Monday, October 6, 2008

အသတ်ခံရတဲ့ ဂျပန်သတင်းထောက်ရဲ့ video လက်သိပ်ထိုး ရောငိးလိုသူ မြန်မာလူမျိုးတစ်ဦး အဖမ်းခံရခြင်း

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးလုပ်ရှားမှုအတွင်း သတင်း ဓါတ်ပုံယူရင်း စစ်အစိုးရ၏ စစ်တပ်မှ ပစ်ခတ်မှုဖြင့်သေဆုံးသွားခဲ့သော ဂျပန်သတင်းထောက် နာဂအိခန်းဂျီး၏ ဗွီဒီယိုတိပ်ခွေကို မောင်ဝင်းမင်းထွန်း(၃၁)နှစ် ဆိုသူ မြန်မာတစ်ဦးက ငွေနှင့်တိပ်ခွေ လဲလှယ်ရန် လက်သိပ်ထိုးတောင်းဆိုခဲ့သည်။


တိပ်ခွေလိုချင်လျှင် ဂျပန်ယန်း ၅၀၀,၀၀၀ ပေးလျှင် တိပ်ခွေပေးမည်ဟု နာဂအိခန်းဂျီး၏ လုပ်ဖော်ကိုင်ဖက်ထံ တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုမှုကို နာဂအိခန်းဂျီး၏ လုပ်ဖော်ကိုင်ဖက်မှငြင်းဆိုပြီးသည့်နောက် ရဲမှ တနင်္လာနေ့(၂၂.၉.၂၀၀၈) တွင်ဖမ်ဆီးလိုက်သည်။ ဂျပန်သတင်းထောက် နာဂအိခန်းဂျီး၏ ဗွီဒီယိုကင်မရာနှင့် တိပ်ခွေကို ဂျပန်အစိုးနှင့်ဆွေမျိုးမျာမှ စစ်အစိုးရထံ အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ယခုထိမရရှိသေးပေ။

0 comments: