Wednesday, October 31, 2007

စစ်ဗိုလ်ချုပ်များ၏ သားသမီးများနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ

၁။အောင်ဇော်ရဲမြင့် (ဗိုလ်ချုပ် ရဲမြင့်သား)။ ရဲတံခွန်ဆောက်လုပ်ရေး။လိပ်စာ- တာမွေမြို့နယ်။ ယုဇနပလာဇာ နောက်။

၂။ စစ်တိုင်းအောင်နှင့် စစ်သွေးအောင် (သစ်တောဝန်ကြီး ဦးအောင်ဖုန်းရဲ့သား) ။Sun Tac ပိုင်ရှင

၃။ ဆန်းဒေးမတ် Sunday Mart ( အောင်ဇော်ရဲမြင့် မိန်းမ အေးမြသာ ပိုင်တယ်။ )

၎။ အောင်ရီဖြိုးနဲ့ Rose Hill Hospital (ပိုင်ရှင်က ဦးအောင်သောင်းသား။ )

၅။ Happy Noodel - ပိုင်ရှင်- ဗိုလ်ချုပ်ကျော်ဘ ချွေးမဟောင်း ။သူ့ သား ဦးအေးထွန်းက စပ်သန္တာနွဲ့  နဲ့  ထပ်ယူထား တယ်၊ ဦး ထွန်းနိုင်ရွှေ (ဗိုလ်ချုပ်သန်းရွှေသား) မိန်းမရဲ့  သမီး ။ ယခု လက် ရှိ ပုဂံလေကြောင်းမှာ တာဝန် ယူထား ။

၆။ အောင်စိုးသာ။ (သူက ၀န်ကြီးဦးစိုးသာရဲ့ သား )MICT မှာ။

၇။ ကျော်မျိုးညွန့် (လယ်ယာ /ဆယ်မြောင်း ၀န်ကြီးဟောင်း ဗိုလ်ချုပ်ညွန့်တင်ရဲ့ သား) ဇနီး က ဒေါ်မြမြ၀င်း ( ဂျပန်) သမီးနဲ့၊၊ MMS Company - Super Market and Hotel Business က

၈။ ထွန်းနိုင်ရွှေ (ဗိုလ်ချုပ်သန်းရွှေသား ) J & J မှာ
၉။ ၀င်းထွေးလှိုင် (ဗိုလ်ချုပ်ဝင်းလှိုင်ရဲ့သား ) Herritage Golf Club
၁၀။ ထူုးထရိတ်ဒင်း ။ ပိုင်ရှင် ဦးတေဇ ။
၁၁၊ ပုဂံ လေကြောင်းလိုင်း ။ (ပိုင်ရှင်တေဇနဲ့ ဗိုလ်ချုပ်သန်းရွှေမိန်းမ ဒေါ်ကြိုင်ကြိုင်)
၁၂၊ မင်းသက်ဦး (သတ္တုတွင်းဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့် ) Pacific High Tech စီးပွားရေးလုပ်ငန်း
၁၃။ ဇင့်မြင်မောင် (ခ) စိုးစိုး ( ဗိုလ်ချုပ်မြင့်မောင် သမီး) နဲ့ ၀ဏ္ဏ ( ဗိုလ်ချုပ်ဝင်းမြင့်) သား တော်ဝင် လျှပ်စစ် လုပ်ငန်းကို တို့ စပ်တူလုပ်ကိုင်ခဲ့တယ်။
ဗိုလ်ချုပ် ၀င်းမြင့်သားက ကားတိုက်ပြီး ဆုံးသွားခဲ့တယ်။
၁၄၊ ထင်ကျော် ( ဗိုလ်မှူးချုပ်ကျော်ဝင်း ( ပြုတ်သွားတဲ့ ထောက်လှမ်းရေး။ ) အမည်မသိသေးတဲ့ ဆေးခန်း ( ဆက်လက်စုံစမ်းဖေါ်ထုတ်နေဆဲ) ၂၀၀၆ ခုနစ် ၊ ကြည်မြင်တိုင်ဖက်မှာ ဆေးခန်းအသစ်တခုရှိတယ်။

၁၅၊ ဖြူစိန်ဆိုင်- ဗိုလ်ချုပ်တင်ဦး ( သေဆုံး) ရဲ့ ဒုတိယသမီး ဖြုဖြူဦး ( အဆိုတော် ဖြူ )


၁၆။ မဝေေ၀သာ နဲ့ ဗိုလ်မှူး မောင်မောင်ကျော်(ဒုတိယညွန်ကြားရေးမှူးချုပ် )ဒိုင်းမွန်း ပဲလေ့စ် ကုမ္ပဏီ -က အင်လျားမြိုင်ထဲမှာ ရှိတယ်။
၁၇။ အေးရှားဝေါလ်ကုမ္ပဏီ အုပ်စု။ စတီဗင်လော - တရုပ်ကိုးကန့် လူမျိုး၊ လောစစ်ဟန်ရဲ့ သား။ ရန်ကုန်စီးပွားရေး တက္ကသိုလ်က ဘွဲ့ရတယ်။ စင်္ကာပူသူနဲ့ အိမ်ထောင်ကျတယ်။ သူ့ ပါတနာရဲ့ မိန်းမကို သစ္စာဖေါက်ပြီး သူယူလိုက်တာ ဖြစ်တယ်။တနိုင်ငံလုံးမှာသူ့ စီးပွားရေးတွေချည်းပဲ ဖြစ်တယ်။ ဥပမာ - ဆောက်လုပ်ရေး၊ ကြည်းမြင်တိုင်မှာ ကိုယ်ပိုင် ဆိပ်ကမ်းရှိတယ်။ လှည်းတန်း အ၀ိုင်းက မြေကွက်လပ်ကိုလည်း ပိုင်တယ်။ မန္တလေး-လားရှိုးလမ်းကို လည်း သူပိုင်တယ်။ မူဆယ်အထိ ရောက်တယ်။ တရုံးလုံးက သူ့ ကိုဆရာကြီးလို့ ခေါ်မှ ကြိုက်တယ်။ရန်ကုန်-အင်းစိန် လမ်းမပေါ်မှာ အများပိုင်မြေတွေကို မတရား သိမ်းယူခဲ့တယ်။ အိမ်ထောင်စုပေါင်း တစ်ထောင်ခန့်၊ လူဦးရေ တစ်သောင်းခန့်ကို (နအဖ) စစ်အစိုးရ နဲ့  ပေါင်းပြီး ဖယ်ရှားခဲ့တယ်။ ဒီမြေကွက်ပေါ်မှာ နန်းတော်တမျှ အိမ်ဆောက်ပြီး နေထိုင်လျှက် ရှိတယ်။ သူအိမ်ကို Google Map မှာ ကြည့်နိုင်ပါတယ်။သူ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။၁၈။ အေဒင် ဆောက်လုပ်ရေးနဲ့ မရီနာ ရက်ဆီဒင့်- နေရာက ကမ္ဘာအေးဘုရားလမ်းမပေါ်မှာရှိတယ်။ပိုင်ရှင်က ဦးချစ်ခိုင်။ အသက် ၆၀ ခန့်။ NLD လူဟောင်း။ ဗိုလ်ချုပ်မောင်အေးရဲ့ စနအ ( တရိစ္ဆာန်ဖြစ်တယ်။)

။၁၉၊ ကမ္ဘောဇဘဏ် - ပိုင်ရှင်က ဦးအောင်ကိုဝင်း ( ဆရာကျောင်း။) မောင်အေးရဲ့ စီးပွာရေး လက်ရုံး။၂၀။ ဗိုလ်ချုပ်ရွေမန်းအမျိုးများအကြောင်း ( မကြာမီ ဖေါ်ပြပါမည်။ )
၂၁။ ယဉ်ဝင်းသူ MNT (Myan New Technology )။ ဗိုလ်ချုပ်မောင်အေးသမီး နန္ဒာအေးနဲ့ ဘာလိုလို အချစ်တော် ဖြစ်ခဲ့တယ်။ စီအန်ဂျီဓါတ်ငွေ့ရည် ပရောဂျက်ကိုလည်း လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရနေတယ်။ ၆ မိုင်ခွဲ။ စွပ်ကျယ်စက်လမ်းမှာ နေတယ်။

0 comments: