Friday, May 21, 2010

လောက်တစ်ကောင်တော့ စန့် သွားပြီ

ပလက်ဝ မြိတ်ဝ စခန်းတွင် သတ်ဖြတ်ခံရသူ ဗိုလ်ကြီး ထက်အောင်ထွန်းမှာ ကျောက်ဖြူမှ ဖြစ်ကြောင်းသိရ 5/20/2010

မေလ ၁၇ ရက်နေ့က ပလက်ဝမြို့နယ် မြိတ်ဝစခန်းမှ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်သို့ လက်နက်ချသွားသူ စစ်သား ၆ ဦး၏ ပစ်သတ်ခြင်းခံရသူမှာ ရခိုင်အမျိုးသား ဖြစ်ပြီး ကျောက်ဖြူဇာတိ ဖြစ်ကြောင်း သိရသည်။

မေ ၂၀ ထုတ် နအဖ စစ်အစိုးရပိုင် ကြေးမုံ သတင်းစာ နာရေး သတင်း တပုဒ်အရ ဗိုလ်ကြီး ထက်အောင်ထွန်း (အသက် ၂၈ )နှစ်မှာ ကျောက်ဖြူမြို့ ကမ်းနားလမ်းနေ ဦးထွန်းရွှေ (ပါစီစတိုး) ဒေါ်ဖြူဖြူဌေး (အလပြငြိမ်း) တို့၏ သားဖြစ်ကြောင်း သိရသည်။

ဗိုလ်ကြီးထက်အောင်ထွန်းမှာ ကြည်း ၃၅၇၆၅ ဖြစ်ပြီး DSA ၄၅ ကျောင်းဆင်း ဖြစ်ကြောင်းနှင့် မေလ ၁၇ ရက်နေ့ နေ့လည် ၁ နာရီ ခွဲတွင် ကွယ်လွန် သွားကြောင်း ဖေါ်ပြသည်။

သတင်းစာတွင် သေဆုံးနေရာနှင့် သေဆုံးသွားပုံကို ဖေါ်ပြမထားသော်လည်း ပလက်ဝ မြိတ်ဝ စခန်းတွင် စစ်သား ၆ ဦး၏ ပစ်သတ်ခြင်း ကို ခံရသူ ဗိုလ်ကြီးထက်အောင်ထွန်းမှာ သူပင် ဖြစ်ကြောင်း ကျောက်ဖြူ ဒေသခံ တဦးက ပြောသည်။

ထွက်ပြေးလာသူ စစ်သားများကို ကိုးကားပြီး ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ သတင်းနှင့် ပြန်ကြားရေးဌာန ထုတ်ပြန်ချက်တွင် ဗိုလ်ကြီး ထက်အောင်ထွန်း၏ နိုင်ထက်စီးနှင်းလုပ်မူများကို မခံနိုင်၍ အဆိုပါ စစ်သား ၆ ဦးမှ သူ့အား ပစ်သတ်ပြီး လက်နက်မျိုးစုံကို ယူဆောင်ကာ ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်သို့ လက်နက်ချ ပူးပေါင်း လာကြောင်း ဖေါ်ပြသည်။

ဗိုလ်ကြီးထက်အောင်ထွန်းအား သတ်ဖြတ်ပြီး ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်သို့ လက်နက်ချက် အလင်းဝင်လာသူများမှာ တပ်ကြပ် သန်းအေး ( ၃၆ နှစ်) ၊ ဒုတပ်ကြပ် မိုးအောင် (၂၇ နှစ်) ၊ဒုတပ်ကြပ် ဇော်ဇော်ဟန် ( ၂၅ နှစ်)၊ ဒုတပ်ကြပ် မောင်မောင်နိုင် ( ၂၆ နှစ်)၊ တပ်သား ဇော်မင်းဦး ( ၂၅ နှစ်) နှင့် တပ်သား စန်းဝင်း ( ၂၇ နှစ်) တို့ ဖြစ်ကြသည်။

အဆိုပါ စစ်သားများမှာ စစ်တွေမြို့နယ် ရေချမ်းပြင် အခြေစိုက် ခလရ ၂၃၂ မှ ဖြစ်ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ် မြိတ်ဝ ရှေ့တန်း စခန်းတွင် တာဝန်ကျနေစဉ် ဗိုလ်ကြီး ထက်အောင်ထွန်းအား သတ်ဖြတ်ပြီး ရခိုင် ပြည်လွှတ်မြောက်ရေး တပ်မတော်ထံတွင် လက်နက်ချ ပူးပေါင်း သွားခြင်း ဖြစ်သည်။

သူတို့ ယူဆောင်လာသော လက်နက်များမှာ အမ်းအေ (၁၁) လက်နက် ၅ လက်၊ အမ်းအေ (၁၂) ၁ လက်နက်၊ အမ်းအေ (၃) လက်နက် ၂ လက်၊ အမ်းအေ ၇၉ မော်တာ ၁ လက်နှင့် မော်တာ အသီး ၁၉လုံး၊ ဘီ ၁၀၀ ကွန်မဒို စိန်ပြောင်း ၁လက်နှင့် အသီး ၁၂ လုံး၊ ၉ မမ ပစ္စတို တလက်နှင့် ဘောက် ၂ချပ် ကျည်ဆံ ၁၄ တောင့်၊ လက်ပစ်ဗုံး ၆ လုံး၊ နှင်းမိုင်း (အမ်း ၁၆) ၆လုံး၊ အီကွေမင်း ၁၀ စုံ၊ ကျော့ပိုးအိတ် ၆ လုံး၊ ဆက်သွယ်ရေး စက်ကြီး ၁ လုံးနှင့် ကျည်အမျိုးအစား ၁၃၀၈ တောင့်တို့ ဖြစ်သည်။
http://www.narinjara.com/detailsbur.asp?id=2504

0 comments: