Friday, August 31, 2007

စစ်အစိုးရလက်ဝေခံအိမ်များသို့ ဆွမ်းခံမကြွရန် တိုက်တွန်းနှိုးးဆော်

ရိုးမ ၃။ သြဂုတ် ၂၉၊ ၂၀၀၇

ပြည်သူအကြပ်အတည်းများအတွက် ဆန္ဒဖော်ထုတ်ခဲ့သူများကို အကြမ်းဖက် ရိုက်နှက်ခဲ့သည့် စစ်အစိုးရလက် ဝေ ခံအိမ်များသို့ ဆွမ်းခံမကြွရန် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့သာမဂ္ဂီ အဖွဲ့က တိုက်တွန်းနှိုးဆော်လိုက်သည်။

နိုင်ငံအနှံ့ လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်လာသည့်အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်အစိုးရ ဖွဲ့စည်းထားသည့် ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းကြောင့် ယခုကဲ့သို့ တိုက်တွန်း နှိုးဆော်ခဲ့ခြင်းဖြစ်သည်။

မသူတော်တရား မထွန်းကားမှီ သူတော်တရား အားမနည်းမှီ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ရန် ပြည်တွင်း ပြည်ပ သံဃာတော်အရှင်မြတ်များနှင့် ပြည်သူတို့အား အဆိုပါ တောင်းဆိုချက်တွင် ဖော်ပြခဲ့သည်။

စစ်အစိုးရ အာဏာတည်မြဲရေးအား ထောက်ခံ၍ ပြည်သူအချင်းချင်း ရိုက်နှက်ဟန့်တားခဲ့ကြ သည့် ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့ဝင်များ၏ နေအိမ်များသို့ ဆွမ်းခံမကြွခြင်း၊ တရားဒေသနာ ဟောပြောမှုမလုပ်ခြင်း၊ သာရေး နာရေး လူမှုရေးဆောင်ရွက်ချက်တို့အား ရှောင်ကြဉ်ခြင်းဖြင့် သပိတ်မှောက်ကံဆောင်ရန် သံဃာ့သာမဂ္ဂီအဖွဲ့က တိုက်တွန်းနှိုးဆော်ခဲ့သည်။

စစ်အစိုးရအကြီးအကဲဆိုသူများက တည်ဆဲဥပဒေဟုဆိုကာ ဗုဒ္ဓဘာသာဂုဏ်ကို မထောက်ပဲ ညှဉ်းပမ်း နှိပ်စက် ခြင်းအမျိုးမျိုး၊ ဖမ်းဆီးခြင်း၊ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းတို့အားလည်း ကန့်ကွက်ရန်လိုအပ်ပြီး ညီညွတ် မျှတသော ဥပဒေပေါ်ပေါက်ရန် ၀ိုင်းဝန်ကြိုးပမ်းကြရန်လည်း တိုက်တွန်းခဲ့သည်။

အဆိုပါ သံဃာ့သာမဂ္ဂီအဖွဲ့ချုပ်က ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ချက်တစောင်ကိုလည်း ကြေညာခဲ့ရာ ဖမ်းဆီး ထိန်း သိမ်းခြင်းခံနေရသည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ချက်ခြင်း လွှတ်ပေးရန်တောင်းဆိုထား ပြီး စစ်အစိုးရ၏ အာဏာတည်မြဲအောင် လုပ်ဆောင်မှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားသည်။

ထို့အပြင် မတရားသော လုပ်ရပ်များ ရပ်တန့်ရေး၊ တရားမျှတသော လူထုလှုပ်ရှားမှုများ ပေါ်ပေါက်လာ ရေးအ တွက် ငြိမ်းချမ်းသောနည်းဖြင့် တောင်းဆိုသည့် လုပ်ရပ်တိုင်းကို စဉ်ဆက်မပြတ် ထောက်ခံအားပေးသွားမည်ဟု ကြေညာခဲ့သည်။

ကြားဖြတ်သတင်းများ..

ရန်ကုန်မြို.နယ်အချို.တွင် ကြံ့ဖွံ့များကို ရှောင်ဖယ်နေကြောင်း၊ အရင် ခင်မင်ရင်းနှီးသော စွမ်းအားရှင် မိတ်ဆွေများကိုပင် အတွေ့မခံကြတော့ကြောင်း၊ ရပ်ကွက်အချို.တွင် သံဃာတော်များက ကြံ့ဖွံ့၊ စွမ်းအားရှင်တို. နေအိမ်များကို ဆွမ်းခံခြင်းမပြုတော့ကြောင်း သိရသည်။

link http://satedat.blogspot.com/2007/08/blog-post_2432.html

လောက်ကောင်..အမှတ် (၅)







လောက်ကောင်..အမှတ် (၄)


လောက်ကောင်..အမှတ် (၃)


လောက်ကောင်..အမှတ် (၂)








သိသူရှိ..ကဖြေပေးပါ။.

လောက်ကောင်..အမှတ် (၁)
















လောက်ကောင်(၁)က
ထွန်းလှစိန်( ဗဟန်းမြို့နယ် မ၀တ ရုံး)
နေထိုင်။ ။ ဗဟန်းမြို့နယ် သာ့သနာရိပ်သာဘေးက အောင်သစ္စာရပ်ကွက်




စွမ်းအားရှင်နှင့်  ကြံ့ ဖွတ်များ အလိုရှိသည်။


ယနေ့ မှစပြီိးရန်ကုန်မြို့ ထဲလူစည်ကားရာနေရာတွင်ရပ်ထားသည့် မသင်္ကာဘွယ်ရာ ဒိုင်နာကားများ၊တခြား ကားများကို နံပါတ်နဲ့ တကွမှတ်ပြီး အွန်လိုင်းပေါ်တင်ပေးကြပါရန်လှုံ့  ဆော်အပ်ပါသည်။

ကြံဖွတ်နဲ့ စွမ်းအားရှင်များသုံးသည့် လိုင်းကားဒိုင်နာများ ဘယ်ချောင်ဘယ်နားမှာရပ် ထားသည်။ လူအင်အား ဘယ်လောက်ဘယ်လိုပုံစံပါသည်၊ အခြေအနေ ကဘယ်လိုစသည်ဖြင့် ၀ိုင်းဝန်းသတင်းပေးခြင်းဖြန့် ချီခြင်း ပြုကြပါစို့ ၊။

ကိုယ်ကျိုးစွန့် လွတ်ပြီး လမ်းလျှောက်နေသော ညီအစ်ကိုမောင်နှမများအတွက်ကြိုတင်သိရှိပြီး သတိထားနိုင်ရန် ကျွန်တော်တို့ ဖက်မှအတတ်နိုင်ဆုံး ကူညီရန်အစီအစဉ်ဖြစ်ပါသည်။

ဖြစ်နိုင်မည်ဆိုပါလျှင် ကားနံပါတ် အမျိုးအစားနဲ့ အရောင်၊ မထသဘယ်လိုင်းကဖြစ်သည် ဆိုတာပါ တိတိကျကျ နှင့်  ဓါတ်ပုံပါ ဖေါ်ပြပေးနိုင်ရင် အကောင်းဆုံးဖြစ်သည်။

ရပ်ကွက်အတွင်းနေထိုင်သူများက လည်း ကျေးဇူးပြုပြီး မိမိတို့ ရပ်ကွက် အတွင်းရှိ ကြံ့ဖွတ်။ စွမ်းအားရှင် နဲ့ အခြား မသင်္ကာဘွယ် လူစုခြင်း၊ လူမိုက်များ အား ကားနဲ့ လာတင်ခြင်း၊ လှုပ်ရှားမှု သတင်းများကို သက်ဆိုင်ရာ ရပ် ကွက်အလိုက်တင်ပြကြပြီး၊ ဖြစ်နိုင်မည်ဆိုလျင် စွမ်းအားရှင်အနေနှင့်လိုက်ပါသူ နာမည် အိမ်လိပ်စာ၊ ကြံ့ဖွတ် နာမယ် အိမ်လိပ်စာ အခြေအနေ စာရင်းတို့ ကိုတင်ပေးပါ။

ဘလော့ခ် ပိုင်ရှင်များကလဲ တင်ပေးလာသော အချက်အလက်များကို သေချာစီစစ်ပြီး ဖြစ်နိုင်ရင် အပြန်အလှန် confirm လုပ် တိကျမှုကိုယူပြီး အမြန်ဆုံး ကူညီသတင်းဖြန့် ချီပေးပါ။

ကျွန်တော်တို့ ITသမားများကလဲ မှန်ကန်မြန်ဆန်တိကျတဲ့ သတင်းအထောက်အထား သက်သေခိုင်လုံ တဲ့ပုံများ စာများ ရသလောက်အမြန်ဆုံး စုဆောင်းပြီး တတပ်တအားဝိုင်းဝန်း ပါဝင်ကြပါစို့ ။

လမ်းလျှောက်ချီတက်လှုပ်ရှားမှုများကိုသက်ဆိုင်ရာသတင်းဌာနသတင်းထောက်ကရိုက်ယူမှာသေချာပါ သည်။ သို့ သော်ယင်းလမ်းလျှောက်သူများ ကိုသတ်ဖြတ်နှိပ်စက်ခြေမှုန်းရန် ယုတ်မာပက်စက်သည့် အကြံနဲ့ လုပ်နေ သည့် မည်သည့်အဖွဲ့ အစည်းမဆိုရဲ့ သတင်းများကို ကျွန်တော်တို့ အားလုံးမှ ၀ိုင်းဝန်းယူပေးခြင်းအားဖြင့်၊ သ တင်းလောကရဲ့ လိုအပ်ချက်။ ဒီမိုကရေစီ ပြန်ကြားရေး လောကရဲ့လိုအပ်ချက်ကိုအားလုံး တက်ညီ လက်ညီဝိုင်း ၀န်း ဖြည့်စည်း ကူညီကြပါစို့ ။

Blogပိုင်ရှင်များမှလည်းယခုတင်ပြသည်များကိုလက်ဆက်ကမ်းဖြန့်ဝေပြီး၊တခြားBlogများတွင်လည်းတင်ပြပေး ကြပါ။

အမြန်ဆန်ဆုံး အတိကျဆုံးနှင့် မိမိတို့ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ ကူညီဆောင်ရွက်ကြပါစို့ ။

နစ်နေမန်း

ပြည်သူ့ သစ္စာဖေါက်..စစ်အစိုးရ၏အာဏာ ပါးကွက်သားများအားနှိမ်နင်းကြ။

အသားထဲမှ ထွက်တဲ့လောက်များ..