်ဘယ်အခါကနဲ့မတူ သူခိုး၊ဒါးမြထက် ဆိုးတဲ့ရန်သူ ကတော့ နအဖစစ်အာဏာရှင်တွေပါပဲ....
သတင်း... ဒီမိုဝေယံ
http://www.demowaiyan.co.cc/2010/05/blog-post_5620.html.

Tuesday, May 4, 2010
၇ တန်း ကျောင်းသူလေးအား နအဖ ရဲဘော်ဟောင်းအုပ်စု မုဒိမ်းကျင့် သတ်ဖြတ်
သတင်း - သျှမ်းသံတော်ဆင့်သတင်း
သျှမ်းပြည်မြောက်ပိုင်းနေ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသူလေးတဦးအား နအဖ တပ်ထွက်အဖွဲ့ တစ်ဖွဲ့က မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
သျှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်၊ လုခိုက်ကျေးရွာအုပ်စု၊ နားယန်း ကျေးရွာနေ အဖစိုင်းတိနှင့် အမိ နန်းလိုင်(နာမည်ရင်းမဟုတ်) တို့၏သမီး နန်းရွက် (အမည်ရင်း မဟုတ်) အား ဧပြီ ၂၄ ရက် (စနေနေ့) က စစ်ထွက်မြင့်ဆွေ ဦးဆောင်သည့် နမ့်လောင်းချောင်း သဲကျုံးရောင်းသည့် ရဲဘော်ဟောင်းအဖွဲ့က မုဒိမ်းပြု သတ်ဖြတ် ခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။
“ပြီးခဲ့တဲ့လ နောက်ဆုံးပတ်ကပေါ့ ရွာနီးချုပ်စပ် သူမ ကျွဲကျောင်းသွားတဲ့အချိန်မှာ မိုင်းရယ်-သီပေါလမ်းမကြီး ဘေး နမ့်လောင်းချောင်းတံတားအပေါ်ဘက် သဲတူးဖို့် လာကြတဲ့ တပ်ရင်း(၆၄)မှစစ်ထွက် လေးယောက်က မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တယ်” ဟု ရွာသားတစ်ဦးကပြောပါသည်။
ထိုစစ်သားထွက်များမှာ အသက်(၅၀) ရှိ စစ်ထွက်မြင့်ဆွေ၊ အသက်(၄၉) ရှိ စစ်ထွက်ထွန်းသိန်းနှင့် အမည် မသိသေးသော ၎င်းတို့၏တပ်ထွက်အဖော်နှစ်ယောက်ဖြစ်ကြောင်း ရွာသားများကပြောပြပါသည်။
“အလောင်းကို နားယန်းနဲ့ ဖာလုံဝက်အကွာ နမ့်လောင်းချောင်းသဲသောင်ပြင်မှာ ပစ်ထားခဲ့တယ်” ဟု လည်း အဆိုပါရွာသားက သျှမ်းသံတော်ဆင့် သို့ ဆက်လက် ပြောပြပါသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ သျှမ်းအမျိုးသမီးရေးရာလှုပ်ရှားမှုကွန်ယက်အဖွဲ့(SWAN) ကလည်း အသေးစိတ် အချက်အလက်များ ဆက်လက်စုံစမ်းနေကြောင်း တာဝန်ရှိသူတဦးကပြောပါသည်။

Sunday, February 1, 2009
Friday, December 26, 2008
ဗိုလ်ချုပ်မှူးကြီး၏ မြေးကို ထိုင်ကန်တော့ပြီး တောင်းပန်ခဲ့ရ
နိုင်ငံတော်အခမ်းအနားတခုတွင် တွေ့ရသည့် နေရွှေသွေးအောင် (ခ) ဖိုးလပြည့် (အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသူ)
Thursday, 25 December 2008 14:48 ရိုးမ ၃
နအဖစစ်ခေါင်းဆောင်၏ မြေးဖြစ်သူက ကျောင်းနေဖက်သူငယ်ချင်းနှင့် အချင်းများရာ မကျေနပ်သဖြင့် နေအိမ်ကို ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီး ၎င်း၏မိဘများကို ကျေနပ်သည်အထိ ကန်တော့တောင်းပန်ခိုင်းမှုများ ပြုလုပ်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့် (ခ) နေရွှေသွေးအောင်သည် စင်္ကာပူတွင် ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူနှင့် အင်တာနက်ကိစ္စ စကားများခဲ့သည်ကို မကျေနပ်သဖြင့် ယခုလ (၁၉) ရက်နေ့ညတွင် ကမာရွတ်မြို့နယ် (၂) ရပ်ကွက်တွင် နေထိုင်သည့် သူငယ်ချင်းဖြစ်သူ၏ မိဘများကို ခေါ်ဆောင်သွားကာ ယခုကဲ့သို့ တောင်းပန်ခိုင်းခဲ့ခြင်း ဖြစ်သည်။
“ဖြစ်တာက စင်္ကာပူမှာ ကျောင်းတက်နေရင်း ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဖိုးလပြည့်တို့ သတင်းကို အင်တာနက်ပေါ်ကို တင်တယ်ဆိုပြီး စွပ်စွဲတာက စဖြစ်တာ၊ အဲဒါကို ဖိုးလပြည့်နဲ့ သူငယ်ချင်းတွေက (၁၉) ရက်နေ့ညမှာ အဲဒီကောင်လေးအိမ်ကို သွားပြီး ခဲနဲ့ပေါက်တာ၊ အဲဒါကို ကောင်လေးရဲ့မိဘတွေက ည (၁) နာရီလောက်မှာ ကမာရွတ်စခန်းကို သွားအမှုဖွင့်တယ်”ဟု အမည်မဖော်လိုသူတဦးက ပြောသည်။
ထိုည (၁) နာရီ မိနစ် (၂၀) ခန့်တွင် ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်သူက ကမာရွတ်ရဲစခန်းသို့ ရောက်ရှိလာပြီး တံခါးဖွင့်ရန် ပြောဆိုသည့်အတွက် တာဝန်ကျ စခန်းစောင့် အရန်ရဲမေများက တံခါးဖွင့်ပေးလိုက်ရသည်။
“ဖိုးလပြည့် စခန်းကိုရောက်တော့ တံခါးမဖွင့်ရင် ကားနဲ့ဝင်တိုက်မယ်လို့ပြောတော့ ဖွင့်ပေးလိုက်ရတာ၊ အခြေအနေမကောင်းတော့ တိုင်ချက်ဖွင့်တဲ့သူတွေကို အမျိုးသမီးအချုပ်ခန်းထဲမှာ ခဏဝှက်ထားသေးတယ်၊ ဒါပေမယ့် အဲဒီလူတွေကို မထုတ်ပေးရင် ပြဿနာအရှည် ရှည်ဖြစ်သွားမယ်ဆိုပြီး စခန်းက အရာရှိတွေကို ခြိမ်းခြောက်တော့ ဖိုးလပြည့်လက်ထဲကို လွှဲအပ်လိုက်ရတယ်”ဟု ဆက်ပြောသည်။
ဖိုးလပြည့်နှင့်အတူ လုံခြုံရေးအတွက် အနောက်ပိုင်းခရိုင်မှူး၊ ကမာရွက်မြို့နယ်မှူးနှင့် အခြားလုံခြုံရေးကား (၇) စီး လိုက်ပါခဲ့ပြီး ဗဟန်းမြို့နယ်ရှိ အိမ်တအိမ်သို့ တိုင်ချက်ဖွင့်သူများကို ခေါ်ဆောင်သွားကာ တာဝန်ရှိသူများကို အိမ်အပြင်တွင် စောင့်ခိုင်းထားခဲ့ကြောင်း အဆိုပါ အိမ်နီးချင်းက ဆက်ပြောသည်။
“သူတို့ ပြန်ထွက်လာလို့ မေးလိုက်တော့ သန်းရွှေရဲ့မြေး ဖိုးလပြည့်က သူတို့လုပ်ရပ်တွေ မှားပါတယ်လို့ ဝန်ခံပြီး ထိုင်ကန်တော့ပြီး တောင်းပန်ခိုင်းတယ်၊ (၂၁) ရက်နေ့ ညမှာလည်း လူငါးယောက်လောက်က အဲဒီအိမ်ကို ခဲနဲ့ ထပ်ပေါက်သေးတယ်၊ အဲဒါ ကမာရွတ်စခန်းကို သက်သေခံပစ္စည်းနဲ့တကွ တိုင်တာ၊ နယ်မြေခံ ကမာရွတ်စခန်းက အခုချိန်ထိ အမှုမဖွင့်ပေးဘူး”ဟု ဆက်လက်ပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မကြာသေးမီကလည်း စစ်တက္ကသိုလ် ဗိုလ်လောင်းကျောင်းဆင်းပွဲတခုသို့ ဇနီးသားသမီးများအား ခေါ်ဆောင်သွားခဲ့ပြီး စစ်ဗိုလ်ချုပ်များနေရာနှင့် ထူးခြားစွာ နေရာချထားရာ မြေးဖြစ်သူ ဖိုးလပြည့်ပါ ပါဝင်ခဲ့ခြင်းကို သတင်းစာများတွင် ဝေဝေဆာဆာ ဖော်ပြခဲ့သည်။
http://www.yoma3.org/index.php?option=com_content&view=article&id=150:2008-12-25-07-55-18&catid=41:2008-09-21-07-44-45&Itemid=124
Saturday, December 20, 2008
Saturday, December 13, 2008
ဝန်ကြီး ဦးအောင်သောင်းက ၀န်ထမ်းများကို လွန်ဆွဲပြီး ယတြာချေခိုင်း
NEJ/ ၁၂ ဒီဇင်ဘာ ၂၀၀၈
စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း၏ နေပြည်တော် အီးစီအစည်းအဝေးကြမ်းပြင် ကြွေပြားများ ဒီဇင်ဘာလဆန်ပိုင်းက ရုတ်တရက် အလိုလိုကြွတက်လာသည့်အတွက် ဦးအောင်သောင်းက ၀န်ထမ်းများကို အဓမ္မ လွန်ဆွဲခိုင်းပြီး ယတြာချေခိုင်းသည်။
စက်မှု (၁) ၀န်ကြီးဌာန နေပြည်တော် အီးစီအစည်းအဝေးရုံးခန်းကြမ်းပြင် ကြွေပြားများ သူ့အလိုလို ကြွတက်လာခြင်းမှာ ဦးအောင်သောင်းအတွက် မကောင်းသည့်နိမိတ်ဟု ၀န်ထမ်းများကြား တီးတိုးပြောဆိုပြီး မကြာခင် ဆောင်းတွင်းအချိန်မှာပင် ၀န်ထမ်းများအား အဓမ္မလွန်ဆွဲခိုင်းပြီး ယတြာချေခိုင်းခဲ့သဖြင့် ၀န်ထမ်းများ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။
ထိုအတောအတွင်း ၀န်ကြီးဦးအောင်သောင်းသည် နိုင်ငံရေးဘက်မပြောင်းမီ မြိတ်၊ ကော့သောင်းဘက်မှ အရှုံးပေါ်နေသည့် ပုဂ္ဂလိက ကုမ္ပဏီများထံမှ စားအုန်းဆီခြံများကို ကျပ် သန်းထောင်နှင့်ချီပြီး ကိုယ်ပိုင်ဝယ်ရန် ပြင်ဆင်နေသည်ဟုလည်း ကုမ္ပဏီအရာရှိတဦးက ပြောသည်။
http://www.khitpyaing.org/news/December_08/12-12-08a.php

Tuesday, December 9, 2008
Friday, December 5, 2008
လျို့ဝှက်ပေါက်ကြားခဲ့သော ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး မိန့်ခွန်း
Tuesday, November 25, 2008
သန်းရွှေမြေး စီးပွားရေး သောင်းကျန်းနေပြီ

သန်းရွှေ မြေး ဖိုးလှပြည့် (ခ) မျေက်မူးလဲ နဲ့  သန်းရွှေ ဆရာဝန် ရဲ့ သား သက်အောင်ချို တို့ နစ်ယောက်ပေါင်း ပြီး Myanmar Asia Glory Trading ဆိုတဲ့ကုမ္ပဏီ ကို တည်ထောင်လိုက်တယ်လို့ သိရပါတယ်။ အမှတ်- ၇၄ ပြည်တော်အေး လမ်း ၊ မရမ်းကုန်းမြို့ နယ်မှာ ဖွင့်ထားပါတယ်။ ဆက်သွယ်ရန် တယ်လီဖုန်းကတော့ + ၉၅-၁-၆၆၂၅၄၆ ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လို ကုန်သွယ်မှုတွေလုပ်မှာလဲ၊ ဘယ်သူတွေ ပါဝင် ပတ်သက်လဲ နိင်ငံခြားက သူတို့ အဆက်အသွယ်တွေ ကဘယ်သူတွေလဲ ဆိုတာတွေ ကို အသေးစိတ် မသိရသေးပါဘူး။ သူတို့ ကုမ္ပဏီ ရဲ့ လှုပ်ရှားမှုတွေ နိင်ငံခြားဆက်သွယ်မှုတွေကို ထောက်လှမ်းဖေါ် ထုတ်နိင်ဖို့ အတွက် ဖေါ်ပြလိုက်ပါတယ်။ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ပြုလုပ်နိင်ရန် အတွက် သူတို့ လှုပ်ရှားမှု မှန်သမျှ သတင်းပေးပို့ ကြပါရန် မေတ္တာရပ်ခံပါတယ်။
ကိုမိုးသီးမှ ကူးယူဖော်ပြပါသည်။
Thursday, November 20, 2008
Wednesday, November 19, 2008
ဗမာပြည်မှ အာဇာနည်များ ( သို့  ) ပြည်သူ့ အလင်းဆောင်ခွပ်ဒေါင်းများ
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ နိုဝင်ဘာလ 17 2008 19:05 - မြန်မာစံတော်ချိန်
စီရင်ချက် ချမှတ်ခံရပြီးသူများ စာရင်း
စဉ် အမည် စီရင်ချသည့်နေ့ အဖွဲ့အစည်း၊ ပြစ်ဒဏ်
၁ ကိုကျော်မင်းယု (ခ) ကိုဂျင်မီ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၂ နီလာသိန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၃ သင်းသင်းအေး (ခ) မီးမီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၎ သက်သက်အောင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၅ အံ့ဖွယ်ကျော် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၆ ကိုမင်းဇေယျ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၇ ကိုဇော်ဇော်မင်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၈ ကိုသန်းတင် (ခ) ကြည်သန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၉ ကိုဇေယျ (လူ့ဘောင်သစ်) ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၀ ကိုကျော်ကျော်ထွေး (ခ) မာကီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၁ ကိုပဏ္ဍိတ်ထွန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၂ ကိုသက်ဇော် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၃ မစန္ဒာမင်း (ခ) ရွှီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၄ မမာမာဦး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၅ ဦးနန္ဒ (ခ) သန်းထွဋ်အေး ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၆ ဦးအဂ္ဂဓမ္မ (ခ) ဖိုးသက် ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၇ ဦးဝိလာသက္က (ခ) လှထွေး ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၈ ဦးဇာနေယ (ခ) ဥာဏ်ဝင်း ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၉ ဦးဣသရိယ (ခ) အောင်ကိုငြိမ်း ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၂၀ ပြည့်ဖြိုးလှိုင် (ခ) အသည်းလေး ၁၁ နိုဝင်ဘာ တက္ကသိုလ်ကျောင်းသား၊ ၂၄ နှစ်
၂၁ သိန်းဇော် ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၂ ပြည့်ဖြိုးအောင် (ခ) နန်းမူ ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၃ အောင်မျိုးပိုင် (ခ) အရိုး ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၄ ဖြိုးမောင်မောင်စိုး (ခ) ဖြိုးကြီး ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၅ ကို နေလင်းအောင် ၁၁ နိုဝင်ဘာ ၂၂ နှစ်
၂၆ သီဟ သက်တင် ၁၁ နိုဝင်ဘာ ၈ နှစ်
၂၇ သီဟ အောင်အောင် ၁၁ နိုဝင်ဘာ ၈ နှစ်
၂၈ ဥာဏ်လင်းထွဋ် ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၉ အောင်သွင် (ခ) အောင်ကြီး ၁၁ နိုဝင်ဘာ ၂ နှစ်
၃၀ ကိုမြဇံ ၁၁ နိုဝင်ဘာ ၂ နှစ်
၃၁ ကိုတင်ဆန်း ၁၁ နိုဝင်ဘာ ၂ နှစ်
၃၂ ဦးအောင်မြင့် ၁၁ နိုဝင်ဘာ ၂ နှစ်
၃၃ ကိုအောင်ဇော်ဦး (ဘိုကလေး) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၂ နှစ်
၃၄ မောင်ကံ (၀ါးခယ်မ) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၀ နှစ်
၃၅ ကိုအောင်ကျော်စိုး (တောင်ကြီး) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၀ နှစ်
၃၆ ဂီတမှူး ကိုဝင်းမော် ၁၁ နိုဝင်ဘာ ဂီတမှူး၊ ၇ နှစ်
၃၇ ဘိုဘိုဝင်းလှိုင် ၁၁ နိုဝင်ဘာ စုစုနွေး အမှုတွဲ၊ ၈ နှစ်
၃၈ စုစုနွေး ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး လှုပ်ရှား တက်ကြွသူ၊ ၁၂ နှစ် ၆ လ
၃၉ ကိုသန်းနိုင် ၁၁ နိုဝင်ဘာ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များကို ကူညီစောင့်ရှောက်ပေးနေသူ၊ ၆ နှစ်
၄၀ နေဘုန်းလတ် ၁၀ နိုဝင်ဘာ ဘလော့ဂ်ဂါနှင့် အင်အယ်လ်ဒီလူငယ် အဖွဲ့ဝင်၊ ၂၀ နှစ်
၄၁ သင်းဇူလိုင်ကျော် ၁၀ နိုင်ဝင်ဘာ နေဘုန်းလတ်အမှုတွဲ၊ ၂ နှစ်
၄၂ စောဝေ ၁၀ နိုဝင်ဘာ ကဗျာဆရာ၊ ၂ နှစ်
၄၃ ညီညီထွေး ၂၉ အောက်တိုဘာ ရှေ့နေ၊ ၆ လ
၄၄ မင်းကိုနိုင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၅ ကိုကိုကြီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၆ လှမျိုးနောင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၇ ဌေးကြွယ် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၈ မြအေး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၉ ဥာဏ်လင်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၀ ပြုံးချို ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၁ အောင်သူ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၁ အောင်နိုင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၂ ဦးတင်ယု ၁၃ နိုင်ဝင်ဘာ အင်အယ်လ်ဒီပါတီ၊ ၇ နှစ် ၆ လ
၅၃ ကိုသန်းနိုင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၄ မလှလှမော် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၅ ကိုစိုးမင်းမင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၆ ကိုသန့်စင်မျိုး ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၇ ကိုကျော်စိုးဝင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၈ ကိုဆန်းဝင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၉ ကိုအောင်မင်းနိုင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၀ ဦးဝင်းမြင့် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၁ ကိုမျိုးကျော်ဇင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၂ ရန်နိုင်ထွန်း ၁၃ နိုင်ဝင်ဘာ ကြည့်မြင်တိုင် အင်အယ်လ်ဒီပါတီဝင်၊ ၇ နှစ် ၆ လ
၆၃ ဦးအောင်သိန်း ၇ နိုဝင်ဘာ အဖွဲ့ချုပ်ရှေ့နေ၊ ၄ လ
၆၄ ဦးခင်မောင်ရှိန် ၇ နိုဝင်ဘာ အဖွဲ့ချုပ်ရှေ့နေ၊ ၄ လ
၆၅ စောကျော်ကျော်မင်း ၂၉ အောက်တိုဘာ ရှေ့နေ၊ ၆ လ
၆၆ ကျော်ဇင်ဝင်း ၁၄ နိုဝင်ဘာ ၁၆ နှစ်
၆၇ ကျော်ကျော်လင်း ၁၄ နိုဝင်ဘာ ၁၃ နှစ်
၆၈ ကြည်ကြည်ဝါ ၁၄ နိုဝင်ဘာ ၁၁ နှစ်
၆၉ နေဇာမျိုးဝင်း ၁၄ နိုဝင်ဘာ ဒေါပုံ ၊ ၅ နှစ်
၇၀ အောင်ဇော်ဦး ၁၄ နိုဝင်ဘာ တောင်ကြီး၊ ၅ နှစ်
၇၁ ကိုသန်းဇော်မြင့်၊ ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၂ ကိုစန်းဝင်း ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၃ ကိုသန့်ဇင်မျိုး ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၄ ဒေါ်ငယ်မ ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၅ ကျော်စိုးဝင်း ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၆ ကိုသိုက်မင်း ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၇ ဦးရွှေမောင်း ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၇၈ ကိုဝဏ္ဏအောင် ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၇၉ ကိုဇော်ဝင်း ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၈၀ ကိုတင်ဝင်း ၁၄ နိုဝင်ဘာ ဒဂုံမြို့နယ်၊ ၂ နှစ်
၈၁ ကိုညီညီမင်း ၁၄ နိုဝင်ဘာ ဒဂုံမြို့နယ်၊ ၂ နှစ်
၈၂ အိမ့်ခိုင်ဦး ၁၄ နိုဝင်ဘာ သတင်းထောက်၊ ၂ နှစ်
၈၃ ကျော်ကျော်သန်း ၁၄ နိုဝင်ဘာ အိမ့်ခိုင်ဦးနှင့် အတူဖမ်းခံရသူ၊ ၇ နှစ်
၈၄ မင်းဟန် ၁၃ နိုဝင်ဘာ ကဗျာဆရာ၊ ၁၁ နှစ်
၈၅ မျိုးရန်နောင်သိန်း ၁၃ နိုဝင်ဘာ ၂ နှစ်
၈၆ မင်းမင်းစိုး ၁၃ နိုဝင်ဘာ ၂ နှစ်
၈၇ ဟန်နီဦး ၁၃ နိုဝင်ဘာ ဗကသ ကျောင်းသား ခေါင်းဆောင်၊ ၉ နှစ်ခွဲ
၈၈ ဝေလွင်မျိုး ၁၃ နိုဝင်ဘာ ၇ နှစ် ၆ လ
၈၉ ဦးမျိုးခင် ၁၃ နိုဝင်ဘာ ရန်ကင်း အဖွဲ့ချုပ် ဥက္ကဌ၊ ၄ နှစ် ၆ လ
၉၀ ကိုမျိုးခိုင် ၁၃ နိုဝင်ဘာ ၄ နှစ် ၆ လ
၉၁ ကိုထင်ကျော် ၁၇ နိုဝင်ဘာ မြန်မာနိုင်ငံတိုးတက်ရေးကော်မတီ (MDC)၊ ၁၂ နှစ် ၆ လ
၉၂ ကြည်ဖြူမောင် ၆ နှစ် ၆ လ
၉၃ ကိုဇင်လင်းအောင် ၆ နှစ် ၆ လ
၉၄ မျိုးသန့် (ခ) ဂျွန်နော်သန် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ၊ ၆ နှစ် ၆ လ
၉၅ ရဲမြတ်ဟိန်း အင်အယ်လ်ဒီ၊ ၆ နှစ် နှင့် ၁၀ နှစ်
၉၆ ရဲမင်းဦး အင်အယ်လ်ဒီ၊ ၆ နှစ်
၉၇ ကိုသိန်းဆွေ (ခ) မင်းစိုး အင်အယ်လ်ဒီ၊ ၆ နှစ်
၉၈ စည်သူမောင် (ခ) ရာပြည့် ဗကသ ကျောင်းသား ခေါင်းဆောင်၊ ၁၁ နှစ်

Sunday, November 16, 2008
Subscribe to:
Posts (Atom)