

ဒီပုံတွေမှာကတော့ တေဇရဲ့  ညာလက်ရုံးလူ (မျက်မှန်တပ်ထားသူ) ဦးလု (U Lu) ဆိုသူဖြစ်ပါတယ်။ ဦးလုဟာ အမေရိကန်နိုင်ငံသားဖြစ်ပြီး Daly မြို့ မှာ နေထိုင်ပါတယ်။ လေလောဆယ်မှာတော့ သူနဲ့  သူ့ မိန်းမဟာ မြန်မာပြည်မှာ နေထိုင်နေကြပြီး၊ သူရဲ့ သမီး စီစီလီ (Cicily) ကတော့ ဆန်ဖရန်စစ္စကိုမြို့ မှာနေထိုင်နေပါတယ်။ တေဇရဲ့  ငွေကြေးတွေကို ဦးလုရဲ့  ဘဏ် account ထဲက တစ်ဆင့် အမေရိကကို ပိုက်ဆံလွဲပေးနေတယ်လို့  သိရှိရပါတယ်။ ဒီ့အတွက် အမေရိကရဲ့  sanction list နဲ့  visa ban ထဲမှာ ဦးလုတို့ မိသားစုကို ထည့်သွင်းသင့်ပါတယ်။

ဒီပုံမှာကတော့ ဦးလုရဲ့ သား ဖြစ်သူ (တေဇရဲ့ သား ပိုင်ဖြိုးတေဇရဲ့  အချစ်ဆုံးသူငယ်ချင်းပါ)။

ဒီပုံထဲက မိန်းကလေးကတော့ ပိုင်ဖြိုးတေဇနဲ့  ထက်တေဇတို့ ရဲ့  မောင်နှမ၀မ်းကွဲ ဖြစ်သူ ခိုင်ချိုမြင့် ဖြစ်ပါတယ်။ အမေဖြစ်သူ ဒေါ်ခိုင်ဇော် (ခ) မခိုင် ဟာ တေဇလို စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး ၁၉၉၈ တုန်းက ထိုင်းဗိုလ်ချုပ်တွေ အမတ်တွေနဲ့  ရောထွေးဆက်ဆံခဲ့သူလို့  ဘန်ကောက်ပို့ စ်သတင်းစာမှာ နာမည်ကြီးခဲ့သူပါ။ ဒေါ်ခိုင်ဇော်ဟာ အမေရိကရဲ့  sanction list ထဲမှာ ပါပေမယ့် သူရဲ့  သမီးတွေကတော့ မပါပါဖူး။ ခိုင်ချိုမြင့်တို့ ညီအစ်မတွေဟာ ဆန်ဖရန်စစ္စကိုတက္ကသိုလ်မှာ ကျောင်းတက်နေပါတယ်။ သူအမေရဲ့  ငွေကြေးတွေကို သမီးတွေရဲ့  ဘဏ် account ထဲကနေ အမေရိကမှာ လွဲပြောင်းနေတဲ့အတွက် sanction list ထဲမှာ ဒီမိန်းကလေးတွေရဲ့ အမည် ပါသင့်ပါတယ်။

ဒီဓါတ်ပုံထဲက အလယ်က မိန်းကလေးဟာ စီးပွားရေးလုပ်ငန်းရှင် ဦးမြဟန်ရဲ့  သမီးဖြစ်ပါတယ်။ ဦးမြဟန်ဟာ တေဇတို့ နဲ့  အဆက်အသွယ်ရှိနေသူပါ။ ဒီမိန်းကလေးဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ ကျောင်းတက်နေပါတယ်။ သူ့ ကိုလည်း sanction list ထဲမှာ ထည့်သင့်ပါတယ်။

ဒီဓါတ်ပုံထဲက အလယ်ကတစ်ယောက်ကတော့ ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းရဲ့  သားဖြစ်ပါတယ်။ ပိုင်ဖြိုးတေဇတို့ နဲ့  နီးကပ်စွာပေါင်းနေတဲ့ သူငယ်ချင်းဖြစ်ပါတယ်။
Posted by Niknayman at 5:01 AM
0 comments:
Post a Comment