Saturday, May 8, 2010

ကြည့်တယ် မြင်တယ် ဖော်ထုတ်မယ်..

စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့မှ ပေးပို့လာတဲ့စာ....

ရန်ကုန်မြို့မှာ မနေ့က စ၍လုံခြုံရေးများ အထူးတင်းကြပ်လျှက်ရှိကြောင်း ပြည်တွင်းမှ စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့ဆိုတဲ့ အမည်နဲ့ အီးမေးလ်ကနေ ဆက်သွယ် ပေးပို့လာတာကို ဖော်ပြလိုက်ပါတယ်။

မနေ့က စပြီးရန်ကုန်မြို့ပေါ်မှာ လုံထိန်းကားများ တစ်မြို့လုံး လှည့်ပတ်နေတယ်။ လုံထိန်းကားတွေ ည(၁)နာရီအထိ ကင်းလှည့်လျှက် ရှိနေတယ်။ စစ်သားတွေကို ကြံ့ခိုင်ရေးရုံးတွေမှာ လုံခြုံရေးချထားတယ်။ အရင်က ကြံခိုင်ရေးရုံးချုပ်မှာပဲ ရဲတွေကိုပဲ လုံခြုံရေးချထားတာ။ အခုရဲတွေကို မထားတော့ပဲ ယူနီဖောင်းအပြည့် လက်နက်အပြည့်နဲ့ အနည်းဆုံး စစ်သား၃ယောက်ကနေ ၅ယောက်အထိ ကြံခိုင်ရေးရုံးချုပ်မှာတင် မကပဲ ကြံခိုင်ရေးမြို့နယ်ရုံးတွေအထိ လုံခြုံရေးချထားတယ်။ နောက်ရန်ကုန်မြို့နေရာအနှံအပြားနဲ့ ကားမှတ်တိုင်တွေ မှာလုံခြုရေးတွေ အပြည့်ချထားတာကို တွေ့ရပါတယ်။ ရန်ကုန်မြို့နေလူထုမှာ ယခုကဲ့သို့ လုံခြုံရေးများ ထူထပ်စွာ ချထားမှု အပေါ်စိုးရိမ်မှုတွေ ဖြစ်ပေါ်လျှက်ရှိကြောင်း သတင်းပေးပို့လာပါတယ်။

စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့ ကိုပြည်တွင်းမှ မျိုးချစ် တက်ကြွ လူငယ်များဖြင့် ဖွဲ့စည်း ထားကြောင်း စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်သွားမှာ ဖြစ်ကြောင်း၊ ၂၀၁၀စစ်အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲကို အနီးကပ်စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း ဖော်ပြပါရှိပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဂျပန်နိုင်ငံမှာ ဂျပန်အစိုးရရဲ့ ပညာတော်သင် စားရိတ်ဖြင့် တိုကျိုမြို့ Shinagawa မြို့နယ်ရှိ Kaiyo တက္ကသိုလ်မှာ ၂၀၀၅ခုနှစ်ကတည်းက လာရောက် ပညာသင်ကြားနေတဲ့ ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ သမီးဖြစ်သူ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဋ္ဌာန တွင် လုပ်ကိုင်နေသူရဲ့ သတင်းအသေးစိတ် ကိုလည်း အမည်နှင့်တကွ ရေးသား ပေးပို့လာပါတယ်။ ယင်းအဖွဲ့မှ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေတဲ့ စစ်အာဏာရှင်များရဲ့ သားသမီးများကို ဆက်လက် စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ စစ်အာဏာရှင်များရဲ့ သားသမီးတွေလည်း ရှိကြောင်း အမည်နှင့်တကွ မေးလ်ကနေ ပေးပို့လာပါတယ်။
http://www.demowaiyan.co.cc/2010/05/blog-post_9905.html

0 comments: