Wednesday, November 12, 2008

နအဖရဲ့ ဝိသမလောဘသား စားဖားများ (Sanction List)

Tuesday, November 11, 2008


Saturday, November 8, 2008

ငတက်ပြား သက်ကျားအိုဝန်ကြီး



စက်မှု (၁) ၀န်ကြီးဌာနနှင့် နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သူ လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် စိုင်းစံထွန်းနှင့် စက်မှု (၁) ၀န် ကြီးဌာန မြန်မာ့စားသောက်ကုန်လုပ်ငန်းတို့ မကြာခင်က စာရင်းရှင်း ကြရာ စိုင်းစံထွန်းဘက်မှ ပေးရန် ငွေကျပ်သန်းပေါင်း (၆,၀၀၀) ကျော် မပေးနိုင်ဖြစ်နေ၏။ သို့သော် စိုင်းစံထွန်း ပိုင်ဆိုင်သည့် Great Myanmar အချိုရည်စက်ရုံ၏ ရှယ်ယာအတော်များများမှာ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း ပိုင်နေသည့်အတွက် စိုင်းစံထွန်း ကျပ်သန်း ပေါင်း (၆,၀၀၀) ကျော် ပြန်မဆပ်လျှင် စက်မှု (၁) ၀န်ကြီး ဦးအောင် သောင်း မည်သို့အရေးယူမည်ကို ရန်ကုန်စီးပွားရေးလောကမှ စိတ်ဝင် တစား ဖြစ်နေကြ၏။

စင်စစ် စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းသည် အသက် (၇၂) နှစ်ရှိသည့်တိုင် လောဘရမက်အကြီးဆုံး ၀န် ကြီးအဖြစ် ထင်ရှား၏။ အဂတိလိုက်စားမှုတွင် ၀န်ကြီးတကာဝန်ကြီး အားလုံးထက်ပင် သရဖူဆောင်းသည်ဟု နာ မည်ကြီး၏။

အန်အယ်လ်ဒီကို လူထုဆန့်ကျင်ပွဲလုပ်အောင် စတင်ဖန်တီးသူမှာလည်း ၀န်ကြီးဦးအောင်သောင်းဖြစ်၏။ တ ချိန်က ပုဂံလူထုချီတက်ပွဲများလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လူထုရှုတ်ချပွဲပုံစံ ဖန်တီးရန်အတွက် မန္တလေး နန်းတွင်း ရတနာပုံဧည့်ဆောင်ကနေ ဦးအောင်သောင်း ကြိုးကိုင်ခဲ့၏။ ထိုအချိန်က မန္တလေးတိုင်းမှူး ဒု-ဗိုလ်ချုပ် ကြီးရဲမြင့်နှင့် ဦးအောင်သောင်းသည် စစ်သင်တန်း တပတ်တည်းဆင်း ဖြစ်သည့်အတွက် အလွန်ရင်းနှီး၏။ ထို့ ကြောင့် လူထုဆန္ဒပြပွဲများကို စည်းရုံးရန် ဦးအောင်သောင်း မန္တလေးရောက်တိုင်း နန်းတွင်းရတနာပုံ ဧည့်ခန်း ဆောင်ကို အသုံးပြုဖို့ ထိုအချိန်က မန္တလေးတိုင်းမှူး ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က ခွင့်ပြုခဲ့၏။ သို့သော် နောက်ရောက် လာသည့် မန္တလေးတိုင်းမှူးများက ဦးအောင်သောင်းအား သဘောမကျသည့်အတွက် နန်းတွင်းရတနာပုံ ဧည့် ခန်းဆောင်ကို အသုံးပြုခွင့်မပေးသဖြင့် မန္တလေး ဘီယာစက်ရုံ၊ အရက်စက်ရုံများရှိ ရိပ်သာများ၌သာ တည်းခို ပြီး စည်းရုံးရေးလုပ်ငန်းများ လုပ်ရ၏။

အစိုးရထောက်ခံပွဲများ ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချပွဲများ ဖန်တီးသည့်နည်းဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မျက်နှာသာပေးမှုကို ဦးအောင်သောင်း ရယူနိုင်ခဲ့သည်။ ထိုသို့ လူထုထောက်ခံပွဲများ လုပ်ရာတွင် စက်မှု (၁) လက်အောက်ခံ စက်ရုံများမှ ၀န်ထမ်းများကို အဓမ္မနည်းဖြင့် ချွေးတပ်ဆွဲပြီး အသုံးချခဲ့သည်ဟု သက်သေအ ထောက်အထားများနှင့်တကွ ဦးအောင်သောင်း၏ လက်ထောက်များက ပြော၏။ စက်မှု (၁) ၀န်ကြီးဌာနလက် အောက်တွင် မြန်မာ့အထည်အလိပ်လုပ်ငန်း၊ မြန်မာ့စားသောက်ကုန်လုပ်ငန်း မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်း လုပ်ငန်း၊ မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်းနှင့် မြန်မာ့အထွေထွေနှင့် ပြုပြင် ထိန်းသိမ်းရေး စက်မှုလုပ်ငန်းဆိုပြီး ဌာနကြီး (၆) ခုရှိ၏။ ထိုလုပ်ငန်းဌာနကြီး (၆) ခုလုံးပေါ်မှ လုပ်ငန်း များကို မိမိကိုယ်ကျိုးအတွက် ဦးအောင်သောင်း အသုံးချသည်ဆိုပြီး လက်အောက်အရာရှိများက ထုတ်ဖော် ပြော၏။

စက်မှု (၁) ၀န်ကြီးဌာနလက်အောက်ရှိ သာပေါင်းပျော့ဖတ်စက်ရုံကို တရုတ်ကုမ္ပဏီ အကူအညီနှင့် တည် ဆောက်ရာတွင် တရုတ်ကုမ္ပဏီက ဦးအောင်သောင်းကို ဒေါ်လာ (၁) သန်း ကော်မရှင်ပေးရသည်ဟု ရန်ကုန် အနောက်တိုင်း သံတမန်များက ပြော၏။

ပုဂ္ဂလိက ဘိလပ်မြေစက်ရုံတရုံတည်လျှင် အရင်း အမေရိကန်ဒေါ်လာ (၈) သန်း ကုန်ကျ၏။ ထိုအထဲမှ ၀န်ကြီး ဦးအောင်သောင်းကို ဒေါ်လာ (၁) သန်း ကော်မရှင်ပေးရသည်ဟု ခိုင်လုံသည့် သတင်းရပ်ကွက်များက ပြော၏။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘိလပ်မြေစက်ရုံ (၈) ရုံ တည်ထားသည့်အတွက် ဦးအောင်သောင်းမှာ ဘိလပ်မြေ စက်ရုံတလုံးဖိုးနှင့် ညီမျှသည့် ဒေါ်လာ (၈) သန်း ကော်မရှင်ရပြီးဆိုသည့် သဘောဖြစ်၏။

လောလောဆယ် သာစည်အရှေ့ဘက် ပြင်ညောင်မှာ ရတနာသိင်္ဂီကုမ္ပဏီမှ ဆောက်လုပ်ပေးနေသည့် ဘိလပ် မြေစက်ရုံမှာ ၀န်ကြီးဦးအောင်သောင်းအတွက် ဖြစ်သည်ဟု စက်မှု (၁) ၀န်ကြီးဌာနတခုလုံး လူသိများ၏။ အ ထူးသဖြင့် စက်မှု (၁) ၀န်ကြီးဌာန လုပ်ငန်းအတော်များများကို ဦးအောင်သောင်းနှင့် ရင်းနှီးသည့် ပုဂ္ဂလိကကု မ္ပဏီ များသာ လက်ဝါးကြီးအုပ် လုပ်ခွင့်ပေးထား၏။ ဥပမာ - ရွှေသံလွင်၊ ရတနာသိင်္ဂီ၊ ကျော်သာ၊ Mother Trading စသည့် ကုမ္ပဏီများမှာ ထင်ရှား၏။ စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ခံ စီမံကိန်းများမှ Steel Structure လုပ်ငန်းမှန်သမျှကို ဦးဝင်းလွင်ပိုင် ကျော်သာကုမ္ပဏီ တဦးတည်းကိုသာ ဦးအောင်သောင်းက ကန် ထရိုက်လုပ် ခွင့်ပေးထား၏။

ထိုငတက်ပြားဝန်ကြီး ဦးအောင်သောင်းသည် မကြာခင် မန္တလေးတိုင်း ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီကို ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး နောင်ပေါ်ပေါက်မည့် ရုပ်သေးအရပ်သားအစိုးရလက်ထက်တွင် မန္တလေးတိုင်းဒေ သကြီးအဆင့် ၀န်ကြီးချုပ်အဖြစ် အရွေးခံဦးမည်။ ထိုသက်ကျားအိုဝန်ကြီး ဦးအောင်သောင်းကို ခေတ်ပြိုင်က အထူးရှုတ်ချသည်။

(၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလထုတ် ခေတ်ပြိုင်ဂျာနယ် ‘အယ်ဒီတာ့အာဘော်’ မှ …)

အချက်အလက်ရှာဖွေစုဆောင်းခြင်း (ဥပမာ သာဓက)

ဤပိုစ့်တွင် အချက်အလက်ရှာဖွေစုဆောင်းခြင်း ကို ဥပမာ နေဖြင့် ဖေါ်ပြသွားပါမည်။

ယခင်ပိုစ့်တွင် ဆက်စပ် (လင့်ခ်) တင်ပြခဲ့သည့် http://burmese.dvb.no/news.php?id=6038 သတင်း ကိုပြန်လည်ဆန်းစစ်ပါ။ ထိုသတင်းတွင် မိထ္ထီလာ အခြေစိုက် လေတပ် ဗိုလ်တဦးက ၁၉ နှစ် အရွယ် ဆယ်တန်းကျောင်းသား ကလေးအား ဓါးဖြင့်ထိုးသတ်ကြောင်း၊ အလောင်းကို ဝေးလံသောနေရာတွင် မြှုပ်နှံကြောင်း၊ မိသားစုအား ငွေ၁၅သိန်း လျော်ကြေးပေးကြောင်း များ ဖေါ်ပြထားပါသည်။

လူသတ်မှုကိုကျူးလွန်သော ဗိုလ်ကြီးအောင်တေဇာ အမည်ရှိ လေတပ်တွင် အမှုထမ်းဆောင်နေသူသည် ဥပဒေအရ အရေးယူခံရ ခြင်းရှိမရှိ သတင်းမရ ရှိပါ။

ဤကဲ့သို့သောအခြေအနေ မျိုးတွင် ယခုဘလော့ဂ်ကဲ့သို့  သတင်းဖြန့်ဝေသူများ၏ အခန်းကဏ္ဍသည်များစွာ အရေးကြီးအသုံးဝင်လာ ပါသည်။

ဗိုလ်ကြီးအောင်တေဇာ သည် အကြီးဆုံးသောရာဇဝတ်မှုကြီးဖြစ်သည့် လူသတ်မှုကို ကျူးလွန်သူ ဖြစ်ပါသည်။ ၎င်းသည် ရာဇဝတ်သားဖြစ်သည့်အားလျော်စွာ အကျဉ်းထောင်ထဲတွင် ရာသက်ပန် နေထိုင်သင့်ပါသည်။

၎င်း၏ ဇနီးသည်ဖြစ်သူ မိထ္ထီလာစစ်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်အမျိုးသမီးသည် မိမိယောက်ျား လူသတ်သမား၏ အကြောင်းကို သိသင့်သိထိုက် ခွင့်ရှိသင့်ပါသည်။ အဘယ်သူသည် လူသတ်သမားနှင့် ညစဉ် အိပ်ရာဝင် ပျော်ရွှင်ပေါင်းဖက် ဆက်ဆံလိုစိတ် ရှိပါအံ့နည်း။ ထို့အပြင် ၎င်းကိုယ်တိုင်တွင်လည်း အသက်အန္တရယ် စိုးရိမ်ဖွယ်ရာ ရှိပါသည်။ (ဗိုလ်ကြီးအောင်တေဇာ သည် ကလေးအလောင်းကို စစ်ဆေးရုံ ရေခဲတိုက်သို့ သယ်ဆောင်ခဲ့ပါသည်။ သို့သော် ၎င်းသည် ဤကလေးအား ၎င်းကိုယ်တိုင် သတ်ခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းသို့ သတင်းပို့ဝန်ခံခြင်းမရှိခဲ့ပါ။)

ဗိုလ်ကြီးအောင်တေဇာ၏ မိဘဆွေမျိုးများသည်လည်း ၎င်းတို့၏ လူသတ်သမား သား အကြောင်းကို သိရှိထိုက်ပါသည်။ ၎င်းတို့၏ ချစ်မညီးသော သားအာဇာနည်ဗိုလ်ကြီးသည် အခြားမိဘ တဦး၏ ရင်နှစ်သည်းခြာ အပစ်မဲ့လူငယ်လေးတယောက်အား မောက်မာရက်စက်စွာ ဓါးဖြင့် အသေထိုးသတ် ခဲ့ပါသည်။ အကယ်၍ အခြားသူတဦးက ဗိုလ်ကြီးအောင်တေဇာ အား ဓါးနှင့်ထိုးသတ်ပြီး ငွေ ၁၅သိန်းကို မိဘများအား လျော်ကြေးလာပေးပါက ၎င်းတို့ သည် ကျေကျေနပ်နပ် မေ့မေ့ပျောက်ပျောက်ဖြင့် ထိုငွေများအား ပျော်ရွှင်စွာသုံးစွဲ ပါမည်လော။

ဗိုလ်ကြီးအောင်တေဇာ တာဝန်ထမ်းဆောင်နေသော မိထ္ထီလာ မြေပြင်အတတ်သင်လေတပ်စခန်းမှ သက်ဆိုင်ရာ အရာရှိအရာခံ များနှင့် မိထ္ထီလာ ပြည်သူ့ ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိ များ အားလုံးသည်လည်း ဤလူသတ်မှုကြီးအကြောင်းကို သိသင့်သိထိုက်ပါသည်။ သို့မှသာလျင် ၎င်းတို့သည် ဗိုလ်ကြီးအောင်တေဇာ အား သက်ဆိုင်ရာ ဥပဒေများ အရ အရေးယူဆောင်ရွက်သွား နိုင်မည်ဖြစ်ပါသည်။

ထိုအကြောင်းများကြောင့် တာဝန်သိမြန်မာလူမျိုးများတို့သည် ဤလူသတ်မှုအကြောင်းကို DVB မှဖေါ်ပြခဲ့ပြီးဖြစ်သော်လည်း ထပ်မံ၍ မှတ်တမ်းတင် သတင်းဖြန့် ဝေသင့်ကြပါသည်။

လေးစားစွာဖြင့်

နေခြည်ဦး

မြန်မာပြည်ကလူ၊ စကားဝဲ၏

အသင်မြန်မာပြည်က လာပါသလား။

အသင်သည် ဗမာ(သို့ မဟုတ်)တိုင်းရင်းသား မျိုးနွယ် ဖြစ်ပါသလား။

အသင်သည် အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည် ကိုစွန့် ခွာပြီး တိုင်းတပါးတွင် အခြေစိုက်နေထိုင်လုပ်ကိုင်စားသောက် နေပါသလား။

အသင်သည် မြန်မာပြည်၏ အဖက်ဖက်မှ ယိုယွင်းပျက်စီးနေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို သိရှိ၊သတိပြု မိပါသလား။

အသင်သည် ထိုကဲ့သို့ အဖက်ဖက်မှ ယိုယွင်းပျက်စီးနေသော မြန်မာနိုင်ငံတွင် သန်းပေါင်းများစွာသော လူများ နေ့စဉ်ထမင်းနပ်မှန်မှန် စားရရေးနှင့် အရှက်လုံရန်ဝတ်ဆင်ရေးတို့ အတွက် ပင်ပမ်းဒုက္ခကြီးစွာ ရုန်းကန်လှုပ်ရှား နေကြရကြောင်း သိရှိ၊ နားလည်၊ ခံစား မိပါသလား။

အသင်သည် မြန်မာနိုင်ငံတွင် ထောင်ပေါင်းများစွာသော ရိုးသားဖြောင့်မတ်၊ အမှန်တရားဘက်မှ ရဲဝံ့စွာရပ်တည် သူများသည် မတရား ညှင်းပမ်းနှိပ်စက် ခံရ ရုံသာမက နှစ်ရှည်လများ ထောင်သွင်းအကျဉ်းချ ခံကြရသည် ကို သိရှိ နားလည် ခံစားမိပါသလား။

အသင်သည် ဖေါ်ပြပါသတင်းများဖြစ်သည့် -

နိုင်ငံတော်၏လျှို့ ဝှက်ချက်များ

၁၀တန်းကျောင်းသားကိုဓားနှင့်ထိုးသတ်သော မိထ္ထီလာလေတပ်က ဗိုလ်ကြီးအောင်တေဇာ

မတရားမှုများကို ကျူးလွန်နေသော တရားရုံး

စသည်များကို ဖတ်ရှုသော အခါ စစ်ဝါဒ စနစ်ဆိုးကြောင့် အစစပျက်သုန်းနေပြီဖြစ်သော မြန်မာနိုင်ငံကို၎င်း၊ ဒုက္ခဆင်းရဲခြင်းကြီးစွာဖြင့် မတရားဖိနှိပ်ချုပ်ခြယ်မှုကို ပြင်းထန် ဆိုးရွားစွာ ခံစားနေကြရသော ရိုးသားအပြစ်မဲ့သည့် ပြည်သူများကိုသော်၎င်း တနည်းတဖုံအားဖြင့် ကူညီလိုစိတ် ရှိပါသလား။

အကယ်၍ ကူညီလိုစိတ်ရှိပါလျင် ဤဘလောဂ့်တွင် ဖေါ်ပြထားသော စာရင်းဇရားပြုစုမှတ်တမ်းတင်ခြင်း ပိုစ့် ကို ကျေးဇူးပြု၍ ဖတ်ရှုပြီး ထိုလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက် ပေးပါ။

အသင်၏ အားလပ်ချိန်တွင် တနေ့ ကို နာရီဝက်၊ တနာရီခန့်မျှ စာရင်းပြုမှတ်တမ်းတင် ခြင်းဖြင့် စစ်အာဏာရှင်အစိုးရ အား ထိမိပိုင်နိုင်စွာ ထိုးစစ်ဆင် တိုက်ခိုက်နိုင်ပါသည်။

လေးစားစွာဖြင့်

နေခြည်ဦး

အောင်တေဇာ၊ ဗိုလ်ကြီး၊ မိထ္ထီလာလေတပ် Aung Tayza, Captain, Meiktila Air Base

အောင်တေဇာ၊ ဗိုလ်ကြီး၊
မြေပြင်အတတ်သင် လေတပ်စခန်း (လမတ)
မိထ္ထီလာလေတပ်
မန္တလေးတိုင်း

၎င်းသည် အသက် ၁၉နှစ် အရွယ် ဆယ်တန်းကျောင်းသား ကလေးအား ၆ လက္မ ဓါးမြှောင်ဖြင့် နိုဝင်ဘာ ၂ ရက် ၂၀၀၈ က ထိုးသတ် ခဲ့ပါသည်။ ထို ကလေး၏ အလောင်းအား ၎င်း၏ မိန်းမ ဆရာဝန်ဖြစ်သူ အလုပ်လုပ်ကိုင် သော မိထ္ထီလာ စစ်ဆေးရုံသို့  သယ်ပို့ ခဲ့ပါသည်။ နောက်တနေ့  နိုဝင်ဘာ ၃ ရက်နေ့  တွင် ကလေးအလောင်းအား ဝေးလံခေါင်ဖျားသော လက်ပခေါင်းသုဿန်သို့  ပို့ ဆောင်လိုက်ပါသည်။ ၎င်းသည် ကလေးမိဘများအား လျော်ကြေးငွေ ၁၅ သိန်း ပေးခဲ့သည်။
Aung Tayza, Captain
Air Base's Ground Crew Training School
Meiktila Air Base

He made an unprovoked attack on a 19 year old grade 10 student and stabbed him to death on 2nd November 2008 near the Meiktila Air Base. He then immediately took the body to the mortuary at Meikhtila military hospital where his doctor wife was on duty, and sent it to the faraway cemetery in Latphakhaung district for burial on the following afternoon.

The murdured boy's family was reportedly offered 1.5m Kyat by Aung Tayzar as compensation.

http://whoiswhoinburma.blogspot.com/

Tuesday, November 4, 2008

The War Of Burma

Monday, November 3, 2008

ကြွေ သွားတဲ့ ကိုမျိုးအောင်သန့် အား... ကြွေနေတဲ့ကြယ်..ငိုနေတဲ့လ... (ရေး/ဆို ..အလိမ္မာ japan) သီချင်းဖြင့် ဂုဏ်ပြု လိုက်ပါတယ်

Boomp3.com




Summary

Rest of your post

Saturday, November 1, 2008

Friday, October 31, 2008

သန်းရွှေသမီးတွေ နဲ့ အလယ်ပိုင်းတိုင်း တိုင်းမှုးကတော်တို့ စိန် နဲ့ေ ရွှ တွေကိုလိုက်လံဝယ်ယူနေ

送信者 ドロップ ボックス

ကမ္ဘာ့စီးပွားရေးပျက်ကပ်ဖြစ်နေတဲ့အတွက် ရွှေဈေး၊ အိမ်ဈေး၊ ဓါတ်ဆီဈေးတွေ ထိုးကျလျက် ရှိပါတယ်။ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို ဒီလို မြန်မာပြည်မှာ ပြည်သူလူထုတွေ စီးပွားပျက်နေချိန်မှာ သန်းရွှေသမီးတွေ နဲ့ အလယ်ပိုင်းတိုင်း တိုင်းမှုးကတော်တို့ဟာ စိန် နဲ့ေ ရွှ တွေကို နေ့စဉ်လို လို အ၀ယ်ထွက်လျက်ရှိ နေတယ်လို့ ရန်ကုန်မြို့ခံ ရတနာကုန်သည်များက ဆိုပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့ ကလည်း မန္တလေး ၂၂ လမ်းမပေါ်က အောင် သမာဓိရွှေဆိုင်က နေ့ ဝယ်ယူသွားခဲ့ပါတယ်။ သန်းရွှေသမီး တယောက်ဖြစ်တဲ့ သန္တာရွှေ မင်္ဂလာဆောင်စဉ်ကလည်း တိုင်းပြည်ဘဏ္ဍာတွေကိုခိုးယူပြီး ဒေါ်လာ ၅၅ သန်းဖိုးမျှ တန်ဖိုးရှိတဲ့ စိန်တွေကို ၀တ်ဆင်ခဲ့ပါတယ်။ သူတို့မင်္ဂလာဆောင်ဗီဒီယိုကို မြင်တွေ့ခဲ့ရတဲ့ ပြည်သူတွေက ဒေါသအမျက် ချောင်းချောင်းထွက်ခဲ့ရပါတယ်။

Monday, October 27, 2008

ကောင်းရာသုဂတိလားပါစေ အာဇာနည်ရဲဘော်




အဖြူရောင်ဘောင်ခတ်ထားသော သံဃာ မှာ သံမဏိသံဃာအာဇာနည် သံလွင် (ခေါ်)သက်ဦးဝင်းဖြစ်ပါသည်။


Friday, October 24, 2008

သတင်းလွတ်လပ်ခွင့်ရရေး တိုက်ပွဲတွင် ဒီမိုကရေစီနိုင်ငံများ ရှုံးနေ

မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ အောက်တိုဘာလ 23 2008 22:59 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ နိုင်ငံရပ်ခြား တိုင်းပြည်များမှနေ၍ သတင်းလွတ်လပ်ခွင့်ရရေး တိုက်ပွဲဝင်ရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ မထိရောက်ဘဲ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်နေသည့် လှုပ်ရှားမှုများကြောင့် အာဏာရှင် အစိုးရများသည် ပြည်တွင်း မီဒီယာများကို အောင်မြင်စွာ နှိမ်နင်းထားနိုင်သည်ဟု ၂ဝဝ၈ ခုနှစ်အတွက် ထုတ်ပြန်သော သတင်းလွတ်လပ်ခွင့် အညွှန်း (Press Freedom Index) က ဆိုသည်။

ကမ္ဘာ့အဆိုးဝါးဆုံး သတင်းလွတ်လပ်ခွင့် ချိုးဖောက်သူများကို တိုက်ပွဲဆင်ရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်း မအောင်မမြင် ဖြစ်ရခြင်း၌ ဒီမိုကရေစီ နိုင်ငံများ အတွင်း၌ ခြစားမှုများ ပိုမို များပြားလာနေခြင်းနှင့် မထိရောက်သော တွေ့ဆုံဆွေးနွေးမှုများ၊ ကုသမဂ္ဂ၏ ပို၍ အဆက်အစပ်မဲ့သော လုပ်ဆောင်ချက်များသည် အဓိက အကြောင်းရင်းများ ဖြစ်သည်ဟု ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။

“အဓိက ဦးဆောင် ဒီမိုကရေစီနိုင်ငံကြီးများ၌ မတည်ငြိမ်ဘဲ ခံစစ်အနေအထားတွင်သာ ရှိနေခြင်းကြောင့် လွတ်လပ်ခွင့်အတွက် အခွင့်အလမ်းများမှာ ပိုမိုလျော့နည်း ပျောက်ဆုံးလာနေသည်။ စီးပွားရေးအရ အင်အားအကြီးဆုံး အာဏာရှင် စနစ်များသည် နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်း ကွဲပြားနေမှုကို အခွင့်ကောင်းယူက သူတို့၏ အာဏာရှင်စနစ်ကို မောက်မာစွာ ကာကွယ် ပြောဆိုလာကြသည်” ဟု RSF အစီရင်ခံစာက ဆိုသည်။

ဒီမိုကရေစီနိုင်ငံများ၏ လက်ရှိ တကွဲတပြား တုံ့ပြန်နေမှုသည် တံခါးပိတ် လူ့အဖွဲ့အစည်းများ၏ ခေါင်းဆောင်များက သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ခြင်းအား ရုပ်သိမ်းစေရန် လုံလောက်သော ဖိအားပေးနိုင်ခြင်း မရှိဆိုသည်ကို ပြသခဲ့ပြီးဖြစ်သည်ဟုလည်း ပြောသည်။

“ကမ္ဘာ့အဆိုးဆုံး သတင်းစာလွတ်လပ်ခွင့် ချိုးဖောက်သူများ အုပ်စိုးနေသည့် တံခါးပိတ်နိုင်ငံများတွင် ပြည်တွင်း မီဒီယာများကို ထင်သလို ပိတ်ဆို့ ဟန့်တားနေကြဆဲ ရှိသည်။ ယင်းအတွက် မည်သည့် အရေးယူ ဒဏ်ခတ်မှုမျှလည်း မခံရ၊ ကုလသမဂ္ဂအဖွဲ့ကြီးကလည်း ယင်း၏ အဖွဲ့ဝင်နိုင်ငံများ အပေါ်တွင် သြဇာမရှိ” ဟု RSF က ရေးသားထားသည်။

၂ဝဝ၈ ခုနှစ်အတွက် ၁၇၃ နိုင်ငံအား လေ့လာချက်တွင် သတင်းလွတ်လပ်ခွင့် ချိုးဖောက်မှုအဆင့်၌ မြန်မာနိုင်ငံသည် အဆင့် ၁၇ဝ ရှိနေပြီး၊ သူ့အထက် ကပ်လျက်တွင် တရုတ်၊ ဗီယက်နမ်နှင့် ကျူးဘားနိုင်ငံတို့ရှိပြီး၊ သူ့အောက် အဆိုးဆုံး နိုင်ငံ ၃ ခုမှာ တာ့ခ်မေနစ်စတန် (Turkmenistan) ၊ မြောက်ကိုရီးယားနှင့် အီရီထရီးယား (Eritrea) တို့ ဖြစ်သည်။

RSF က မြန်မာနိုင်ငံကို “နိုင်ငံခြားသားကြောက် ရောဂါရှိပြီး ပျော့ပျောင်းမှု မရှိသည့် စစ်အစိုးရ အုပ်ချုပ်နေသည့် နိုင်ငံ” အဖြစ် ဖော်ပြထားသည်။ ဤနိုင်ငံတွင် “သတင်းသမားများ၊ ပညာတတ်များနှင့် နိုင်ငံခြားသားများကိုပင် စစ်အစိုးရက ရန်သူအဖြစ် ရှုမြင်ကြသည်။ သူတို့သည် သူတို့အလုပ်အတွက် တန်ဖိုး အများကြီး ပေးကြရသည်” ဟု ရေးထားသည်။

အစီရင်ခံစာ လေ့လာမှုလုပ်ခဲ့သည့် ၂ဝဝ၇ စက်တင်ဘာမှ ၂ဝဝ၈ စက်တင်ဘာလ တနှစ်အတွင်း သတင်းသမား အများအပြားကို မြန်မာစစ်အစိုးရက ထိန်းသိမ်းခဲ့သည်ဟုလည်း အစီရင်ခံစာတွင် ရေးသားထားသည်။

မြန်မာဗိုလ်ချုပ်ကြီးများနှင့် အတိုက်အခံ ပါတီများအကြား မယ်မယ်ရရရှိသော တွေ့ဆုံဆွေးနွေးမှုများ စတင်နိုင်ရန် ကုလသမဂ္ဂအဖွဲ့ကြီး၏ ကြိုးပန်းနေမှုများအပေါ် အခြား လေ့လာသုံးသပ်သူများက ယခုအထိ လေ့လာ သုံးသပ်ထားသလိုပင် RSF ကလည်း “တွေ့ဆုံဆွေးနွေးရေးမှာ အနည်းငယ်သာ အောင်မြင်မှုရှိကြောင်း ထင်ရှားလှသည်။ အဆိုးဝါးဆုံး အာဏာရှင်အစိုးရများပင် မည်သည့် ဂယက်ရိုက်ခတ်မှုမျိုးအတွက်မျှ စိုးရိမ်စရာမလိုဘဲ ကန့်ကွက်မှုမျိုးစုံကို မသိကျိုးကျွန် ပြုနိုင်ဆဲရှိသေးသည်။ သူတို့အတွက် ရံဖန်ရံခါ သံတမန်ရေးအရ မည်မည်ရရ မဟုတ်သော စိတ်မသက်မသာ ဖြစ်ရတာလေးမျိုးသာ ရှိသည်” ဟု ဆိုထားသည်။

ဇယားတွင် ဖော်ပြထားသည်ကို သေသေချာချာကြည့်လျှင် မြန်မာနိုင်ငံသည် သတင်းလွတ်လပ်ခွင့်ကို လုံးဝ အရေးမစိုက်သော ကမ္ဘာ့ဒေသကြီးအတွင်း ရှိနေသည်ကို မြင်ရမည်။

(လေ့လာမှုတွင် မပါဝင်သော ဘရူနိုင်းနိုင်ငံမှအပ) မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံအားလုံးနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် ထိုအတိုင်းပင် ဖြစ်သည်။ ဤလေ့လာမှု၌ သတင်းလွတ်လပ်ခွင့်တွင် အဆင့်အကောင်းဆုံး ရရှိခဲ့သည့် အင်ဒိုနီးရှားနိုင်ငံပင် အဆင့် ၁၁၁ ၌ ရှိနေသည်။ ယင်းတနိုင်ငံတည်းသာ သတင်းလွတ်လပ်ခွင့်၌ အောက်ဆုံးအဆင့်ရောက် ၃၃ ရာခိုင်နှုန်း နိုင်ငံများတွင် မပါဝင်သော နိုင်ငံဖြစ်သည်။

ယခုနှစ်အတွက် သတင်းလွတ်လပ်ခွင့်တွင် အကောင်းဆုံး အဆင့်ရရှိသော ၃ နိုင်ငံမှာ ဥရောပမှ အိုက်စလန်၊ လူဇင်းဘတ်နှင့် နော်ဝေတို့ ဖြစ်ကြသည်။ ပြီးခဲ့သောနှစ် အစီရင်ခံစာပါ လေ့လာချက်အရ နိုင်ငံပေါင်း ၁၆၉ နိုင်ငံကို လေ့လာခဲ့ရာတွင် မြန်မာနိုင်ငံသည် အဆင့် ၁၆၄ တွင် ရှိခဲ့သည်။

http://www.mizzimaburmese.com/news/regional/1865-2008-10-23-16-43-12.html

Thursday, October 23, 2008

မြန်မာလူထုအတွက် အကျိုးမရှိသော ပိုက်လိုင်းများ

ထက်ဝင်း
အင်္ဂါနေ့၊ အောက်တိုဘာလ 21 2008 23:06 - မြန်မာစံတော်ချိန်

မြန်မာနိုင်ငံနှင့် တရုတ်ပြည်ကြား ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ဆောက်လုပ်ခြင်း စီမံကိန်းသည် နိုင်ငံ၏ နှစ်ရှည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မရရှိနိုင်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ထိုစီမံကိန်းကို သေသေချာချာ သတိကြီးစွာ စဉ်းစားသင့်ပါသည်။

ရခိုင်ကမ်းရိုးတန်းဒေသမှ မြန်မာပြည်ကို ဖြတ်ပြီး တရုတ်-မြန်မာနယ်စပ်ရှိ "မူဆယ်" မြို့အထိ ဖောက်လုပ်ရန် အဆိုပြုထားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူး အနည်းငယ်သာ ရရှိနိုင်မည် ဖြစ်သော်လည်း တရုတ်နိုင်ငံမှာမူ ထိုစီမံကိန်းမှ အကျိုးအမြတ် ကြီးမားစွာ ရရှိလိမ့်မည် ဖြစ်သည်။

အဆင့်မြင့်အုပ်ချုပ်မှုပိုင်း တခုလုံးကို တရုတ်လူမျိုးများကသာ လွှမ်းမိုးထား၍ တရုတ်များကသာ စီမံခန့်ခွဲမည် ဆိုပါက ထိုပိုက်လိုင်းများ ဆောက်လုပ်ခွင့်ကို မြန်မာနိုင်ငံက ခွင့်မပြုသင့်ပေ။ ကုန်သွယ်မှုကို ဆန့်ကျင်နေစဉ်မှာပင် ထို ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်ခြင်းသည် တရုတ်နိုင်ငံအား မြန်မာ့မြေပေါ်တွင် ခိုင်မြဲသော အကျိုးစီးပွား တည်ထောင်ခွင့် ပြုလိုက်သကဲ့သို့ပင် ရှိလိမ့်မည်။ ပိုက်လိုင်းသည် စက်ရုံ မဟုတ်သလို၊ စီးပွားရေး လုပ်ငန်းတခုလည်း မဟုတ်ပေ။ မြန်မာနိုင်ငံသည် ထိုကဲ့သို့သော သဘောတူညီမှုမျိုးမှ အကျိုးကျေးဇူး များစွာ ရရှိနိုင်မည် မဟုတ်ပေ။ ထိုစီမံကိန်း၏ လုံခြုံရေးအတွက် တာဝန်ယူပေးနေရပြီး ဖြတ်သန်းသယ်ဆောင်ခ အနည်းငယ်သာ ရရှိမည် ဖြစ်သည်။

အတိုချုပ်ပြောရလျှင် မြန်မာနယ်စပ်တလျှောက် ဖြတ်သန်းဖောက်လုပ်မည့် ပိုက်လိုင်းပိုင်းကို မြန်မာနိုင်ငံအား လုပ်ကိုင်ခွင့် ပြုသင့်သည်။ ဖြတ်သန်း သယ်ဆောင်ခထက် စာလျှင် ထိုသို့သော ချည်းကပ်မှုမျိုးသည် မြန်မာတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် နည်းပညာ အကျိုးကျေးဇူးများ ပိုမို ရရှိစေနိုင်ပါသည်။ တရုတ်နိုင်ငံသည် ထိုပိုက်လိုင်းများကို ဆောက်လုပ်လိုပါက မြန်မာနိုင်ငံကို ပိုက်လိုင်းနှင့်ပတ်သက်၍ လုပ်ကိုင်ခွင့်ပြုသည့်အပြင် ငွေကြေးဆိုင်ရာ အကူအညီနှင့် နည်းပညာဆိုင်ရာ ထောက်ပံမှု၊ လိုအပ်သည့် ပစ္စည်းထောက်ပံမှုများပါ ပေးအပ်ရမည် ဖြစ်သည်။

တရုတ်နိုင်ငံ "အမျိုးသားတိုးတက်ရေးနှင့် ပြန်လည်ပြုပြင်ရေး ကော်မရှင်" (NDRC) က စစ်တွေ ရေနက်ဆိပ်ကမ်းနှင့် ကူမင်းမြို့တို့ ဆက်သွယ်မည့် ပိုက်လိုင်းစီမံကိန်းကို ၂၀၀၇ ခုနှစ် အစောပိုင်းကတည်းက အတည်ပြုခဲ့သော်လည်း မြန်မာစွမ်းအင်ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိများနှင့် နီးစပ်သော ရန်ကုန်အခြေစိုက် စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် စီးပွားရေး ပညာရှင်များကမူ ယခုအချိန်အထိ ထိုစီမံကိန်းကို အကောင်အထည် ဖော်ရန် ရှင်းလင်းသော အစီအစဉ် မရှိသေးဟု ပြောကြသည်။ ဆောက်လုပ်ရေးအတွက် ချမှတ်ထားသည့် မြင့်မားသော ကုန်ကျစရိတ်များကြောင့် ကျွမ်းကျင်သူရော၊ မကျွမ်းကျင်သူများအတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းအချို့ကို မျှော်လင့်လာနိုင်သော်လည်း ထိုစီမံကိန်းမှာ မြန်မာနိုင်ငံအတွက် ထင်ရှားသော အကျိုးအမြတ် မရရှိနိုင်ပါဟု အင်ဂျင်နီယာနှင့် ကမ်းလွန် ဖွံ့ဖြိုးးရေးနှင့် အဓိက ဆက်စပ်လျက်ရှိသော စီးပွားရေး လုပ်ငန်းရှင်များက ပြောကြသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ထိုပိုက်လိုင်းများကို တည်ဆောက်ပြီးသွားပါက ကုန်ကျစရိတ် ၈၀ % ခန့်သည် ကုန်ကြမ်းပစ္စည်းများထဲသို့ ဝင်ရောက်သွားမည်ဖြစ်ပြီး ၂၀% သာလျှင် လုပ်သား၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုများဘက်သို့ ရောက်ရှိလာမည် ဖြစ်သည်။ သို့ရာတွင် စွမ်းအင်အခြေခံ ပစ္စည်းများ လုပ်ငန်းတွင် နည်းပညာ ဝန်ဆောင်မှုများ ပေးနေသည့် အခြားစီးပွားရေး လုပ်ငန်းရှင်တဦးကမူ ထိုစီမံကိန်းနှင့် ပတ်သက်၍ ကွဲပြားသော အမြင်တခု ရှိနေ၏။ ပိုက်လိုင်းသည် တောထူထပ်သော ဒေသများနှင့် တောင်တန်းများကို ဖြတ်သန်းသွားရမည် ဖြစ်သဖြင့် တောင်တန်းများတွင် မြေအောက် လှိုင်ခေါင်းများ ဖောက်လုပ်ပြီးစီးရန် လိုအပ်သောကြောင့် မြန်မာများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုရလာစေနိုင်မည်ဟု ဖြစ်သည်။

သူက ဆက်လက်၍ ထိုစီမံကိန်းအတွက် လုပ်သား ၁၀၀၀ ကျော်လောက် လိုအပ်လာလိမ့်မည်ဟု ပြောကြားသည်။ သို့သော် ထိုင်း-မြန်မာနယ်စပ် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာကဲ့သို့ မြန်မာ့သဘာဝဓာတ်ငွေ့ကို ရောင်းချမည် မဟုတ်ဘဲ၊ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် မလက္ကာ ရေလက်ကြားကို ရှောင်၍ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို သယ်ပို့ရန် ရည်ရွယ်ခြင်းသာ ဖြစ်သည်။ အတိုချုပ်ပြောရလျှင် အုပ်ချုပ်သူ အပေါ်ယံလွှာ၏ အကျိုးကျေးဇူးအတွက် ခိုင်မာသော ငွေကြေးကို ရှာဖွေနိုင်ရန် မည်သည့်နည်းလမ်းဖြင့်မဆို ခုန်ပျံကျော်လွှား ပြုလုပ်မည့် မြန်မာအစိုးရ၏ လက်ရှိမူဝါဒသည် မြန်မာလူဦးရေ သန်း ၅၀ ကျော်နှင့် နိုင်ငံတော်အတွက် အကောင်းဆုံး နှစ်ရှည် အကျိုးစီးပွားကို လျစ်လျှူရှုထားခြင်ပင် ဖြစ်သည်။

http://www.mizzimaburmese.com/songpa/1847-2008-10-21-16-53-23.html

လူ့အခွင့်အရေး ရှေ့နေ ဦးအေးမြင့်အတွက် လူဒိုဗစ်တာရီယေး ဆုအခမ်းအနား ရောမမြို့တွင် ကျင်းပ

23 October 2008

မြန်မာနိုင်ငံက လူ့အခွင့်အရေး ရှေ့နေဦးအေးမြင့် ကို ဥရောပ ရှေ့နေများ လူ့အခွင့်အရေး ကောင်စီက လူဒိုဗစ် တာရီယေးဆု ချီးမြှင့်တဲ့ အခမ်းအနားကို အောက်တိုဘာလ ၂၈ရက်နေ့က အီတလီနိုင်ငံ ရောမ မြို့တော်မှာ ပြုလုပ်ခဲ့ပါတယ်။ ဥရောပ တလွှားက ထင်ရှားကျော်ကြားတဲ့ ရှေ့နေကြီးတွေ တက်ရောက်ခဲ့ကြတဲ့ ဒီအခမ်းအနားမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ တရားမျှတမှုမဲ့နေတဲ့ အခြေအနေတွေကိုလည်း ဟောပြောခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ဦးအေးမြင့်ကိုယ်စား ဆုတက်ရောက်ယူမယ့်သူ ဥရောပ မြန်မာနိုင်ငံရုံးက ဦးဘာဒီ ဇော်မင်းက ဒီဆုကို ဥရောပ ရှေ့နေများ လူ့အခွင့်အရေး ကောင်စီ ဥက္ကဌကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ပြီး ဦးအေးမြင့်ဆီ ကိုယ်တိုင် ကိုယ်ကျ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း အခုလို ပြောပါတယ်။

“ဒီဆုကို ပေးတဲ့ အဖွဲ့အစည်းရဲ့ ဥက္ကဌကိုယ်တိုင် မြန်မာနိုင်ငံကို သွားပြီးတော့ ဦးအေးမြင့်ကို တွေ့ပြီး ပေးခဲ့ပြီးပါပြီ။ ဒီဆုက တနှစ်တခါ၊ တနိုင်ငံ တနေရာဆီလုပ်တယ်။ ဒီနှစ်က ရောမမြို့မှာ လုပ်တယ်။ အခမ်းအနားနဲ့ သူ့ကို ချီးမြင့်တယ်။ ဥရောပမှာရှိတဲ့ ဥရောပ ရှေ့နေအားလုံးကို ဖိတ်တယ်။ အခမ်းအနားမှာ ဗမာပြည်အကြောင်း ပြောကြတယ်။ ဆုကို ကျွန်တော်က ဦးအေးမြင့် ကိုယ်စား ယူခဲ့ပါတယ်။”

ဒီဆုကို ဘယ်လို ရွေးချယ်ပြီး ပေးသလဲဆိုတာကို ပြောပြပေးပါ။

“တရားဥပဒေကိစ္စတွေ၊ လူ့အခွင့်အရေးကိစ္စတွေ လုပ်တယ်။ လယ်သမားတွေ အခွင့်အရေးကိစ္စတွေလုပ်ခဲ့တယ်။ အလုပ်သမား အခွင့်အရေးတွေလုပ်ခဲ့တယ်။ အတင်းအဓမ္မ လုပ်အားစေခိုင်းမှုကိစ္စတွေမှာလည်း ILOကို သူက ဦးဆောင်ပြီး တိုင်တန်းပေးတယ်။ ဦးအေးမြင့်ပဲ မဟုတ်ဘဲ မြန်မာပြည်မှာ တခြား ရှေ့နေတွေ၊ လှုပ်ရှားသူတွေ လုပ်တဲ့အလုပ်ကို အသိအမှတ်ပြုတဲ့ သဘောပေါ့။”

အခမ်းအနားမှာ မှတ်မှတ်ရရ ထူးခြားတဲ့ အကြောင်းအရာတွေ ကြားခဲ့ရသေးလား။

“မြန်မာပြည်မှာ မတရားမှုတွေ ဆက်ပြီး ဖြစ်နေသေးတဲ့အတွက် ရှေ့ဆက်ပြီး ကူညီသွားဖို့ သူတို့ ဆုံးဖြတ်လိုက်ကြပါတယ်။ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို ဓာတ်ပုံပွဲတို့၊ ဆွေးနွေးပွဲ အခမ်းအနားတို့ လုပ်ပြီး ပြောပြမယ်။ ဥရောပမှာ သုံးလတကြိမ်ထုတ် ဥပဒေ မဂ္ဂဇင်းမှာ မြန်မာပြည်အကြောင်း အမြဲပါအောင် လုပ်တယ်။”

လူဒိုဗစ် တာရီယေးဆု ကို လူ့အခွင့်အရေး ဦးအေးမြင့် ကိုယ်စား လက်ခံပေးခဲ့တာကို ရောမမြို့ကနေ ပြောပြပေးနေတာပါ။ ဒီဆုဟာ လူ့အခွင့်အရေး တိုက်ပွဲဝင် ရှေ့နေတွေကို ချီးမြှင့်တဲ့ ရှေးအကျဆုံး၊ အထူးခြားဆုံး ဆုဖြစ်ပါတယ်။ ၁၉၈၅ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး၊ ပထမဆုံး ချီးမြှင့်ခံခဲ့ရတာကတော့ တောင်အာဖရိက ခေါင်းဆောင်ဟောင်း နယ်ဆင် မန်ဒဲလား ဖြစ်ပါတယ်။
http://www.voanews.com/burmese/2008-10-23-voa7.cfm

သြစတေးသျှနိုင်ငံက မြန်မာနိုင်ငံအပေါ် ငွေကြေးအရ အရေးယူ ဒဏ်ခတ်မှု စာရင်းတိုးချဲ့သတ်မှတ်

22 October 2008

မြန်မာပြည်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုမရှိုလို့ သြစတေးလျနိုင်ငံက စစ်အစိုးရအပေါ် ဒဏ်ခတ်အရေးယူထားတာကို တိုးမြင့်လိုက်ပါတယ်။ ဘဏ္ဍာငွေကြေး ဒဏ်ခတ်အရေးယူထားတဲ့ စာရင်းထဲမှာ နောက်ထပ် ၄၅ယောက် ထပ်တိုးလိုက်ကြောင်း သြစတေးလျ နိုင်ငံခြားရေး ၀န်ကြီး စတီဖန် စမစ်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ ထပ်တိုးလိုက်တဲ့ အရေးယူခံ ၄၅ယောက်ထဲမှာ စစ်အစိုးရခေါင်းဆောင်များ၊ ၀န်ကြီးများ၊ ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင်များနဲ့ မိသားစုဝင်များ ပါဝင်ကြပါတယ်။ ၂၀၀၇ခု အောက်တိုဘာလမှာ သြစတေးလျ အစိုးရက မြန်မာစစ်အစိုးရကို ဒဏ်ခတ်အရေးယူ လိုက်ချိန်က စပြီး အရေးယူ ခံထားရတဲ့ ပုဂ္ဂိုလ် ၄၆၃ယောက် ရှိနေပြီး၊ မြန်မာ ဗိုလ်ချုပ်ကြီးများရဲ့ မိသားစုဝင်များ၊ သူတို့နဲ့ အကျိုးတူ စီးပွားရေး လုပ်ကိုင်ဖက်များပါဝင်ကြပါတယ်။

နေအိမ်အကျယ်ချုပ် ချခံနေရတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သြစတေးလျ အစိုးရက တိုက်တွန်းလိုက်ပြီး မြန်မာနိုင်ငံ ဆင်းရဲ အထီးကျန် ဖြစ်ရတဲ့အတွက်လည်း စစ်အစိုးရ ပြစ်တင်ဝေဖန်ထားပါတယ်။ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ လောက်ကို အကျဉ်းချထားခြင်းက နိုင်ငံရေး အရ တိုးတက်မှု မဖြစ်စေဘူးလို့လည်း သြစတေးလျ နိုင်ငံခြားရေး ၀န်ကြီး စမစ်က ထောက်ပြဝေဖန်သွားပါတယ်။
http://www.voanews.com/burmese/

Wednesday, October 8, 2008

ဒဏ်ခတ်ပိတ်ဆို့မှု - စီးပွားရေးမဖွံ့ဖြိုးရခြင်း၏ အဓိက လက်သည်လော

အောက်တိုဘာ ၀၆၊ ၂၀၀၈ - နိုင်ငံတခုရဲ့ ပြုမူလုပ်ဆောင်ပုံတွေကို တခြားနိုင်ငံတွေ
က လက်မခံနိုင်တဲ့အခါ၊ ပြောင်းလဲဖို့ တိုက်တွန်း တောင်းဆိုတာတွေကို ဂရုမစိုက်ဘဲ
ကိုယ့်ရဲ့ ပြုမူလုပ်ဆောင်ပုံကသာ မှန်ကန်တယ်ဆိုပြီး ဆက်လုပ်နေတဲ့အခါမျိုးတွေမှာ
တခြားနိုင်ငံတခုချင်းစီကပဲဖြစ်ဖြစ်၊ အစုအဖွဲ့လိုက်ပဲဖြစ်ဖြစ် Sanctions လို့ခေါ်တဲ့
ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေကို ချမှတ်ကြလေ့ရှိပါတယ်။

မြန်မာနိုင်ငံပေါ်မှာလည်း အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေအပါအ၀င်
ကမ္ဘာ့နိုင်ငံတချို့က စီးပွားရေးအရ ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားပါတယ်။
ဒီလို ချမှတ်ထားတဲ့အပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မကြာသေးခင်
ကပဲ ကျင်းပပြီးစီးသွားတဲ့ ၆၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း
ပြောကြားတဲ့မိန့်ခွန်းမှာ ပြစ်တင် ဝေဖန် ပြောဆိုခဲ့ပါတယ်။
http://www.voanews.com/burmese/2008-10-06-voa6.cfm


ထိုင်းစစ်တပ်များ ချထားတာဟာ ရဲရဲ့အကူ
အညီတောင်းခံလို့ ကူညီဖို့အတွက်သာ
ဖြစ်တယ်၊ လက်နက်မကိုင်ထားကြပါဘူးလို့
စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းလင်းပြောဆို
ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရဆန့်ကျင်
ရေး ဆန္ဒပြသမားများနဲ့ လုံခြုံရေးတပ်ဖွဲ့များ
ပဋိပက္ခ ဖြစ်ပွားနေစဉ် မသင်္ကာဖွယ် ကားဗုံး
ပေါက်ကွဲလို့ အမျိုးသမီးတယောက် သေဆုံး
သွားပါတယ်။ ဒီဗုံးပေါက်ကွဲမှုနဲ့ ပါလီမန်ကို
ဝိုင်းပြီး ဆန္ဒပြနေကြတဲ့ ထောင်ပေါင်းများစွာသော ဆန္ဒပြသမားများ ပတ်သက်ခြင်း
ရှိမရှိ မသိရသေးဘူးလို့ အစိုးရတာဝန်ခံများက ပြောဆိုကြပါတယ်။

ပါလီမန်လွှတ်တော်ထဲ ၀န်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝပ် (Somchai Wongsawat)
မိန့်ခွန်းပြောရာသို့ လွှတ်တော်ကိုယ်စားလှယ်များ မတက်နိုင်အောင် အစိုးရဆန့်ကျင်
ရေး ဆန္ဒပြသမားများက လွှတ်တော်ကို ၀ိုင်းရံပိတ်ဆို့ထားတာဖြစ်လို့ ရဲက ထပ်တလဲလဲ
မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲရပါတယ်။

ဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားခံလိုက်ရတဲ့ သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra)
နဲ့ နီးစပ်တဲ့ ဒီရွေးကောက်တင်မြှောက်ခံအစိုးရ ဆင်းပေးဖို့ လူထောင်ပေါင်းများစွာတို့က
ဘန်ကောက်မြို့ရှိ အစိုးရရုံးဝင်းကို သိမ်းပိုက်ပြီး ဆန္ဒပြနေတာ တလကျော်သွားပါပြီ။
ဒီနေ့ပဋိပက္ခဟာ ဒီကာလအတွင်း အဆိုးဝါးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်ဆွန်ချိုင်းက ရာထူးကမထွက်ဘူး၊ အရေးပေါ်အခြေအနေလည်း မကြေညာ
ဘူးလို့ ငြင်းဆန်ကြောင်း သတင်းရရှိပါတယ်။
http://www.voanews.com/burmese/2008-10-07-voa9.cfm

အကျဉ်းစံ အရှင်ဂမ္ဘီရ ကျန်းမာရေး ဆိုးဝါးနေ

ကိုစိုး | အောက်တိုဘာ ၇၊ ၂၀၀၈

စစ်အစိုးရကဖမ်းဆီးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ဦးဆောင် သံဃာတော် တပါးဖြစ်သော အရှင်ဂမ္ဘီရသည် အင်းစိန်ထောင်တွင်း၌ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေကြောင်းသိရသည်။

အဆိုပါ အရှင်ဂမ္ဘီရသည် ကျန်းမာရေးဆိုးဝါးနေပြီး အားနည်းနေသည့်အတွက် ထောင်ဆေးရုံ၌ ဆေးဝါး ကုသမှု ခံယူနေရ သောကြောင့် ယမန်နေ့က အင်းစိန်ထောင် ကမာရွတ်မြို့နယ် သီးသန့်တရားရုံးတွင်ရုံးထုတ် ရှိသော်လည်း မထွက်ရောက် နိုင်ကြောင်း အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ရှိန်ကပြောသည်။
“အရှင်ဂမ္ဘီရ ကျန်းမာရေးခြေအနေက ထောင်ဆေးရုံမှာ အားဆေးသွင်းနေရတယ်လို့ ကျနော်တို့သိရတယ်၊ ဆေးရုံ ကို ဘယ်နေ့က ရောက်တယ်လို့တော့ မသိရသေးဘူး၊ မနေ့ကတော့ ရုံးချိန်း ထွက်မလာနိုင်ဘူး”ဟု ဦးခင်မောင်ရှိန်က ဧရာဝတီသို့ ပြောပြသည်။

လွန်ခဲ့သည့် စက်တင်ဘာလ လ၀က်ခန့်ကလည်း အရှင်ဂမ္ဘီရသည် ရုံးချိန်းတခုတွင် ခေါင်းမူးပြီး အန်ကြောင်း သိရသည်။ အစာမှား၍ဟု ယူဆရကြောင်း၊ သို့သော် ခြေလက်များအေးနေကြောင်း၊ အသားအရေမှာ ၀ါဖန့်ဖန့် ဖြစ်နေပြီး အားအင် နည်းပါးနေသော လက္ခဏာကို တွေ့ရှိရကြောင်းလည်း ၎င်းက ပြောဆိုသည်။

ယင်းကမာရွတ်မြို့နယ် တရားရုံးတွင် အရှင်ဂမ္ဘီရ တပါးတည်း အမှု ၉ မှုကို ရင်ဆိုင်နေရကြောင်း၊ ၎င်းအမှုများမှာ သင်းဖွဲ့ (၆) ပုဒ်မ တမှု၊ ပုံနှိပ် ၁၇ (၂၀) ပုဒ်မ ၂ မှု၊ မတရားသင်း ၁၇ (၂) ပုဒ်မ ၃ မှု၊ လ၀က ၁၃ (၁) ပုဒ်မ ၃ မှု တို့ဖြစ် ကြောင်း သိရသည်။

အရှင်ဂမ္ဘီရကို လွန်ခဲ့သည့်နှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးနှင့်ပတ်သက်ပြီး ၂၀၀၇ ခု နိုဝင်ဘာလ ၄ ရက်နေ့ ၌ မန္တလေးတိုင်း စဥ့်ကိုင်မြို့တွင် စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သော သောကြာနေ့ ရုံးချိန်းတွင် အာဏာပိုင်များက ထုတ်ပြန်လိုက်သည့် အရှင်ဂမ္ဘီရအပါအ၀င် နိုင်ငံရေး အကျဉ်းသား များ ရုံးထုတ်ရာသို့ မိသားစုဝင်များကို လာရောက် ကြားနာခွင့်မပြုတော့ကြောင်းနှင့် ပုံမှန် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး တရက် တွင် ထောင်ဝင်စာတွေ့ခွင့်ပေးနေခြင်းကို စနေ၊ တနင်္ဂနွေသို့ပြောင်းလိုက်ကြောင်း ညွှန်ကြားချက်အား နိုင်ငံရေးအကျဉ်း သားများ၏ မိသားစုဝင်များက ယခင်အတိုင်း ခွင့်ပြုရန် ယမန်နေ့က တောင်းဆိုကြသည် ဟုလည်း ဦးခင်မောင်ရှိန်က ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုပြုံးချို၏ဖခင်ဖြစ်သူ ဦးဝင်းမောင်ကလည်း “မနေ့က သွားလို့မရဘူး၊ တနင်္ဂနွေနေ့က ပါဆယ်ပေးတော့လည်း တွေ့ခွင့်မရဘူး၊ လုံးလုံး မိသားစုကို တွေ့ခွင့်မပေးဘူး၊ ကျောင်းသားတွေကတော့ လျှောက်လွှာတင် ထားတယ်၊ မိသားစုတွေနဲ့ တွေ့ခွင့် ပေးဖို့၊ စာတင်ထားတယ်၊ မိသားစုတွေစုပြီး စာတင်ဖို့လည်း စီစဉ်ထားတယ်၊ အဲဒါဖြစ် လိမ့်မယ်လို့ထင်တယ်၊ ထောင်အာဏာပိုင်တွေကို နှုတ်နဲ့တော့ ပြောထားတယ်”ဟု ပြောပြသည်။

စစ်အစိုးရက ဖမ်းဆီးထားသည့် ၈၈ မျိုးဆက်ကျောင်းသားများက ၎င်းတို့အား အင်းစိန်ထောင်တွင်း သီးသန့် တရားရုံးတွင် ရုံးထုတ်စစ်ဆေးရာသို့ မိသားစုဝင်များကို လာရောက်ကြားနာခွင့်မပေးပါက တရားရုံးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် ခြင်းမပြုနိုင်ဟု ပြောကြားထားသည်။

ရုံးထုတ်ရာတွင် လက်ထိပ်မခတ်ရန်၊ တရားခွင် ၌ မိသားစုဝင်များနှင့် သတင်း မီဒီယာများကို ကြားနာခွင့် ပြုရန် တို့ကို ၈၈ မျိုးဆက်ကျောင်းသားများက ၎င်းတို့၏ အကျိုးဆောင်ရှေ့နေများမှ တဆင့် တောင်းဆိုထားသည်။

ပြီးခဲ့သည့် ၂၀၀၇ ခု သြဂုတ်လအတွင်းက ရွှေဝါရောင်တော်လှန်ရေးဖြစ်ပေါ်ရန် အစပြုခဲ့သော လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒပြခဲ့သည့်အတွက် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုကျော်မင်းယု ခေါ် ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုမင်းဇေယျတို့ အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်များကို စစ်အစိုးရက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အထဲမှ အများစုမှာ ထောင်ဒဏ် ၁၅ နှစ်ကျော် ကျခံပြီးသူများဖြစ်သည်။

အမေရိကန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့(USCB)နှင့် ထိုင်းနိုင်ငံအခြေစိုက်နိုင်ငံရေး အ ကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)တို့ကလည်း လွန်ခဲ့သည့် တနှစ်အတွင်း နိုင်ငံရေး အကျဉ်း သား ၇၈ ရာခိုင်နှုန်းခန့် တိုးလာကြောင်းနှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် ယမန်နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်၍ တောင်းဆိုထားသည်။
လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသား ၁၃၀၀ ခန့်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် သြဂုတ်လ၌ ၁၁၉၂ ဦးရှိကာ ယခု ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ၂၁၂၃ ဦး ရှိကြောင်း အထက်ပါ ပူးတွဲကြေညာချက်အရ သိရှိရသည်။ http://www.irrawaddy.org/bur/news2008/October/Oct_07a_08.html

တပ်တွင်းပုန်ကန်မှုများ စတင်ပြီ

အောက်တိုဘာ-၆
တပ်တွင်းမှာ မကြေနပ်မှုတွေ တစ်စထက်တစ်စတိုးပွားလာနေပြီ။ မနေ့ က မင်းလှမှာရှိတဲ့ မြို့ စောင့်တပ် အတွင်း မှာ တပ်တွင်းပုန်ကုန်မှုစတင်ဖြစ်ပွားတယ်လို့ သိရပါတယ်။
တပ်ရင်းမှုးများရဲ့  မတရားစေခိုင်းခံရမှု ၊ ဖိနှိပ်ခံရမှု၊ လုပ်ခလစာ မလောက်ငမှုများကြောင့်မကျေနပ်မှုများ တိုးပွားလာပြီး ခုလို ပုန်ကန်မှုဖြစ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပုန်ကန်မှုကို တပ်ကြပ်ကြီးများက ဦးဆောင် တယ်လို့ သိရတယ်။
တပ်ရင်းမှုးကိုရဲဘော်များက ပြစ်ခတ်သတ်ဖြတ်လိုက်ပါတယ်။ ပုန်ကန်သောရဲဘော်များဖက်မှ သုံးဦး ကျဆုံး တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေမှုကြောင့်ပြည်ရန်ကုန်ကားလမ်းကိုပိတ်ဆို့လိုက်တယ်လို့ သိရတယ်။ အသေးစိတ်ကို ဆက်လက် တင်ပြပေးပါမယ်။
ကိုမိုးသီး ဘလောက်မှ

Tuesday, October 7, 2008

လက်နက်နဲ့ ငြိမ်းချမ်းရေး



http://moemaka.blogspot.com/

ရုံးထုတ်ရာတွင် မိသားစုဝင်များ ကြားနာခွင့်မရ၍ ၈၈ ကျောင်းသားများက တရားရုံးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည် မဟုတ်


ကိုစိုး | အောင်တိုဘာ ၆၊ ၂၀၀၈

စစ်အစိုးရက ဖမ်းဆီးထားသည့် ၈၈ မျိုးဆက်ကျောင်းသားများက ၎င်းတို့အား အင်းစိန်ထောင်တွင်း သီးသန့် တရားရုံးတွင် ရုံးထုတ်စစ်ဆေးရာသို့ မိသားစုဝင်များကို လာရောက်ကြားနာခွင့်မပေးသဖြင့် တရားရုံးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် ခြင်းမပြုနိုင်ဟု ပြောကြား ကြောင်းသိရသည်။

အင်းစိန်ထောင် သင်္ဃန်းကျွန်းမြို့နယ် သီးသန့် တရားရုံးတွင် ၎င်းတို့အား ယနေ့ ရုံးထုတ်ရာသို့ မိသားစုဝင်များကို လာရောက် ကြားနာခွင့်မပေးသောကြောင့် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များဖြစ်သော မင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားများက ယခုကဲ့သို့ တရားရုံးအား ပြောကြား သည်ဟု ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ညီဖြစ်သူကိုအောင်ထွန်းကလည်း ပြီးခဲ့သည့် သောကြာနေ့က ရုံးထုတ်ရာမှ အပြန်တွင် ထောင်အာဏာပိုင်တဦးက ယနေ့မှ စ၍ ရုံးထုတ်ရာသို့ မိသားစုဝင်များကိုကြားနာခွင့်မပြု ကြောင်းမှာကြား လိုက်သည်ဟု ပြောပြသည်။

“ပုံမှန်ထောင် ၀င်စာတွေ့နေကြ တနလာင်္၊ အင်္ဂါ၊ ဗုဒ္ဓဟူး တရက်ကိုလည်း အဲဒါကို ဖျက်လိုက်ပြီတဲ့၊ စနေ၊ တနင်္ဂနွေ တရက် မှာ လာတွေ့ကြပါဆိုပြီး ပြောင်းလိုက်ပြီဆိုပြီးတော့ ထောင်အရာရှိက အကြောင်းကြားတယ်၊ ဒါ သက်ဆိုင်ရာက ပြောတာ တဲ့၊ အဲဒါ တယောက်က၊ ဒါဆိုရင် အတွင်းထဲက လူတွေ ၂ ပတ်စာ ဒုက္ခရောက်မယ် ဆိုပြီးသွားပြောတော့မှ မနေ့က ပါဆယ် ပို့ခွင့်ရတယ်၊ လူမတွေ့ရဘူး”ဟုလည်း ကိုအောင်ထွန်းက ပြောသည်။

လွန်ခဲ့သော စက်တင်ဘာလဆန်းမှ စတင်၍ ရုံးထုတ်ရာသို့ မိသားစုဝင်များ ကြားနာခွင့်ရခဲ့ပြီး ယခု မည်သည့် အကြောင်းပြ ချက်မှ မည်မည်ရရ မသိရှိရဘဲ ကြားနာခွင့် ပြန်လည်ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

လွန်ခဲ့သည့်အပတ်အတွင်း လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေကို ရုံးထုတ်ရာတွင်လည်း အာဏာပိုင်များက အစ်မဖြစ်သူ မဌေးဌေးကြည်ကို တွေ့ခွင့်မပြုခဲ့ပေ။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) အတွင်းရေးမှူး ဦးတိတ်နိုင် က နိုင်ငံရေးအကျဉ်းသားများရုံးထုတ်ရာတွင် မိသားဝင်များအနေနှင့် နဂိုအခွင့်အရေးအရ ကြားနာ ခွင့်ရှိသည်ဟု ပြောဆိုသည်။

“ကျနော်တို့ကြားတာက မိသားစုဝင်တွေက တရားရုံးမှာ ကြားနာခွင့်မရှိဘူးလို့ကြားတယ်၊ နောက် ဒီအပတ်ထဲမှာ တနလာင်္နေ့ က သောကြာနေ့အထိ ထောင်ဝင်စာ တွေ့လို့မရတော့ဘူးလို့ကြားတယ်၊ နဂိုရှိပြီးသားအခွင့် အရေး အရ မိသားစုတွေက ကြားနာခွင့်ရှိရပါမယ်၊ ဒါကို ကန့်သတ်နေတယ်ဆိုတာက နအဖ က အခုအချိန်မှာ အရမ်းကို အကြောက် တရားတွေကြီးနေ တယ်လို့ကျနော်တို့ မြင်ပါတယ်”ဟု ဦးတိတ်နိုင် က ပြောသည်။

ယခု အဖမ်းအဆီးခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားများက ရုံးထုတ်ရာတွင် လက်ထိပ်မခတ်ရန်၊ တရားခွင်၌ မိသားစု ၀င်များနှင့် သတင်း မီဒီယာများကို ကြားနာခွင့် ပြုရန်တို့ကို ၎င်းတို့၏ အကျိုးဆောင်ရှေ့နေများမှ တဆင့် တောင်းဆိုထား သည်။

ပြီးခဲ့သည့် ၂၀၀၇ ခု သြဂုတ်လအတွင်းက ရွှေဝါရောင်တော်လှန်ရေးဖြစ်ပေါ်ရန် အစပြုခဲ့သော လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒပြခဲ့သည့်အတွက် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုကျော်မင်းယု ခေါ် ကိုဂျင်မီ၊ ကိုမင်းဇေယျတို့ အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်များကို စစ်အစိုးရက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အထဲမှ အများစုမှာ ထောင်ဒဏ် ၁၅ နှစ်ကျော် ကျခံပြီးသူများဖြစ်သည်။

ယနေ့တွင် နိုင်ငံရေးလှုပ်ရှားသူ ကိုစိုးမြင့်ထိန်ကို အာဏာပိုင်များက ထောင်ဒဏ် ၄ နှစ် နှင့် ၆ လ ချမှတ်လိုက်ပြီး မခင်အေး ဆိုသူ အမျိုးသမီး နိုင်ငံရေးလှုပ်ရှားသူနှင့် တခြားသော ၂ ဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ် လိုက်ကြောင်းလည်း သိရသည်။

အမေရိကန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့(USCB)နှင့် AAPP တို့ကလည်း ယနေ့ ရက်စွဲဖြင့် လွန်ခဲ့သည့် တနှစ်အတွင်း နိုင်ငံရေး အကျဉ်းသား ၈၇ ရာခိုင်နှုန်းခန့် တိုးလာကြောင်းနှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန် လွှတ်ပေးရန် ပူးတွဲကြေညာချက်ထုတ် ပြန်ထားသည်။

“ကျနော်တို့ အဓိက တောင်းဆိုတာက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို ချက်ချင်း လွှတ်ပေး ဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူတွေကို စနစ်တကျဖြိုခွဲနေတဲ့ ကိစ္စတွေ ကို ရပ်တန်းက ရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အနိုင်ရ ပါတီ၊ တိုင်းရင်းသားကိုယ်စားလှယ် တွေ နဲ့ နအဖ နဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ အရေးတကြီးလိုနေပြီဆိုတာကို ထောက်ပြ ထားပါတယ်”ဟု ဦးတိတ်နိုင်က ပြောသည်။

ယင်း နိုင်ငံရေးအကျဉ်းသားများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ဖြစ်ပေါ်တိုးတက်မှုတွင် ပါဝင်လာရန် အရေး တကြီး လိုအပ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

“ကျနော်တို့ ကြေညာချက်ကိုပေးထာတာကိုက အမှောင်ထုဆီကို ဦးတည်နေတဲ့ ကျနော်တို့ နိုင်ငံ(The Future in the dark)၊ ဆိုလိုတာက ဒီလိုသာ နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲနဲ့ ဆက်လက် ဖမ်းဆီးနေဦးမယ် ဆိုရင် ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေ ကို ဘယ်လိုမှ မျှော်လင့်လို့ ရမှာ မဟုတ်ပါဘူး” ဟု လည်း ဦးတိတ်နိုင်က ဆက်ပြောသည်။

အဆိုပါကြေညာချက်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအ၀င် အရေးကြီး သည့် ၆ နေရာသို့ ဖြန့်ဝေပေးပို့ကြောင်း၊ ဥရောပ သမဂ္ဂ ၊ အာဆီယံ ၊ လူ့အခွင့်အရေး ကောင်စီ စသဖြင့် ၁၇ နေရာကို မိတ္တူပူးတွဲပေးပို့ထားကြောင်းလည်း သိရသည်။
လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသား ၁၃၀၀ခန့်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် သြဂုတ်လတွင် ၁၁၉၂ ဦးရှိကာ ယခု နှစ် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ၂၁၂၃ ဦး ရှိကြောင်း ယခုပူးတွဲကြေညာချက်အရ သိရှိရသည်။
http://www.irrawaddy.org/bur/news2008/October/Oct_06d_08.html

Monday, October 6, 2008

မသိလို့မှားတာပါ ဆိုတိုင်း …

ယမန်နှစ်က ဘာသာရေးပွဲတခုတွင် တိုက်တိုက်ဆိုင်ဆိုင် နေပြည်တော်မှ အရာရှိကြီးတချို့နှင့် ဆုံဖြစ်သည်။ သည်လို ဖြင့် စကားစပ်မိကြရာက ဘုန်းကြီးတွေကို ကန်တော့တဲ့အခါ ခါးမှာချိတ်ထားသော သေနတ်ကို ဖြုတ်ထားသင့်ကြောင်းကိစ္စ ရောက်သွားသည်။
မိတ်ဆွေတယောက်က ရဟန်းတော်များမှာ ၀ိနည်းတော်ရှိကြောင်း၊ "အဂါရ၀ ငါးပါး"ကို ရှောင်ရှားကြရ ကြောင်း၊ အမြင့်မှာ ရှိနေသူ၊ ကျောပေးထားသူ၊ မလေးမစား အမူအယာပြသူ၊ လက်နက်ကိုင်ဆောင်ထားသူ၊ အရိုအသေ မပြုသူတို့ကို တရား မဟောရ၊ အကန်တော့ မခံကြရကြောင်း၊ အကန်တော့ခံမိပါက ရဟန်းတော်တွင် အာပတ် သင့် ရောက်ပါကြောင်း ရှင်းပြသည်။

ဥပမာ ဗိုလ်ခင်ညွန့် အာဏာရှိစဉ်က တရက်တွင် ပဲခူးမြို့မှ စာသင်တိုက်ကြီး တတိုက်သို့သွားကာ ဆရာတော် ကို ဖူးတွေ့ ကြောင်း၊ ထိုအခါ ဆရာတော်က "ငါ့ကိုရှိမခိုးခင် မင့်ခါးက သေနတ်ကို အရင်ဖြုတ်ပါဦး" ဟု အမိန့်ရှိ ကြောင်း၊ ထိုစကားကို ဗိုလ်ခင်ညွန့်က သူ့ကို ဆရာတော်က ရှုတ်ချစကားဆိုသည်အထင်နှင့် ချက်ခြင်းလှည့်ပြန် သွားခဲ့ဖူးကြောင်း ပြောပြသည်။

မသိနားမလည်လို့ပါဆိုပြီး အမှားတခုကို ကျူးလွန်မိလျှင် အကုသိုလ်ကံကတော့ ခွင့်လွှတ်မည် မဟုတ်သည်မှာ သေချာပါ သည်။ အမိအဘကို မသတ်ရ ဆိုသည့် ပညတ်ချက်ကို မသိနားမလည်လို့ဆိုပြီး ကျူးလွန်မိလျှင် ထိုသူ မှာ ကံကြီးထိုက် မည်ပင် ဖြစ်သည်။

ယနေ့ကာလတွင် ရဟန်းသံဃာတော်များက နအဖ၊ စစ်တပ်၊ ရဲ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်စသည့် အပေါင်းပါများအား သံဃာကို စော်ကားမော်ကား ပြုမှုများကြောင့် "ပတ္တနိက္ကုဇ္ဇနကံ" ဆောင်ထား ကြသည်။
အမှန်စင်စစ် ထို "ပတ္တနိက္ကုဇ္ဇနကံ" ဆိုသည်မှာ မြတ်စွာဘုရားရှင်၏ ခွင့်ပြုချက်အရ သာသနာတော်ထမ်း ရှင်ရဟန်းတို့အား စော်ကားပြုမူလာခြင်းကို နောင်မပြုရဲအောင် ကံဆောင်တားမြစ် ဆုံးမခြင်းပင် ဖြစ်သည်။
အကြင်သူသည် …
• ရဟန်းတို့အား လာဘ်မရစိမ့်သောငှာ အားထုတ်၏။
• ရဟန်တို့အား အကျိုးမဲ့စိမ့်သောငှာ အားထုတ်၏။
• ရဟန်းတို့အား နေရာမရစိမ့်သောငှာ အားထုတ်၏။
• ရဟန်းတို့ကို ဆဲရေး၏၊ ခြိမ်းခြောက်၏။
• ရဟန်းအချင်းချင်း ကွဲပြားစေ၏။
• မြတ်စွာဘုရား ကျေးဇူးမဲ့ကို ပြော၏။
• တရားတော်၏ ကျေးဇူးမဲ့ကို ပြော၏။
• သံဃာ၏ ကျေးဇူးမဲ့ကို ပြော၏။
ရဟန်းတို့ ထိုအင်္ဂါ ရှစ်ပါးနှင့်ညိစွန်းသော ဥပါသကာအား သပိတ်မှောက်ရမည်ဟု စူဠ၀ါပါဠိတော် မြန်မာပြန် စာ-၂၆၅ ခုဒ္ဒက ၀တ္ထုကမ္မ အခန်းကဏ္ဍတွင် သပိတ်မှောက်အင်္ဂါရှစ်ပါးကို ပြဆိုထားသည်။
"ပတ္တနိက္ကုဇ္ဇနကံ"ကို သာသနာတော်အတွင်း ရှိရှိသမျှသော သံဃာတော်များ၏ ဆန္ဒရယူပြီးမှ သိမ်အတွင်းတွင် ကမ္မ၀ါစာဖြင့် ပြဌာန်းရသည်ဖြစ်၍ ရဟန်းတော်တပါးတလေ၏ ပြဌာန်းချက်မဟုတ်။ သံဃာတော်အားလုံး၏ အမိန့် အာဏာဖြစ်သည်။

ထို့ကြောင့် ကံပြုစဉ်က မိမိဆန္ဒပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ သာသနာတော်ထမ်း ရဟန်းတော်တိုင်းက လေးစားလိုက် နာကြရသည်။ ထိုကံဆောင်ခြင်းမှ သွေဖည်၍ ကံပြုခံရသူများနှင့် ဘာသာရေးကိစ္စများ လက်ခံ ဆောင်ရွက်ပေးပါက ထိုပုဂ္ဂိုလ်မှာ မြတ်စွာဘုရားရှင်၏ ပညတ်ချက်ကို ကျူးကျော်ရာရောက်သဖြင့် အာပတ် သင့်ရောက်ပါသည်။

"ပတ္တနိက္ကုဇ္ဇနကံ"၏ ရည်ရွယ်ချက်မှာ ဘာသာရေးကို မသိနားမလည်၍ တကြိမ်တခါ ပြစ်မှားကျူးလွန်မိခြင်းကို အချိန်မီ သိရှိကာ ၀န်ချတောင်းပန်နိုင်စေရန် ဖြစ်ပါသည်။
ကာယကံရှင်များက မိမိတို့ပြုမှားမိသည်များကို သံဃာသို့ ၀န်ချတောင်းပန်မှသာလျှင် ကံဆောင်ထားခြင်းမှ ရုပ်သိမ်းပေးခွင့် ရှိပါသည်။ ပြန်လည်ရုပ်သိမ်းမည်ဆိုကလည်း၊ ကံဆောင်စဉ်က နည်းအတိုင်း၊ သံဃာအားလုံး၏ ဆန္ဒရယူပြီး သိမ်အတွင်း ၀ယ် ကမ္မ၀ါစာဖြင့် ပြန်လည်၍ ကံလွှတ် ရုပ်သိမ်းပေးတော်မူကြရသည်။

မြန်မာနိုင်ငံတွင် သံဃာတော်များက နအဖအစိုးရနှင့်အပေါင်းပါ စစ်တပ်၊ ရဲ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့ အားလုံး အပေါ် "ပတ္တနိက္ကုဇ္ဇနကံ" ဆောင်ခဲ့သည်မှာ နှစ်ကြိမ်တိုင်ခဲ့ပါပြီ။ တကြိမ်မျှ မတောင်းပန်ခဲ့ဘူးပါ။ ထိုသို့ မတောင်းပန်ခြင်းသည် နအဖ စစ်အစိုးရနှင့် အပေါင်ပါများအဖို့ သံသရာခရီးတွင် နစ်သည်ထက် နစ်လာကြရဖို့ သာ ရှိပေသည်။ သံဃာတော်များအား အလှူအတန်းစသည် ပေးလှူခွင့်၊ ဥပုသ်သီတင်း ဆောက်တည်ခွင့်၊ သေလျှင် သရဏဂုံတင်ခွင့် ဆုံးရှုံးကြရပေတော့မည်။ လူ့ဘ၀ကိုရပါလျှက် အပေါင်းအသင်း မှားသဖြင့် လူဖြစ်ရှုံးကြရလေပြီ။

လတ်တလောအားဖြင့် သံဃာများက ထိုကံဆောင်ထားကြသည့်အတွက် မိမိတို့တွင် "သံဃံ သရဏံ ဂစ္ဆာမိ" ဟူသော သရဏဂုံ တပါး ကျိုးပေါက်သွားကြပြီ။ သရဏဂုံ မတည်သူများ ဖြစ်ကြရပြီ။ ထိုသူများအဖို့ မည်မျှ ငွေကြေးတတ်နိုင်၍ လှူလိုကြသည်ဖြစ်စေ၊ လှူလေသမျှ တန်းလေသမျှ ဘာကုသိုလ်မျှမရနိုင်တော့ပြီ။ စစ်တပ်၊ ရဲ ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့ အားလုံး သတိထားကြစရာပါ။ ကုသိုလ်လုပ်၍မရတော့လျှင် အသက်ရှင်နေသည့် ကာလတလျှောက် အကုသိုလ်သာ စုမိကြဖို့ဖြစ်လာသည်။

ယခုလတ်တလောမှာတော့ နအဖက ၄င်းတို့လုပ်နေကြလုပ်ထုံးအတိုင်း သံဃာတော်များကပဲ သူတို့ အလှူကို လက်ခံနေကြ သယောင်ယောင် ဆရာတော်တွေကို ၀ါဆိုသင်္ကန်းတွေကပ်၊ ကျောင်းတိုက်ကြီးများသို့ ဆွမ်းဆန် တော် အိတ်တွေ၊ ၀တ္ထု ပဒေသာပင်တွေ ဝေနေအောင်လှူပြ နေကြသည်။ စင်စစ် ထိုအလှူများအပေါ် သံဃာ တော် များက သာယာမှုဖြစ်တော် မမူကြ။ ထိုအလှူများကြောင့် လှူရသူတို့မှာ ကုသိုလ်မရသည့်ပြင် ရဟန်းတော် တို့အား အာပတ်သင့် ရောက်အောင် တွန်းပို့နေရာသာရောက်နေသည်။ ကုသိုလ်ပြုကာမှ ငရဲသာရနေသည်။

အဆိုးဆုံးကတော့ သံဃာ့ဝိနည်းကို နားမလည်ဘဲ သံဃာတော်များကို လူပုဂ္ဂိုလ်များကဲ့သို့ ဆက်ဆံနေကြခြင်း ဖြစ်သည်။ အရေးအခင်းမှာ ပါသည်ဆိုလျှင်ပင် သူတို့မှာ ဆုံးမကြဖို့ အခွင့်အလမ်းရထားသူများလို သံဃာတော် တွေကို ရိုက်လိုရိုက်၊ သတ်လိုသတ် သင်္ကန်းဆွဲချွတ် လိုချွတ်ပြုနေကြသည်။

သံဃာတော်ဖြစ်ပြီဆိုသည်နှင့် ကာယကံရှင်၏ ဆန္ဒမပါဘဲ၊ မည်သူတစုံ တဦးကမျှ သင်္ကန်းကို ဆွဲချွတ်၍မရပါ။ ထိုပုဂ္ဂိုလ် ကိုယ်တိုင်က ၀ိနည်းသိက္ခာပုဒ်တော်နှင့်မညီဘဲ ပါရာဇိက ကဲ့သို့သော လူဝတ်လဲပေးရမည့် သိက္ခာပုဒ် တော်ကို ကျူးလွန် ဖောက်ဖျက်မိသည့်တိုင် ထိုအပြစ်ကို ရဟန်းတော်ကိုယ်တိုင်က ၀န်ခံမှသာ လူဝတ်လဲပေးနိုင် သည်။
အကယ်၍ ဇွတ်အတင်းဆွဲချွတ်သဖြင့် ကိုယ်ပေါ်တွင် သင်္ကန်းမရှိတော့လင့်ကစား၊ ကာယကံရှင်က မိမိသည် ရဟန်းတပါး ဖြစ်ကြောင်း မှတ်ယူထားလေသမျှ သံဃာအဖြစ်မှာပဲ ရှိနေပေသည်။ ထိုပုဂ္ဂိုလ်ကို ရိုက်နှက် ညှဉ်းပန်း ခြင်းပြုပြုသမျှသည် သံဃာအပေါ်ကျူးလွန်မိခြင်းသာဖြစ်ပါသည်။

စဉ်းစားကြည့်ပါ။ သံဃာတော်ဆိုသည်မှာ မြတ်စွာဘုရားရှင်နှင့် တတန်းတည်းထား ကိုးကွယ် ဆည်းကပ်ကြရမည့် ရတနာ သုံးပါး ၀င် ဖြစ်တော်မူကြသည်။ ရတနာသုံးပါးကို ပြစ်မှား ကျူးလွန်ရဲနေကြသည်။
"သံဃာမရှိလဲဖြစ်ပါတယ်"ဆိုသည့်စကားမှာ သရဏဂုံ ပျက်စေပါသည်။

ထိုအကုသိုလ်များကြောင့် ပြစ်မှားကြသူတို့မှာ သံဃာဂိုဏ်းသင့်ကြရပြီ။ သံဃာဂိုဏ်းသင့်သည် ဆိုသည်မှာ ယခု ဘ၀တွင် ဘာကုသိုလ်လုပ်လုပ် ကုသိုလ်မရ။ တရားထိုင်လျှင်လည်း မဂ်ဖိုလ်မရ နိုင်တော့သည့်"မဂ်တားဖိုလ်တား ကိစ္စကြီး" ဖြစ်ပါ သည်။ "မဂ်၏ အန္တရာယ်"ဖြစ်ကြရပြီ။ မည်သူမျှ ကယ်တင်၍မရနိုင်ဘဲ အပါယ်လေးဘုံ သို့ သာသွားရ မည့် တလမ်းသွားများ ဖြစ်ကြရပြီ။
ကုလားဖုမင်းသည် ခန္တီဝါဒီရှင် ရသေ့ကို ညှဉ်းပန်းခဲ့သဖြင့် မြေမျိုခံရဘူးကြောင်း နိပါတ်မှာလာပါ သည်။ ရသေ့ သည် ရဟန်းလောက်မမြင့်မြတ်သေးပါ။
မနုဿတ္တဘာဝေါ ဒုလ္လဘော။ လူ့ဘ၀သည်ရခဲလှပါ၏။ ထိုရခဲလှသောလူ့ဘ၀တွင်၊ မိမိနောင် ရေးအတွက် တတ်နိုင်သမျှ ကုသိုလ်စုဖို့သာ ဖြစ်သင့်ပါသည်။ မိမိသေလျှင် မိမိနောက်သို့ မိမိပြုခဲ့သည့် ကုသိုလ် အကု သိုလ် ကံများသာ ပါသွားကြပါ မည်။ မိမိအတွက်မဟုတ်ပါဘဲ သံဃာကိုသတ်ဖြတ်နေရသည့်အဖြစ်မျိုး ဘယ်သူ့ကြောင့် ရောက် နေရပါသနည်း။ ထိုပုဂ္ဂိုလ် မျိုးအတွက် မိမိမှာ တသံသရာလုံး အနစ်မွန်းခံ ရပေတော့မည်။ ထိုက် တန်ပါရဲ့လား။
ထိုကျူးလွန်နေသူများကို မေးလိုပါသည်။ သင်တို့လူ့ပြည်တွင် နှစ်ပေါင်းမည်မျှ ဆက်လက် အသက်ရှည်နေကြဦး မည်ဟု ထင်ပါသနည်း။ အာဏာတည်မြဲဖို့ဆိုတော့ကော။ ဘယ်နှစ်နှစ်ခံပါ မည်နည်း။ အဲသည့် နှစ်ကလေး အတွင်းမှာ ဘယ်လောက် ချမ်းသာသွားမလဲ။ အဲသည့် ဥစ္စာပစ္စည်းကကော မြဲပါ့မလား။
ဦးနေ၀င်းတုန်းက ၁၉၈၅ မှာ မဟာဝိဇယစေတီတော်ကို အသုံးချ၍ မလုပ်ကောင်း လုပ်ကောင်း ယတြာချေခဲ့ သည်။ သာသနာသန့်ရှင်းရေးဆိုပြီး တကယ့်သံဃာတော်များကို မိန်းမတွေနှင့်ရှုပ်သယောင်စွပ်စွဲပြီး သင်္ကန်း ဆွဲချွတ် လုပ်ခဲ့သည်။ ဘယ်နှနှစ်ခံခဲ့ပါသနည်း။ ဦးနေ၀င်းသေတော့ ဘယ်ပုံစံနှင့်သေခဲ့ရပါသနည်း။

ဦးနေ၀င်းတသက် စုဆောင်းခဲ့ရသမျှ ဥစ္စာဓနများကိုကော စံစားသွားရပါရဲ့လား။ ဦးနေ၀င်းကိုယ်တိုင် အခြေခံ ဥပဒေ ကြီးတွေအခိုင်အမာဖြင့် တည်ဆောက်ခဲ့သော တိုင်းပြည်ကြီး မရှုမလှ ပျက်စီးခဲ့ရသည်ကို သံဝေဂ ယူသင့် ပါသည်။ အဲသည်တုန်းက သံဃာကို ကိုယ်ထိလက်ရောက် ပြစ်မှားခဲ့ကြသူများ ဘာဖြစ် သွားကြ ပါသနည်း။

ဗိုလ်ခင်ညွန့်က ပထမအကြိမ် သံဃာကံဆောင်ပွဲကြီးကို ချေမှုန်းပြီး အထင်ကရ သံဃာတော် ကြီးများကို အတင်းလူဝတ်လဲ ထောင်ချလုပ်ခဲ့သည်။ ဘယ်နှနှစ်များ အာဏာမှာ တည်မြဲခဲ့ပါ သနည်း။ သူလုပ်ခဲ့သမျှ အကုသိုလ်ကံတွေပဲ သူ့နောက်ပါသွား မည်သာဖြစ်ပါသည်။ တပ်မတော် ထဲတွင် အခိုင်မာဆုံးဆိုရမည့် ဗိုလ်ခင်ညွန့်တယောက် ဘယ်ပုံစံဖြင့် ပြုတ်သွားခဲ့ရပါ သနည်း။ သူ့တသက် ရှာဖွေစုဆောင်းရယူခဲ့သော ဥစ္စာ များကော တည်မြဲခဲ့ပါရဲ့လား။ သံဃာကို နှိပ်စက် ညှဉ်းပန်းခဲ့ကြသည့် သူ့နောက်လိုက်များကော ဘာဖြစ် သွားကြပါသနည်း။

အခုကော ဗိုလ်သန်းရွှေ အာဏာမက်ပြီး သံဃာတော်များကို သတ်ဖြတ်ချေမှုန်းနှိမ်နင်းရေး တွေလုပ်နေပြန်ပြီ။ သူလဲအခု အသက် ၇၄ နှစ်။ နောက်ထပ်ဘယ်နှစ်နှစ်အသက်ရှင်နေဦး မှာမို့လဲ။ ကိုယ်ပြုလိုက်ရသည့် အ ကုသိုလ် နှင့် ပြန် ရမည့် အာဏာတည်မြဲရေး လုံးဝမမျှတ။ အာဏာမှာ မြဲနေယင်တောင် တနေ့မျှ စား ကောင်းခြင်းမစားရ။ အိပ်ကောင်းခြင်းမအိပ်ရ။ အမြဲတန်း ပူပင်သောကဖြင့်သာနေနေရပါမည်။ ရှာဖွေ ရရှိထား သမျှ ဥစ္စာပစ္စည်းတွေကကော မြဲပါ့မလား။ ပစ္စည်းသင်္ခါရ လူသင်္ခါရ။ ကိုယ်ကိုယ်တိုင်က ရှေ့လူများကို ရက်ရက်စက်စက် ကျူးလွန်ထားမိ ခဲ့ပြီ။ ထိုအကုသိုလ်ကံများကကော ၀ဋ်မ လည်ဘဲနေကြမည်လား။

သည်အာဏာရခဲ့သည့် ကာလတိုတိုကလေးအတွက် အ၀ီစိငရဲမှာ အဆုံးအစမရှိ ကျက်ကြရမှာ မြင်ယောင်သေး သည်။ ဘုရားအလောင်းတော် တေမိမင်းသားကလေးသည် ထိုအပြစ်များကို မြင်သဖြင့် "မင်း" မလုပ်ရအောင် စကား မပြောသည့် အဓိဌာန်ဆောက်တည်ခဲ့ခြင်း ဖြစ်သည်။ အမှန်ဆို မိမိအာဏာရနေစဉ်မှာ တိုင်းပြည် ကောင်းစားအောင် လုပ်ဆောင်ပေးကြမည်ဆိုပါလျှင် သူတို့ တည်မြဲရေး အတွက် ပြည်သူကပင် ကြိုးပမ်းပေး ကြပါလိမ့်မည်။

ဗိုလ်နေ၀င်း၊ ဗိုလ်ခင်ညွန့် တို့ ကျဆုံးသွားပုံကိုကြည့်လျှင် သူတို့သာမက ဆက်စပ်ပတ်သက်သူမှန်သမျှ အားလုံး ဘ၀ပျက် ခဲ့ကြရသည်။
ယခု ဗိုလ်သန်းရွှေကျလျှင်ကော၊ အတူတွဲလုပ်ကိုင်ခဲ့ကြသည့် စစ်တပ်၊ ရဲ ၊ ကြံ့ဖွံ့၊ စွမ်းအားရှင် တို့အားလုံး ဘုမသိ ဘမသိ ဖြင့် သံဃာ့ကံများပါ ထိကြ မှာမလွဲပါ။ ထိုကံများမှလွတ်အောင် ဗိုလ်သန်းရွှေ မတတ်နိုင်ပါ။ သူလည်းကံထိုက်မည်သာ ဖြစ်ပါသည်။ ပြုလုပ်သူကော စေခိုင်းသူပါ အကုသိုလ်ထပ်တူရကြပါလိမ့်မည်။
ပေးပို့ သော ဘုန်းဘုန်းအားကျေးဇုးပါ။
http://arzarni.blogspot.com/2008/10/blog-post_9378.html

အသတ်ခံရတဲ့ ဂျပန်သတင်းထောက်ရဲ့ video လက်သိပ်ထိုး ရောငိးလိုသူ မြန်မာလူမျိုးတစ်ဦး အဖမ်းခံရခြင်း

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးလုပ်ရှားမှုအတွင်း သတင်း ဓါတ်ပုံယူရင်း စစ်အစိုးရ၏ စစ်တပ်မှ ပစ်ခတ်မှုဖြင့်သေဆုံးသွားခဲ့သော ဂျပန်သတင်းထောက် နာဂအိခန်းဂျီး၏ ဗွီဒီယိုတိပ်ခွေကို မောင်ဝင်းမင်းထွန်း(၃၁)နှစ် ဆိုသူ မြန်မာတစ်ဦးက ငွေနှင့်တိပ်ခွေ လဲလှယ်ရန် လက်သိပ်ထိုးတောင်းဆိုခဲ့သည်။


တိပ်ခွေလိုချင်လျှင် ဂျပန်ယန်း ၅၀၀,၀၀၀ ပေးလျှင် တိပ်ခွေပေးမည်ဟု နာဂအိခန်းဂျီး၏ လုပ်ဖော်ကိုင်ဖက်ထံ တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုမှုကို နာဂအိခန်းဂျီး၏ လုပ်ဖော်ကိုင်ဖက်မှငြင်းဆိုပြီးသည့်နောက် ရဲမှ တနင်္လာနေ့(၂၂.၉.၂၀၀၈) တွင်ဖမ်ဆီးလိုက်သည်။ ဂျပန်သတင်းထောက် နာဂအိခန်းဂျီး၏ ဗွီဒီယိုကင်မရာနှင့် တိပ်ခွေကို ဂျပန်အစိုးနှင့်ဆွေမျိုးမျာမှ စစ်အစိုးရထံ အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ယခုထိမရရှိသေးပေ။

သံဃာ့ လှုပ်ရှားမှုအား အကြမ်းဖက် ဖြိုခွဲခဲ့သည့် ကြံ့ဖွတ် -စွမ်းအားရှင် စာရင်း

တူရကီ တွင် ကားတိုက်မှုဖြစ်ပွါးရာ..ဗမာ ၁၈ ယောက်သေ

တူရကီ တွင် ကားတိုက်မှုဖြစ်ပွါးရာ..ဗမာ ၁၈ ယောက်သေပြီး ၂၃ ဦးဒဏ်ရာရခြင်း

တိုင်းပြည်မှာ..စစ်တပ်က..ဖိနှိပ်..ရှိသမျှ..ရရာ..ချရောင်းပြီးအိပ်ထဲထည့်. တိုးတက်တဲ့ အီလက်တရောနစ်ခေတ် ထဲ..လျှပ်စစ်မီးကို..အပြင်ရောင်းစား. ပြည်သူက လျှပ်စစ်ကလေးတောင် မရှိ..မှောင်မဲမဲနဲ့နေ။ အလုပ်အ ကိုင် ရှားပါး.စစ်သားဘဲ ကောင်းစားတာ.စစ်သားလုပ် ပြည်သူမသတ်ချင်တဲ့ ဗမာမျိုးချစ်လေးတွေပေါ့. အမျိုး တွေ ငတ်လာတဲ့အခါ. မိသားစု တွေ စားဖို့  ရေကြည်ရာ..မြက်နုရာရှာရတာဘဲ။ ဒီလိုနဲ့လူတွေ ခိုးသွင်းတဲ့ ရာဇ၀တ်မှုတွေ နိုင်ငံတကာမှာ များပြားလာရော။

ပင်လယ်ရေပြင်က ခိုးထွင်သူတွေ လှေမြော အစာငတ် သီရိလင်္ကာရေတပ်က ကယ်ထားရတဲ့ သတင်းတွေ. ထိုင်းမှာ မလေးမှာ ကွန်တိမ်နာ အပြည့် လေမွန်းသေရတာတွေ..သေသူပေါင်းများလှပြီ။ အိမ်က ကျန်တဲ့မိသားစု ကတော့ ယောက်ျားသတင်း . သားသတင်း သမီးသတင်း သေသည် ရှင်သည် ဘာမှ မကြားရ..ဒါဟာ ထွက်ပြေးတဲ့လူ အပြစ်မဟူတ်ဘူး။ မနေနိုင်အောင်..ငတ်အောင်ထားတဲ့ စစ်အစိုးရကြောင့်ပေါ့။ ကိုယ်နိုင်ငံကောင်း..ဘယ်သူ အပြင်မှာကျွန်ခံမလည်း။

ကံကောင်းတဲ့သူတွေ လည်း မသေဘူးပေါ့။ ကျရာနေရာနေ ကြုံ၇ာအလုပ်လုပ်..ချစ်ခင်သူတွေနဲ့ ကွေကွင်းတဲ့ ဒုက္ခ ခါးစည်းခံပေါ့။ ပြည်ပ ထွက်ကြ သူတွေဟာ လူငယ်ပိုင်း။ လူလတ်ပိုင်း ငယ်ရွယ်သူ အရွယ်ကောင်းတွေ များပါတယ်။
သန်းရွှေ သူ့မိန်းမ ဖက် အိပ်နေချိန်..တရားမ၀င်ခိုးထွက်သူကတော့ သူတပါးနိုင်ငံမှာ..ကျွန်သာသာ အလုပ် လုပ်။ လမင်းတောင်ငေးပြီး ချစ်သူကိုမလွမ်းနိုင်တဲ့ဘဝ ..စာနာကြည့်ကြပေါ့ဗျာ။

နအဖ နဲ့ သူတို့ ရဲ့ သားမယားတွေကျ..နိုင်ငံဘဏ္ဍာတွေ က ကျခံထားတဲ့ ညစာစားပွဲတွေ မှာ..ခိုးထားတဲ့ blood Ruby တွေ. စိန်တွေ ၀တ်. ပိုးလုံချည် တရွှမ်းရွှမ်း..ဖင်ပြောင်နေအောင်.၀တ်ပြီးရှိုးပြ နေတာ..တရားပါရဲ့ လားဗျာ..

သေဆုံးသူတွေ ကောင်းရာဘုံလားပါစေ ဘဲဆုတောင်းပေးရုံဘဲပေါ့

Traffic accident kills 18, wounds 23 migrants in Turkey
Eighteen people died when a truck carrying illegal immigrants veered off the road and rolled into a ditch in northwestern Turkey on Sunday, a local official told the Anatolia Agency (AA).

Twenty-three others were injured in the accident near the town of Malkara in the Tekirdag province, governor Aydin Nezih Dogan told AA.

Most of the victims were immigrants from Burma and officials are trying to identify them and that efforts were underway to assess the nationality of the illegal migrants, Dogan also said.

Time machine ကို မြန်မာ ပြည်က ပထမဦးဆုံးအောင်မြင်စွာထွင်လိုက်နိုင်ပြီ



စောစောက သန်းရွှေ ကိုယ်ရံတော်ဆိုတဲ့ကောင် ဓါတ်ပုံကိုကြည့်လိုက်မိပါတယ်။

အဲဒီ ကောင်ကိုကြည့်ပါ အကောင်းစားနာရီနဲ့ ၀တ်ဆင်ထားတာက အမေရိကန် စစ်တပ်ကို ပုံတူကို အတင်းရော
အဓမ္မရော ကူး ချပစ်လိုက်တဲ့ သန်းရွှေ ကြီး ရဲ့ စိတ်တိုင်းကျ ဆင်ယဉ်ပေးသနားထားပုံဖြစ်ပါတယ်။


စက်တင်ဘာမှာ ဂျပန်သတင်းထောက်ကို ပစ်သတ်သွားတဲ့ စစ်သားကို သတိထားမိမှာပါ
သူနဲ့ မတန် တဲ့ ယူနီဖောင်း ညစ်ပေပေ စုတ်ပြတ်ပြတ်ကို ၀တ်ရင်း ခြေညှပ်ဖိနပ်နဲ့ အဟာရမပြည့်တဲ့ရုပ်နဲ့။

နှိုင်းယှဉ်ကြည့်ပါ ။

မြန်မာ့တပ်မတော် ရဲ့ စစ်သား ချင်း အတူတူတောင်မှ သန်းရွှေ အနား က ဖင်လျှက်ဆားဖြူး အနားပြာ လုပ် ပေးနေတဲ့ ကောင်တွေနဲ့ သာမာန် စစ်သား တူပါသလား ။

မြန်မာ့တပ်မတော် က စစ်သားတိုင်းမပြောနဲ့ ဗိုလ်ပေါက်စ တောင် အဲဒီကောင်လို ၀တ်နိုင်ဆင်နိုင် နေနိုင်စားနိုင်ပါ့မလား။

ရှင်းပါတယ် သန်းရွှေဟာ သူ့အနား က ကိုယ်ရံတော်တပ်ကို ပဲ စစ်သားထင်တာ သူ့ တပ်မတော်လို့ သတ်မှတ်တာ ဖြစ်တယ်။ သန်းရွှေနဲ့ သန်းရွှေ ကို နာခံတဲ့  ကောင်တွေ သာ ကောင်းစား အောင်မြင်နေတာဖြစ်တယ်။

ဟေ့ကောင်ထိပ်ပြောင် ဖင်လေး သိန်းစိန်..........ဟေ့ကောင် ငပေါ ကျောက်ရူး ကျော်ဆန်း.... ဟေ့ကောင် ခွေးမသား ငပွား ခင်ရီ ....ဆိုတာနဲ့ လေးဖက်ကလေး ပြေးထောက် တအီအီ အော် အမြီးက ပေါ်ပေါ်ထင်ထင် မထွက်လာတော့ သူ တို့ခမျာ ဖင်ကို ယမ်းရတာ ခါနေတာပေါ့ ။ သန်းရွှေ ရှေ့ မှာ အဲလို လေးဖက် ထောက် တအီအီအော် ဖင်ကို ခါးချိအောင် ယမ်း နေနိုင်တဲ့ကောင်တွေ သာလျှင် လူလူသူသူ ၀၀လင်လင် စားသောက် ကြွယ်ဝ ချမ်းသာကြတာပါ။

သံသယတော့ဖြစ်မိပါတယ် ခုအချိန်မှာ ၀၀ မဲမဲ အပေါက်ဆိုး ဆိုး ပုပြတ်ပြတ် နံစော်စော် အသက်ကြီးပြီးအချိန်မစီး ပဲ ငါးမိနစ် တခါ ဖင် ပြန် ကုတ်နေတဲ့ သေခါနီးကြီးတယောက်ဟာ ၀ုန်း ဆို စစ်ယူနီဖောင်းဝတ် ပုခုံးပေါ် ကြေးကြယ်သီးတွေ ဘရာစိုနဲ့ပွတ်ပြီး စီတင် ကြိုက်တဲ့ စစ်တပ် စစ်ဌာနချုပ်ကို ၀င် ပြီး ဟေ့ကောင်တွေ ခွေးမသားတွေလို့ ခပ်ကျယ်ကျယ် အော်လိုက်ရင်တော့ ..............

Time machine ကို မြန်မာ ပြည်က ပထမဦးဆုံးအောင်မြင်စွာထွင်လိုက်နိုင်ပြီလို့ တောင် ကမ္ဘာက သံသယရှိနိုင်ပါတယ်။ ဘာကြောင့်ဆိုတော့ အဲဒီ တပ်စခန်း ဌာနချုပ်ထဲမှာရှိတဲ့  ယူနီဖောင်းဝတ်မှန်သမျှ
လေးဖက်ကလေးတွေထောက် ဖင်ကလေးတွေယမ်း လျှာကလေးတွေ တွဲလွဲချလို့ တအီအီအော်နေကြမှာဖြစ်လို့ ပါပဲ ။ အဲဒီ အခါ Time machine ကို မတီထွင်နိုင်သေးပေမယ့် တော်သလင်းလကို တမုဟုတ်ချင်း ပြန်ရောက်သွားသလို ဖြစ်သွားနိုင်ပြီး ကျနော်တို့လဲ ကမ္ဘာမှာမြန်မာဟေ့လို့ အတုအယောင် Time machine နဲ့
တမွန်းတည့်လောက်တော့ ဂုဏ်ယူချင်ရင်တောင် အဆင်ပြေသွားနိုင်သေးတော့ဗျား.............။
ထိပ်တင်ကိုယ်တော်ထွား
http://komoethee.blogspot.com/

တပ်မတော်ဆေးရုံကိုတရုပ်ကိုရောင်း

တပ်မတော်ဆေးရုံကိုတရုပ်ကိုရောင်းလိုက်တော့ သန်းရွေကတော့ စင်္ကာပူဆေးရုံကို ကိုယ်ပိုင်ဂျက်လေယဉ်ပျံဝယ်ပြီးသွားတယ်။ တပ်မတော်သား အငြိမ်းစားယူပြီးတဲ့ဗိုလ်မှုးကြီးတွေ၊ လက်ရှိတပ်မတော်သားတွေ ဘယ်ဆေးရုံကိုသွားရတော့မလဲ
http://komoethee.blogspot.com/

Saturday, September 27, 2008


ဖန်တီးသူ Kyaw Swa Linn
Head of Foreign Affairs Bureau.NLD (LA) Korea Branch

ဆိုင်ကယ်မောင်မောင်နှင့် သူ၏ အိပ်မက်ဆိုးများ

အေးချမ်းမြေ့ | စက်တင်ဘာ ၂၆၊ ၂၀၀၈

“ငါ့ကိုမခေါ်နဲ့ …. မခေါ်ကြပါနဲ့” ဟူသော အသံနက်ကြီးကို ယမန်နှစ် နိုဝင်ဘာလလယ်ပိုင်း၊ တခုသောညက ဆိုင်ကယ် မောင်မောင်၏ အိမ်နီးနားချင်းများ အားလုံး စိတ်မချမ်းမြေ့ဖွယ်ရာ ကြားခဲ့ကြရသည်။

နောက်တနေ့ နံနက်တွင်တော့ သူ၏ အသက်မရှိတော့သော ခန္ဓာကိုယ်ကြီးကိုသာ သူ့အိပ်ရာထက်တွင် မြင်တွေ့ကြရ သည်ဟု အင်းစိန်မြို့နယ် ဖော့ကန်ရှိ သူ့အိမ်နား ပတ်ဝန်းကျင်တွင် နေထိုင်သူတို့က ပြောပြကြသည်။

“သူက စက်တင်ဘာ အရေးတော်ပုံတုန်းက ဘုန်းကြီးတွေကိုကော လူကြီးတွေကိုပါ အင်းစိန် ဂျီတီအိုင်ထဲမှာ ရိုက်ခဲ့ တာပေါ့ဗျာ” ဟု သူ့အိမ်နီးချင်း တဦးက ဆိုသည်။

ဆိုင်ကယ်မောင်မောင် ဆိုလျင် ဖော့ကန်တဝိုက်တွင် မသိသူမရှိ။ သူ့အမည်ရင်းက မောင်မောင်။ သို့သော်လည်း ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသောကြောင့် သူ့ကို ဆိုင်ကယ် မောင်မောင်ဟု ကွဲကွဲပြားပြားခေါ်ကြသည်။


“ပုံစံက အရပ်မြင့်မြင့်၊ ဘော်ဒီတောင့်တောင့်၊ နှုတ်ခမ်းမွေးနဲ့။ ကျော်ဟိန်းညီ ဇော်ဇော် တို့လိုပုံစံ” ဟု သူ့ကိုမြင်ဖူးသူ တဦးက ပုံဖော်ပြသည်။

ဆိုင်ကယ်မောင်မောင်ရဲ့ အပြင်ပန်းပုံစံက လူမိုက်တယောက်လို ဆိုပေမယ့် ရပ်ကွက်ထဲ တွင် ဆိုးသွမ်း မိုက်ကန်းနေသူ တယောက်တော့ မဟုတ်ပါ။ သို့သော်လည်း သူ့အကျိုး စီးပွားအတွက်ဆိုလျင် လက်ရဲဇက်ရဲ လုပ်ရဲကိုင်ရဲသူ တဦးဟုတော့ ဆိုရမည် ဖြစ်သည်။

“ကျနော့် ဆိုင်ကယ်ထဲက စက်ပစ္စည်းတွေတောင် ဖြောင်ဖူးတယ်ဗျ” ဟု သူနှင့် ဆက်ဆံ ဖူးသူတဦးက ပြောသည်။

ယခင်နှစ် စက်တင်ဘာ အရေးတော်ပုံကာလ မေတ္တာပို့ လမ်းလျှောက်ကြသည့် သံဃာများ နှင့် လူထုကို နှိမ်နင်းရန် “စွမ်းအားရှင်” ဆိုသည့် လက်ကိုင်တုတ် လူတန်းစားတရပ်ကို စစ် အာဏာရှင်များက ဖန်တီး မွေးထုတ်လိုက်ရာ ဆိုင်ကယ် မောင်မောင်သည်လည်း စွမ်းအားရှင် တဦးအဖြစ် ထိုဇာတ်လမ်းတွင် ပါဝင်ကပြခဲ့သည်။

စွမ်းအားရှင်ဆိုသည့် လူတန်းစားတွင် လက်ရဲဇက်ရဲ မိုက်ကမ်းရဲသူများသာ ပါဝင်သည်။ အပြစ်မရှိသည့် သံဃာနှင့် ပြည်သူ လူထုကို အသားလွတ် ရိုက်နှက်ကန်ကျောက်ဖို့ ဆိုသည်က အနည်းနှင့်အများ မိုက်မဲမှဖြစ်မည်။ ငွေရရုံ ဒါမှမဟုတ် အကျိုး စီးပွား တခုခုရရုံသက်သက်ဖြင့် တဖက်သားခိုင်းသမျှ ဆိုးဆိုးကောင်းကောင်း လုပ်ဖို့ဆိုသည်က ပုံမှန် အသိဥာဏ်ရှိသူ၊ စဉ်းစားတွေးခေါ်သူတို့ အတွက် မလွယ်လှ။

“ဆိုင်ကယ် မောင်မောင်က သိပ်ပြီး နလပိန်းတုံးတော့ မဟုတ်ဘူးဗျ။ လုံးဝ မတွေးတတ် မခေါ်တတ်တဲ့ သူမျိုးတော့ မဟုတ်ဘူး။ သူ့အကျိုးစီးပွားတခုခုကြောင့် ခိုင်းတာလုပ်ရင်း ကျွံသွားတာလို့ ထင်တယ်” ဟု သူနှင့် ဆက်ဆံဖူးသူတဦးက ပြောပြသည်။

ဆိုင်ကယ်မောင်မောင်၏ အဖြစ်အပျက်က တချို့သော အခွင့်အရေးမားများ၊ အကျင့်ပျက် ခြစားသူများ နည်းတူ သိပ်မထူး ဆန်းလှ။ သူ့အပေါင်းအသင်းများက ရဲများ၊ စစ်သားများ နှင့် ကြံ့ဖွံ့များဖြစ်သည်။ ထိုသူများနှင့် သူက အပေးအယူရှိသည်။ ထို့ကြောင့်ပဲသူက စွမ်းအားရှင်တဦး ဖြစ်လာခဲ့သည်။ စွမ်းအားရှင် တဦးအဖြစ် စစ်အာဏာပိုင်များထံမှ လက်ကိုင်ဖုန်း ပါမစ် အပါအဝင် တခြားသော အခွင့်အရေးများရသည်။

အချုပ်မှာတော့ မနှစ်က ယခုလိုအချိန် စက်တင်ဘာ ၂၆ ရက်နေ့ အပြစ်မဲ့ သံဃာများနှင့် ပြည်သူလူထုကို ရိုက်နှက် နှိမ်နင်းရာမှာ ဆိုင်ကယ်မောင်မောင်ပါလာခဲ့တော့သည်။ သူ့ အိမ်နီးချင်းများ၏ အဆိုအရ ဆိုင်ကယ်မောင်မောင့် လက်ချက်ဖြင့် သံဃာတပါး ပျံလွန် တော်မူရသည်ဟု သိရသည်။

သူ့ပုံကို ဂြိုဟ်တု ရုပ်မြင်သံကြားသတင်းများတွင် မြင်ရသည်ဟုလည်း ဆိုသည်။ ထိုသတင်း များတွင် သူက သံဃာများနှင့် လူထုကို ရက်ရက်စက်စက် ရိုက်နှက်နေသည်ကို မြင်ရသည် ဟု သူ့အိမ်နီးချင်းများက ပြော သည်။

အဲဒီနောက်မှာတော့ သူ့ပတ်ဝန်းကျင်က သူ့ကို စက်ဆုပ်ရွံ့ရှာကုန်ကြသည်။ ဗုဒ္ဓဘာသာဝင် တဦးဖြစ်လျှက် နှင့် လက်နက်မဲ့ သံဃာများကို ရိုက်ရက်သော ဆိုင်ကယ်မောင်မောင်ကို မည်သူတ ဦးတယောက်ကမှ အခေါ်အပြောမလုပ်ချင်ကြတော့။

ကောလာဟလများကလည်း ပျံ့နှံ့နေသည်။ အစိုးရက စက်တင်ဘာ အရေးတော်ပုံတွင် ပါဝင်သည့် သံဃာများနှင့် လူထုကို နှိမ်နင်းရန် တာဝန်ပေးထားသော စစ်သားများ၊ ရဲများ၊ ကြံ့ဖွံ့များနှင့် စွမ်းအားရှင် များကို မူးယစ်ဆေးတချို့ ကျွေးထားသည် ဟူ၍ဖြစ်၏။ ဟုတ်မ ဟုတ်တော့မသိ။ ထိုသတင်း မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဆိုင်ကယ်မောင်မောင်ကို ပတ်ဝန်း ကျင်က လုံးဝကြဉ်လိုက်ကြပြီဖြစ်သည်။

တကိုယ်တည်း အထီးကျန်ဘဝဖြင့် ပတ်ဝန်းကျင်နှင့်ကင်းကွာစွာ နေခဲ့ရသော ဆိုင်ကယ် မောင်မောင်မှာ စက်တင်ဘာ သံဃာများနှင့် လူထုကို နှိမ်နင်းအပြီး ၆ ပတ်ခန့်အကြာတွင် ထူးဆန်းစွာ သေဆုံးခဲ့တော့သည်။

ပတ်ဝန်းကျင်ကတော့ သူ့ကို သရဲဖမ်းစားသည်ဟုပြောကြသည်။ နိုဝင်ဘာတညတွင် သူ့ကို ခွေးမည်းကြီး တကောင်က ခုန်အုပ်ကာ ကိုက်ခဲသဖြင့် လဲကျခဲ့ရသည်ဟု ဆိုသည်။ သို့ရာတွင် ပတ်ဝန်းကျင်ရှိ မည်သူ တစုံတဦးကမှ ထိုခွေးမည်းကြီး ကိုမတွေ့လိုက်ကြ။ သူ့ပတ်ဝန်းကျင်တွင် မည်သည့်ခွေး တကောင်မျှ မရှိဟု ဆိုကြသည်။

အဲဒီနောက်တွင်တော့ သူ့ပတ်ဝန်းကျင်က “ငါ့ကိုမခေါ်ကြပါနဲ့ … မခေါ်ကြပါနဲ့” ဟူသော ဆိုင်ကယ် မောင်မောင်၏ အသံနက်ကြီးကို စိတ်မချမ်းမြေ့ဖွယ်ရာ ကြားကြရတော့၏။

ကျန်ရစ်သူမိသားစုက ဆိုင်ကယ်မောင်မောင်၏ အသုဘအတွက် သရဏဂုံတင်ရန် ဒေသခံ သံဃာတော်များ ကို ပင့်ဆောင်၍ မရရှိခဲ့ပေ။ တခြားသော ဒေသမှသံဃာတော်များကို ပင့် ဆောင်ရာ၌လည်း အခက်အခဲ ဖြစ်နေကြသည်။ အသုဘကို ၁ ပတ်ကျော်သည်ထိ မချရဘဲ ဖြစ်နေခဲ့သည်။ ရက်အနည်းငယ် အကြာမှ သံဃာတချို့ကို ပင့်ဆောင်နိုင်ခဲ့ပြီး အသုဘ အခမ်းအနား ကျင်းပခဲ့ရသည်ဟု သိရသည်။

ဆိုင်ကယ်မောင်မောင်၏ အသုဘအခမ်းအနားကို သူမသေခင်က ကြဉ်ခဲ့ကြသော ဖော့ကန် တရပ်ကွက်လုံး က အထူး အဆန်းသဖွယ် လိုက်ပါပို့ဆောင်ကြသဖြင့် သင်္ချိုင်းပင် လျှံထွက် သွားခဲ့သည်။ သို့ရာတွင် သူ့ဝိဥာဉ် ကတော့ အထီးကျန် စိတ်ကို ခံစားရင်း သေဆုံးခဲ့ရခြင်းဖြစ်သည်။

“သူက နည်းနည်း စဉ်းစားတွေးခေါ်တတ်တဲ့သူဆိုတော့ စိတ်ထဲမှာတနုံ့နုံ့ခံစားရင်း စိတ္တဇ ဖြစ်သွားတာ။ သရဲခေါ်သွားတာ လည်း မဟုတ်ဘူး၊ တခြားရောဂါကြီးတွေ ခံစားရတာလည်း မဟုတ်ဘူး၊ သူ့ရဲ့အရိပ်က သူ့ကိုပြန်သတ်သွားတာ” ဟု ဆိုင်ကယ်မောင်မောင်၏ အိမ်နီးချင်း တဦးကပြောပြသည်။

ဆိုင်ကယ်မောင်မောင်ကဲ့သို့သော ထိတ်လန့်တုန်လှုပ်နေသည့် အထီးကျန်ဝိဥာဉ်များက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် လူသတ်စစ်အာဏာရှင်များ၏ အိပ်မက်များထဲကို ညစဉ်လည်ပတ်ရင်း ခြောက်လှန့်နေကြ သည်ဟု ဆိုလျင် မည်သူမျှ ငြင်းဆိုလိမ့်မည် မဟုတ်ပေ။ ။http://www.irrawaddy.org/bur/print/Articles2008/September/14.html