Friday, August 31, 2007

စွမ်းအားရှင်နှင့်  ကြံ့ ဖွတ်များ အလိုရှိသည်။


ယနေ့ မှစပြီိးရန်ကုန်မြို့ ထဲလူစည်ကားရာနေရာတွင်ရပ်ထားသည့် မသင်္ကာဘွယ်ရာ ဒိုင်နာကားများ၊တခြား ကားများကို နံပါတ်နဲ့ တကွမှတ်ပြီး အွန်လိုင်းပေါ်တင်ပေးကြပါရန်လှုံ့  ဆော်အပ်ပါသည်။

ကြံဖွတ်နဲ့ စွမ်းအားရှင်များသုံးသည့် လိုင်းကားဒိုင်နာများ ဘယ်ချောင်ဘယ်နားမှာရပ် ထားသည်။ လူအင်အား ဘယ်လောက်ဘယ်လိုပုံစံပါသည်၊ အခြေအနေ ကဘယ်လိုစသည်ဖြင့် ၀ိုင်းဝန်းသတင်းပေးခြင်းဖြန့် ချီခြင်း ပြုကြပါစို့ ၊။

ကိုယ်ကျိုးစွန့် လွတ်ပြီး လမ်းလျှောက်နေသော ညီအစ်ကိုမောင်နှမများအတွက်ကြိုတင်သိရှိပြီး သတိထားနိုင်ရန် ကျွန်တော်တို့ ဖက်မှအတတ်နိုင်ဆုံး ကူညီရန်အစီအစဉ်ဖြစ်ပါသည်။

ဖြစ်နိုင်မည်ဆိုပါလျှင် ကားနံပါတ် အမျိုးအစားနဲ့ အရောင်၊ မထသဘယ်လိုင်းကဖြစ်သည် ဆိုတာပါ တိတိကျကျ နှင့်  ဓါတ်ပုံပါ ဖေါ်ပြပေးနိုင်ရင် အကောင်းဆုံးဖြစ်သည်။

ရပ်ကွက်အတွင်းနေထိုင်သူများက လည်း ကျေးဇူးပြုပြီး မိမိတို့ ရပ်ကွက် အတွင်းရှိ ကြံ့ဖွတ်။ စွမ်းအားရှင် နဲ့ အခြား မသင်္ကာဘွယ် လူစုခြင်း၊ လူမိုက်များ အား ကားနဲ့ လာတင်ခြင်း၊ လှုပ်ရှားမှု သတင်းများကို သက်ဆိုင်ရာ ရပ် ကွက်အလိုက်တင်ပြကြပြီး၊ ဖြစ်နိုင်မည်ဆိုလျင် စွမ်းအားရှင်အနေနှင့်လိုက်ပါသူ နာမည် အိမ်လိပ်စာ၊ ကြံ့ဖွတ် နာမယ် အိမ်လိပ်စာ အခြေအနေ စာရင်းတို့ ကိုတင်ပေးပါ။

ဘလော့ခ် ပိုင်ရှင်များကလဲ တင်ပေးလာသော အချက်အလက်များကို သေချာစီစစ်ပြီး ဖြစ်နိုင်ရင် အပြန်အလှန် confirm လုပ် တိကျမှုကိုယူပြီး အမြန်ဆုံး ကူညီသတင်းဖြန့် ချီပေးပါ။

ကျွန်တော်တို့ ITသမားများကလဲ မှန်ကန်မြန်ဆန်တိကျတဲ့ သတင်းအထောက်အထား သက်သေခိုင်လုံ တဲ့ပုံများ စာများ ရသလောက်အမြန်ဆုံး စုဆောင်းပြီး တတပ်တအားဝိုင်းဝန်း ပါဝင်ကြပါစို့ ။

လမ်းလျှောက်ချီတက်လှုပ်ရှားမှုများကိုသက်ဆိုင်ရာသတင်းဌာနသတင်းထောက်ကရိုက်ယူမှာသေချာပါ သည်။ သို့ သော်ယင်းလမ်းလျှောက်သူများ ကိုသတ်ဖြတ်နှိပ်စက်ခြေမှုန်းရန် ယုတ်မာပက်စက်သည့် အကြံနဲ့ လုပ်နေ သည့် မည်သည့်အဖွဲ့ အစည်းမဆိုရဲ့ သတင်းများကို ကျွန်တော်တို့ အားလုံးမှ ၀ိုင်းဝန်းယူပေးခြင်းအားဖြင့်၊ သ တင်းလောကရဲ့ လိုအပ်ချက်။ ဒီမိုကရေစီ ပြန်ကြားရေး လောကရဲ့လိုအပ်ချက်ကိုအားလုံး တက်ညီ လက်ညီဝိုင်း ၀န်း ဖြည့်စည်း ကူညီကြပါစို့ ။

Blogပိုင်ရှင်များမှလည်းယခုတင်ပြသည်များကိုလက်ဆက်ကမ်းဖြန့်ဝေပြီး၊တခြားBlogများတွင်လည်းတင်ပြပေး ကြပါ။

အမြန်ဆန်ဆုံး အတိကျဆုံးနှင့် မိမိတို့ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ ကူညီဆောင်ရွက်ကြပါစို့ ။

နစ်နေမန်း

0 comments: