Wednesday, May 5, 2010

ချွေးတပ်ဆွဲနေသော လောက်ကောင် ဗိုလ်ကြီးကျော်မျိုးခိုင်

ဧရာဝတီတိုင်း ဖျာပုံခရိုင် ဖျာပုံတပ်ရင်း (၉၈)မှ ဗိုလ်ကြီးကျော်မျိုးခိုင်၏ ကျေးရွာသူ၊ ရွာသားတွေ အပေါ်အနိုင်ကျင့် ဗိုလ်ကျမှုများ...

ဧရာဝတီတိုင်း ဖျာပုံခရိုင်ကျေးရွာ ၁၁ရွာတွင် စစ်သားစုဆောင်းရေးကို အကြောင်းပြု၍ ဖျာပုံတပ်ရင်း(၉၆)က ဗိုလ်ကြီးကျော်မျိုးခိုင်မှ ကျေးရွာသူရွာသားများအား ရိုင်းစိုင်းသော စကားများသုံးခြင်း၊ ဒဏ်ပေးခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ပြည်တွင်းမှ သတင်းပေးပို့လာပါတယ်။

" ကိုဒီမိုရေ ပြီးခဲတဲ့ ၃ရက်လောက်က ဧရာဝတီတိုင်း ဖျာပုံခရိုင်ကျေးရွာ ၁၁ရွာမှာစစ်သား စုဆောင်းရေး အတွက်ဆိုပြီး ဖျာပုံတပ်ရင်း(၉၆)က ဗိုလ်ကြီးကျော်မျိုးခိုင်နဲ့... တပ်ကြပ်တစ်ယောက်၊ တပ်သားတစ်ယောက်တို့ဟာ ပိုးအိမ်တန်း၊ ကျုံခရိုင်၊ ဝဲကြီး၊ နောင်တော်ကြီး၊ ဂဇောင်း၊ ရဲစု၊ ပတုတ်၊ ငါးမိုင်၊ တမာန်၊ ပုလဲ၊ မမိုးကျေးရွာ ၁၁ရွာမှာ ရယကရုံးကို ရွာသူ၊ရွာသားတွေ ကိုခေါ်ပြီး စစ်တပ်မှာ စစ်မှုထမ်းဖို့အတွက် စစ်သား စုဆောင်းရေးလုပ်နေပါတယ်။ မဖြစ်မနေ ဝင်ကြရမယ်။ အနည်းဆုံး တစ်ရွာကို ၅ယောက်နှုန်းနဲ့ ဝင်ရမယ်၊ မဝင်ဘူးဆိုရင် ရွာသူကြီးမှာ တာဝန်ရှိတယ်ဆိုပြီး အတင်းအကြပ် စုဆောင်းခိုင်းပါတယ်။

ရွာပေါင်း ၁၁ရွာက ရွာသူ ရွာသားတွေကလည်း ဘယ်သူမှ ဝင်ချင်တဲ့သူမရှိကြဘူး။ အဲ့လိုဝင်မယ်တဲ့ မရှိတဲ့ အခါကျတော့ အဲ့ဒီဗိုလ်ကြီးကျော်မျိုးခိုင်က ဒေါသတွေ ဖြစ်ပြီးရွာမှာ ရှိတဲ့ကလေးလူကြီး အားလုံးကို ရယကရုံးခေါ်ပြီး သူက ရယကရုံးနေရိပ်ထဲမှာ ရွာသူရွာသားတွေက နေပူ ကွင်းပြင်ထဲမှာ ငုတ်တုတ်နေရပြီး မိန့်ခွန်းတွေ ခြွေတယ်။ ဒဏ်ပေးထားတာပေါ့။ မနက်(၈)နာရီထဲကနေပြီး ခေါ်လိုက်တာ နေ့လည်(၃)နာရီထိပဲ။ ရွာသူရွာသားတွေ အလုပ်ပျက် အကိုင်ပျက်ပေါ့။ ရိုးသားတဲ့ ရွာသားတွေကို ပြောတဲ့စကားက ပခုံးကအပွင့်ကိုမှ အားမနာ အင်မတန်ရိုင်းစိုင်း တဲ့အသုံးနူန်းတွေသုံးတယ်။ မင်းတို့တွေ ယောင်္ကျားတွေ မဟုတ်ဘူး မိန်းမတွေပဲ ဖြစ်သင့်တယ် ဆိုပြီး ပြောပါတယ်။ ကြီးသူ ငယ်သူမရှောင် ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ ပြောဆိုပါတယ်။

မနေ့က နောက်ဆုံးထပ်သိရတာက အဲ့ဒီရွာ(၁၁)ရွာက တစ်ရွာကို ၅သောင်းနှုန်းနဲ့ ပေးရမယ်ဆိုပြီး ရွာသူကြီးတွေကို ပြောသွားပါတယ် တဲ့။ ရွာသားတွေရှေ့မှာ မပြောပဲရွာသူကြီးတွေကို ပြောသွားတာပါ။ ရွာသူကြီးတွေလည်း ဘာတတ်နိုင်မှာတုန်း ရွာသူရွာသားတွေကိုပဲ တတ်နိုင်သလောက် စုဆောင်းပေးဖို့ ပြောရတာပဲပေါ့။ နောက်ဆုံးမပေးနိုင်ရင် ကျေးရွာဥက္ကဋ္ဌတို့ ရွာသူကြီးတွေ ဆီက ကြက်ဝက်တွေ အတင်းယူတော့မှာလေ။ အဲ့ဒီတော့ ရိုးသားတဲ့ ရွာသူရွာသားတွေမှာ အလုပ်အကိုင်လည်းပျက်၊ နေပူထဲမှာ ငုတ်တုတ်ဒဏ်ပေးခံရ ဆူပူကြိမ်းမောင်းတာလဲ ခံရ၊ နောက်ဆုံး ရွာသူရွာသားတွေ ရှိစုမယ့်စု ငွေလေးနဲ့ ဆိုက်ပေးရတော့မှာပါ။ ဒါကတော့ ဦးဇင်းသိတဲ့ ရွာ(၁၁)ရွာပါပဲ။ ကျန်တဲ့ ရွာတွေမှာလည်း ဒီလိုပဲစစ်သားစုဆောင်းရေး ဆိုပြီးလုပ်အတင်းအကြပ် လုပ်နေတယ်ကြားပါတယ်။ ဒကာတို့ သတင်းမီဒီယာ တွေကနေပြီး ဒီမတရားမှုကို ဆက်လက်ဖြန့်ဝေ ပေးစေလိုပါတယ်။
ဆက်သွယ် ပေးပို့လာသူ အရှင်ဓမ္မရာဇာ အားကျေးဇူးတင်ပါသည်။

တိုင်းပြည်မှာ ဒီလိုမတရားမူတွေက နေရာတိုင်းမှာပါ... အပွင့်ကြီးတဲ့လူက ကြီးတဲ့အလျှောက်။ သေးတဲ့လူကလည်း သေးတဲ့အလျှောက် လက်နက်ရှိတယ် အာဏာရှိတယ်ဆိုပြီး ဗိုလ်ကျစိုးမိုးနေတာတွေပါ။ အကြီးစားလက်နက်ကိုင် နအဖမာဖီယားဂိုဏ်းကြီး တိုင်းပြည်မှာ ထင်တိုင်းကြဲနေကြတာ... တွေပါ....။ အဖိနှိပ်ခံ ပြည်သူလူထုတွေကတော့ ခံပြီးရင်ခံနေရတာပါပဲ။ ဘယ်ခေတ်ဘယ်အခါကနဲ့မတူ သူခိုး၊ဒါးမြထက် ဆိုးတဲ့ရန်သူ ကတော့ နအဖစစ်အာဏာရှင်တွေပါပဲ....

သတင်း... ဒီမိုဝေယံ
http://www.demowaiyan.co.cc/2010/05/blog-post_5620.html.

0 comments: