Tuesday, June 22, 2010

ဒေါ်စုပုံ ခြေထောက်နဲ့ ကန်တဲ့  လောက်ကောင်



Friday, June 11, 2010

တာချီလိတ်က သတင်း

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ ကြံ့ဖွံ့အသင်းမှ မကာဟိုခမ်းရပ်ကွက် ဥက္ကဌ ဦးစိုင်းအောင်ခမ်း သည်

(၁) ၁၀.၅.၂၀၁၀ တွင် မကာဟိုခမ်းရပ်ကွက် တကြောတွင် လေမုန်တိုင်းကြီးစွာ တိုက်ခတ်ခံခဲ့ရာ ပျက်စီးသွားသော အဆောက်အအုံများကို ပြုပြင်ရန်အတွက် အထက်လူကြီးများမှမှ ထောက်ပံ့ငွေချပေးခဲ့ပါသည်။ ထိုထောက်ပံ့ငွေကို

လေဘေးခံရသူများဘက်ကို မျှမျှတတ မပေးပဲ ၎င်းနှင့် သိသူခင်သူကိုသာ ဦးစားပေး၍ ပေးဝေပြီး၊ တစ်ကယ် အပျက်စီးခံရသော ရပ်ကွက်သားများမှာ ထောက်ပံ့ငွေ မရပဲ ရှိနေပါသည်။ ထို့အပြင် ထောက်ပံ့ငွေ တစ်ဝက်ကိုလည်း ငွေပိုဟု သတ်မှတ်ကာ

၎င်းမှ သိမ်းထားမည်ဟုဆိုကာ ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲနေသည်။


(၂) မကာဟိုခမ်းရပ်ကွက်တွင် နာရေးကူညီမူအသင်း ဟုရည်ရွယ်ကာ နာရေးအဆောက်အဦးကို ဆောက်လုပ်နေပါသည်။ ဆောက်လုပ်နေသည်မှာလည်း ကြာနေပါပြီ။ နာရေးအဆောက်အဦးကို မဆောက်ခင်ကတည်းက အဆောက်အဦးအတွက်

အလှူငွေဆိုပြီး ကောက်ခံနေသည်မှာ ယခုထိဖြစ်ပါသည်။ အလှူငွေများလည်း အပြည့်အ၀ရရှိနေသော်လည်း အဆောက်အဦးမှာ တစ်ဝက်တစ်ပျက်သာဖြစ်နေပါသည်။ ဧည့်စရင်းလာတိုင်သူများ၊ ထောက်ခံစာလာယူသူများကိုလည်း

နာရေးအဆောက်အဦးအတွက် အလှူငွေထည့်ထားပါအုံးဟုဆိုကာ တောင်းခံနေပါသည်။ မကာဟိုခမ်းရပ်ကွက် ဥက္ကဌ ဦးစိုင်းအောင်ခမ်းသည် မျောက်ပြ၍ ဆန်းတောင်းနေသကဲ့သို့ဖြစ်နေပါသည်။


(၃) မီးသတ်ဦးစီးဌာနမှ ပြုလုပ်သော အရန်မီးသတ်သင်တန်းအတွက် ဟုဆိုကာ တစ်အိမ်ကို ဘတ်၄၀ နှုန်းဖြင့် ကောက်ခံနေပါသည်။ အမှန်မှာ မီးသတ်ဦးစီးဌာနမှ ရပ်ကွက်အတွင်း ၎င်းသင်တန်းအတွက် ငွေများကို ကောက်ခံခိုင်းခြင်းမပြုပါ။

သို့သော်လည်း ဦးစိုင်းအောင်ခမ်းမှာ အခွင့်အရေးရသည်နှင့်အညီ ငွေများကို ကောက်ခံနေသည်။


(၄) ဥက္ကဌ ဦးစိုင်းအောင်ခမ်း သည် ရံဖန်ရံခါ၌ အရက်များမူး၍ ရပ်ကွက်အတွင်း ပတ်ကာ ဆူဂေါက်ကာ အာဏာပြနေပါသည်။


တာချီလိတ်မြို့တွင် ရပ်ကွက် ဥက္ကဌလုပ်လိုပါက ရိုးရိုးရပ်ကွက်သားအနေဖြင့် မရပါ။ ကြံ့ဖွံ့သင်းဝင်မှ ရပါသည်။ ကြံ့ဖွံ့အသင်းဝင်ရာတွင်လည်း တာချီလိတ်မြို့မှ ကြံ့ဖွံ့ခေါင်းဆောင် ဦးဘိုစံ နှင့် ရင်းနှီးမှ ရပ်ကွက်ဥက္ကဌ ပြုလုပ်ခွင့်ရှိသည်။ ယခု

မကာဟိုခမ်း ဥက္ကဌ ဦးစိုင်းအောင်ခမ်းသည် ကြံ့ဖွံ့ခေါင်းဆောင် ဦးဘိုစံအား ပေးကမ်း၍ ယခင်ဥက္ကဌ ဦးအောင်ထိုက်အား ဖြုတ်ချကာ ၎င်းက မကာဟိုခမ်း ဥက္ကဌရာထူးကို အရယူခဲ့ပါသည်။ ယခုဥက္ကဌသည် ခေါင်းဆောင်မှုအပိုင်း၊ စရင်းပိုင်း၊

စီမံခန့်ခွဲမှုအပိုင်းကို လုံးဝ(လုံးဝ)ကိုမတတ်ပါ။ ၎င်းတတ်သည်မှာ အာဏာပြ၊ ငွေကောက်ဖို့သာတတ်ပါတော့သည်။

မကာဟိုခမ်းရပ်ကွက်သူ/သား ထဲမှ မခံမရပ်နိုင်တော့သဖြင့် အများသိအောင် ရင်ဖွင့်လိုက်ပါတယ်

တာချီလိတ်မှ
-ဆားပုလင်း-
Rest of your post

Thursday, June 3, 2010

ချောက်ရေနံမြေမှ အထွေထွေမာန်နေဂျာ. (ဒု)ဗိုလ်မှုးကြီး ကျော်ဝင်းနဲ့ အုပ်ချုပ်ရေးဋ္ဌာနမှ စာရေးမ ဒေါ်မြမြသိန်း တို့ရဲ့လိမ်လည်မှု...

.ministry of energy myanmar
စွမ်းအင်ဝန်ကြီးဋ္ဌာန ချောက်ရေနံမြေမှာရှိတဲ့ .. မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဋ္ဌာနမှ အထွေထွေမာန်နေဂျာ. (ဒု)ဗိုလ်မှုးကြီးကျာ်ဝင်းနဲ့ အုပ်ချုပ်ရေးဋ္ဌာနမှ စာရေးမ ဒေါ်မြမြသိန်းတို့နှစ်ဦးရဲ့ မသိနားမလည်တဲ့ တောင်သူတွေကို လိမ်လှည် လှည့်ဖျားပြီး ငွေတွေ ယူသွားတဲ့အကြောင်း ရေးသား ပေးပို့လာတာကို ပြန်လည် တင်ပြလိုက်ပါတယ်။

ချောက်ရေနံမြေရဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဋ္ဌာနမှ အကြီးဆုံးတာဝန်ရှိသူဖြစ်တဲ့ အထွေထွေမာန်နေဂျာ. (ဒု)ဗိုလ်မှုးကြီး ကျော်ဝင်းနဲ့ အုပ်ချုပ်ရေးဋ္ဌာနမှ စာရေးမ ဒေါ်မြမြသိန်းတို့ နှစ်ဦးပေါင်းပြီး စွမ်းအင်ဝန်ကြီးဋ္ဌာနမှာ အလုပ်သမားတွေ လိုအပ်တယ်... အလုပ်ခန့်မယ်။ မိန်ကလေးဖြစ်ဖြစ် ယောင်္ကျားလေးဖြစ်ဖြစ် ဝန်ထမ်းအဖြစ်ခန့်အပ်မယ်.... ဆိုပြီး.... အနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေမှာ ရှိတဲ့ တောင်သူများအား အထွေထွေမာန်နေဂျာ (ဒု)ဗိုလ်မှုးကြီးကျော်ဝင်းမှ ဒေါ်မြမြသိန်းအား လိုက်လံ စည်းရုံးခိုင်းပါတယ်။ တလလစာငွေ ၈သောင်းနဲ့ ၁သိန်းကြားမှာ..ရမယ်.... အထွေထွေ မာန်နေဂျာမှ ဝန်ထမ်းအဖြစ် ခန့်အပ်ပေးမယ့် အတွက်ကြောင့် တစ်ဦးကို ၅သိန်းပေးရမယ်။ ဝန်ကြီးနဲ့ လူကြီးတွေကို ပေးရမှာ ဖြစ်ကြောင်း ဒေါ်မြမြသိန်းမှ ယုံကြည်အောင် လိုက်လံ စည်းရုံးပါတယ်။

မသိနားမလည်တဲ့ ရိုးသားတဲ့ ရွာသူရွာသား (၆)ဦးမှ ဝန်ထမ်းကိုယ်တိုင် လာရောက်စည်းရုံးတဲ့ အတွက်ကြောင့် ယုံကြည်ပြီး နှမ်းတွေရောင်း၊ ပဲတွေရောင်း၊ ယာတွေရောင်းပြီး ရှိစုမယ့်စု ငွေ(၅)သိန်းစီကို ဝန်ထမ်းအဖြစ် ခန့်အပ်ခံရမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပေးအပ်လိုက်ကြပါတယ်။ နေ့ရွှေ့၊ ညရွှေ့ အလုပ်လဲမရ အချိန်တွေ ကြာလာတာနဲ့ အမျှ ဘာသတင်းမှ မကြားရတဲ့ အတွက် ငွေပေးထားတဲ့ တောင်သူ (၆)ဦးမှ မြို့ပေါ်တက်ပြီး အလုပ်ရမရ မေးမြန်း စုံစမ်းရာမှာ ထို(ဒု)ဗိုလ်မှုးကြီးကျော်ဝင်းနဲ့ စာရေးမမြမြသိန်းတို့မှ မောက်မာရိုင်းစိုင်းစိုင်း စကားများဖြင့် ဆဲရေးတိုင်းတာပြီး မောင်းထုတ်ပါတယ်။ တောင်သူတွေမှာ ရှိစုမယ့်စု ငွေလည်းဆုံးရှုံး ၊ရိုင်းရိုင်းစိုင်းစိုင်းလည်း ပြောခံရ သက်ဆိုင်ရာကို တိုင်ချင်ပေမယ့်လည်း (ဒု)ဗိုလ်မှုးကြီးဆိုတဲ့ အရှိန်အဝါနဲ့ ယူနီဖောင်းကို ကြောက်ရွံပြီး တရားစွဲဖို့လည်းမလွယ် ... မြို့ပေါ်တစ်ခေါက် တစ်ခေါက်တက်ဖို့လည်း စားရိတ်စားက မတတ်နိုင် ဖြစ်နေကြောင်း.. ဆုံးရှုံးသွားတယ့် ငွေအတွက်ကော ..နောက်လူတွေလည်း ဒီလိုအဖြစ်မခံရအောင် အသိပေးစေလိုကြောင်း. ... ယခုအဖြစ်အပျက်ကို သက်ဆိုင်ရာမှ မေးမြန်းစုံစမ်း ဖြေရှင်းပေးစေလိုကြောင်း လိမ်လည်ခံရသူ တောင်သူများမှ အရှင်ဓမ္မရာဇာမှ တစ်ဆင့် ရေးသားပေးပို့လာပါတယ်။