Friday, June 11, 2010

တာချီလိတ်က သတင်း

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ ကြံ့ဖွံ့အသင်းမှ မကာဟိုခမ်းရပ်ကွက် ဥက္ကဌ ဦးစိုင်းအောင်ခမ်း သည်

(၁) ၁၀.၅.၂၀၁၀ တွင် မကာဟိုခမ်းရပ်ကွက် တကြောတွင် လေမုန်တိုင်းကြီးစွာ တိုက်ခတ်ခံခဲ့ရာ ပျက်စီးသွားသော အဆောက်အအုံများကို ပြုပြင်ရန်အတွက် အထက်လူကြီးများမှမှ ထောက်ပံ့ငွေချပေးခဲ့ပါသည်။ ထိုထောက်ပံ့ငွေကို

လေဘေးခံရသူများဘက်ကို မျှမျှတတ မပေးပဲ ၎င်းနှင့် သိသူခင်သူကိုသာ ဦးစားပေး၍ ပေးဝေပြီး၊ တစ်ကယ် အပျက်စီးခံရသော ရပ်ကွက်သားများမှာ ထောက်ပံ့ငွေ မရပဲ ရှိနေပါသည်။ ထို့အပြင် ထောက်ပံ့ငွေ တစ်ဝက်ကိုလည်း ငွေပိုဟု သတ်မှတ်ကာ

၎င်းမှ သိမ်းထားမည်ဟုဆိုကာ ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲနေသည်။


(၂) မကာဟိုခမ်းရပ်ကွက်တွင် နာရေးကူညီမူအသင်း ဟုရည်ရွယ်ကာ နာရေးအဆောက်အဦးကို ဆောက်လုပ်နေပါသည်။ ဆောက်လုပ်နေသည်မှာလည်း ကြာနေပါပြီ။ နာရေးအဆောက်အဦးကို မဆောက်ခင်ကတည်းက အဆောက်အဦးအတွက်

အလှူငွေဆိုပြီး ကောက်ခံနေသည်မှာ ယခုထိဖြစ်ပါသည်။ အလှူငွေများလည်း အပြည့်အ၀ရရှိနေသော်လည်း အဆောက်အဦးမှာ တစ်ဝက်တစ်ပျက်သာဖြစ်နေပါသည်။ ဧည့်စရင်းလာတိုင်သူများ၊ ထောက်ခံစာလာယူသူများကိုလည်း

နာရေးအဆောက်အဦးအတွက် အလှူငွေထည့်ထားပါအုံးဟုဆိုကာ တောင်းခံနေပါသည်။ မကာဟိုခမ်းရပ်ကွက် ဥက္ကဌ ဦးစိုင်းအောင်ခမ်းသည် မျောက်ပြ၍ ဆန်းတောင်းနေသကဲ့သို့ဖြစ်နေပါသည်။


(၃) မီးသတ်ဦးစီးဌာနမှ ပြုလုပ်သော အရန်မီးသတ်သင်တန်းအတွက် ဟုဆိုကာ တစ်အိမ်ကို ဘတ်၄၀ နှုန်းဖြင့် ကောက်ခံနေပါသည်။ အမှန်မှာ မီးသတ်ဦးစီးဌာနမှ ရပ်ကွက်အတွင်း ၎င်းသင်တန်းအတွက် ငွေများကို ကောက်ခံခိုင်းခြင်းမပြုပါ။

သို့သော်လည်း ဦးစိုင်းအောင်ခမ်းမှာ အခွင့်အရေးရသည်နှင့်အညီ ငွေများကို ကောက်ခံနေသည်။


(၄) ဥက္ကဌ ဦးစိုင်းအောင်ခမ်း သည် ရံဖန်ရံခါ၌ အရက်များမူး၍ ရပ်ကွက်အတွင်း ပတ်ကာ ဆူဂေါက်ကာ အာဏာပြနေပါသည်။


တာချီလိတ်မြို့တွင် ရပ်ကွက် ဥက္ကဌလုပ်လိုပါက ရိုးရိုးရပ်ကွက်သားအနေဖြင့် မရပါ။ ကြံ့ဖွံ့သင်းဝင်မှ ရပါသည်။ ကြံ့ဖွံ့အသင်းဝင်ရာတွင်လည်း တာချီလိတ်မြို့မှ ကြံ့ဖွံ့ခေါင်းဆောင် ဦးဘိုစံ နှင့် ရင်းနှီးမှ ရပ်ကွက်ဥက္ကဌ ပြုလုပ်ခွင့်ရှိသည်။ ယခု

မကာဟိုခမ်း ဥက္ကဌ ဦးစိုင်းအောင်ခမ်းသည် ကြံ့ဖွံ့ခေါင်းဆောင် ဦးဘိုစံအား ပေးကမ်း၍ ယခင်ဥက္ကဌ ဦးအောင်ထိုက်အား ဖြုတ်ချကာ ၎င်းက မကာဟိုခမ်း ဥက္ကဌရာထူးကို အရယူခဲ့ပါသည်။ ယခုဥက္ကဌသည် ခေါင်းဆောင်မှုအပိုင်း၊ စရင်းပိုင်း၊

စီမံခန့်ခွဲမှုအပိုင်းကို လုံးဝ(လုံးဝ)ကိုမတတ်ပါ။ ၎င်းတတ်သည်မှာ အာဏာပြ၊ ငွေကောက်ဖို့သာတတ်ပါတော့သည်။

မကာဟိုခမ်းရပ်ကွက်သူ/သား ထဲမှ မခံမရပ်နိုင်တော့သဖြင့် အများသိအောင် ရင်ဖွင့်လိုက်ပါတယ်

တာချီလိတ်မှ
-ဆားပုလင်း-
Rest of your post

0 comments: